[Zawgyi]

Qualcomm နဲ႕ Apple တို႔ ျဖစ္ပြားေနတဲ့ တရားရင္ဆိုင္မႈအရ တ႐ုတ္တရား႐ုံးက ေဒသတြင္းဆီ သတ္မွတ္ထားတဲ့ Apple ဖုန္းေတြတင္သြင္းေရာင္းခ်ျခင္းကို ပမာဏတားျမစ္ျခင္း ျပဳလုပ္လိုက္ပါတယ္။ ဒီတားျမစ္မႈထဲမွာ iPhoneX, iPhone 8, 8 Plus နဲ႔ အျခားေမာ္ဒယ္ေဟာင္းေတြျဖစ္တဲ့ 6s အထိ ပါဝင္သြားပါတယ္။

Apple ဟာ Qualcomm ရဲ႕ မူပိုင္ခြင့္ ႏွစ္ခုကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ တရား႐ုံးက ေတြ႕ရွိသတ္မွတ္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒီအရာေတြကေတာ့ ဓါတ္ပုံေတြကို အ႐ြယ္အစားျပန္လုပ္ျခင္းရယ္ Navigation Apps ေတြရယ္နဲ႔ ဆက္စပ္ေနတယ္လို႔ သိရပါတယ္။ Apple ကေတာ့ ဒါဟာ Software ပိုင္းဆိုင္ရာ မူပိုင္ခြင့္သာျဖစ္ၿပီး iOS 12 အေနနဲ႔ မူပိုင္ခြင့္ကို ခ်ိဳးေဖာက္ျခင္း မရွိေၾကာင္း အခိုင္အမာျငင္းဆိုခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံေဈးကြက္နဲ႔ပတ္သက္ၿပီးေတာ့လည္း တ႐ုတ္ႏိုင္ငံအတြက္ က်န္ရွိေနတဲ့ iPhone ေမာ္ဒယ္ေတြအကုန္လုံးကို ရရွိႏိုင္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ တားျမစ္မႈမွာ ၂၀၁၈ မ်ိဳးဆက္ iPhone ေတြထဲက iPhone XS, XS Max နဲ႔ XR တို႔က မပါဝင္ဘဲ ဆက္လက္ေရာင္းခ်လို႔ ရေနေသးတာေၾကာင့္ပဲ ျဖစ္ပါတယ္။

လက္ရွိအမႈကေတာ့ Qualcomm နဲ႔ Apple တို႔ အေမရိကန္တရား႐ုံးမွာ ျဖစ္ပြားတဲ့အမႈ ျဖစ္ေပမယ့္ တ႐ုတ္ႏိုင္ငံနဲ႔ အေမရိကန္တို႔ရဲ႕ ကုန္သြယ္ေရးစစ္ပြဲအျပင္ လက္တေလာ ထိုးႏွက္တိုက္ခိုက္ခံေနရတဲ့ တ႐ုတ္စမတ္ဖုန္းကုမၸဏီ Huawei အေၾကာင္းသတင္းေတြေၾကာင့္ iPhone ေတြကို တ႐ုတ္ႏိုင္ငံတြင္း ေရာင္းဝယ္မႈ ကန႔္သတ္ပိတ္ပင္လိုက္ျခင္းက ပိုၿပီးအာ႐ုံစိုက္စရာ သတင္းတစ္ပုဒ္လို ျဖစ္ေနပါေတာ့တယ္။

Ref: GSMarena

 

[Unicode]

Qualcomm နဲ့ Apple တို့ ဖြစ်ပွားနေတဲ့ တရားရင်ဆိုင်မှုအရ တရုတ်တရားရုံးက ဒေသတွင်းဆီ သတ်မှတ်ထားတဲ့ Apple ဖုန်းတွေတင်သွင်းရောင်းချခြင်းကို ပမာဏတားမြစ်ခြင်း ပြုလုပ်လိုက်ပါတယ်။ ဒီတားမြစ်မှုထဲမှာ iPhoneX, iPhone 8, 8 Plus နဲ့ အခြားမော်ဒယ်ဟောင်းတွေဖြစ်တဲ့ 6s အထိ ပါဝင်သွားပါတယ်။

Apple ဟာ Qualcomm ရဲ့ မူပိုင်ခွင့် နှစ်ခုကို ချိုးဖောက်ခဲ့တယ်လို့ တရားရုံးက တွေ့ရှိသတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအရာတွေကတော့ ဓါတ်ပုံတွေကို အရွယ်အစားပြန်လုပ်ခြင်းရယ် Navigation Apps တွေရယ်နဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ Apple ကတော့ ဒါဟာ Software ပိုင်းဆိုင်ရာ မူပိုင်ခွင့်သာဖြစ်ပြီး iOS 12 အနေနဲ့ မူပိုင်ခွင့်ကို ချိုးဖောက်ခြင်း မရှိကြောင်း အခိုင်အမာငြင်းဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံဈေးကွက်နဲ့ပတ်သက်ပြီးတော့လည်း တရုတ်နိုင်ငံအတွက် ကျန်ရှိနေတဲ့ iPhone မော်ဒယ်တွေအကုန်လုံးကို ရရှိနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်နိုင်ငံရဲ့ တားမြစ်မှုမှာ ၂၀၁၈ မျိုးဆက် iPhone တွေထဲက iPhone XS, XS Max နဲ့ XR တို့က မပါဝင်ဘဲ ဆက်လက်ရောင်းချလို့ ရနေသေးတာကြောင့်ပဲ ဖြစ်ပါတယ်။

လက်ရှိအမှုကတော့ Qualcomm နဲ့ Apple တို့ အမေရိကန်တရားရုံးမှာ ဖြစ်ပွားတဲ့အမှု ဖြစ်ပေမယ့် တရုတ်နိုင်ငံနဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲအပြင် လက်တလော ထိုးနှက်တိုက်ခိုက်ခံနေရတဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီ Huawei အကြောင်းသတင်းတွေကြောင့် iPhone တွေကို တရုတ်နိုင်ငံတွင်း ရောင်းဝယ်မှု ကန့်သတ်ပိတ်ပင်လိုက်ခြင်းက ပိုပြီးအာရုံစိုက်စရာ သတင်းတစ်ပုဒ်လို ဖြစ်နေပါတော့တယ်။

Ref: GSMarena