တရုတ်အစိုးရ အနေနဲ့ နိုင်ငံအတွင်း Cryptocurrency ရောင်းဝယ် ဖောက်ကားမှု အားလုံးကို ပိတ်ဆို့ပစ်ရန် အတွက် အခုအချိန်ကစပြီး နိုင်ငံခြားမှ Cryptocurrency Trading Website အားလုံးကို တရုတ် နိုင်ငံအတွင်း ကနေ အသုံးပြုခွင့် မရအောင် ပိတ်ဆို့သွားတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Cryptocurrency Trading Apps တွေကိုလည်း App Stores ကနေ ဖယ်ရှားပစ်တော့မှာ ဖြစ်ပါတယ်။

Financial News ရဲ့ ဖေါ်ပြချက်များ အရ ယခုကိစ္စကို တရုတ် နိုင်ငံသားများ ဗဟိုဘဏ် မှ ကိုင်တွယ်သွားမှာ ဖြစ်ပြီး Cryptocurrency ကျဆုံးခန်းမှာ တရုတ် ပြည်သူ ပြည်သားများ နစ်နာမှု မရှိစေရန် နှင့် Digital Coins ခေတ်စားလာမှုကို အမြစ်ပြတ် ချေမှုန်းပစ်ရန် အတွက် ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံ ပြင်ပ က Cryptocurrency Trading Platform တွေမှာ Digital Coin ရောင်းဝယ် ဖောက်ကားနေတဲ့ တရုတ် နိုင်ငံသူ နိုင်ငံသား အားလုံးကိုလည်း ပြင်းထန်စွာ အရေးယူသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က စတင်ပြီး တရုတ်အာဏာပိုင်တွေအနေနဲ့ နိုင်ငံတွင်း Cryptocurrency Trading ကုမ္ပဏီ တော်တော်များများကို ဖျက်သိမ်းပစ်ခဲ့တာကြောင့် တရုတ်ပိုင် Cryptocurrency ရှယ်ယာ ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်း ကနေ ၁ ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

အခုလို Cryptocurrency Trading နဲ့ ပတ်သတ်ပြီး ပြင်းထန်တဲ့ ဥပေဒေတွေ ပြဌာန်း လိုက်တာကြောင့် တရုတ်နိုင်ငံမှ Cryptocurrency Trader တွေ အနေနဲ့ ဟောင်ကောင်၊ ဂျပန် စတဲ့ ပြည်ပ နိုင်ငံတွေမှာ Cryptocurrency Trading ကို လုပ်ဆောင်နေကြ ရတယ်လို့ သိရပါတယ်။

အခုလို နိုင်ငံခြား Cryptocurrency Trading Website တွေ Apps တွေကို ဖယ်ရှားပစ်ခဲ့တဲ့ အဓိက ရည်ရွယ်ချက်ကလည်း နိုင်ငံ ပြင်ပမှာ Cryptocurrency Trading လုပ်ဆောင်နေတဲ့ သူတွေကို ဖမ်းဆီး အရေးယူနိုင်ရန် အတွက်ပဲ ဖြစ်ပါတယ်။
အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့ Telecommunications ကုမ္ပဏီတွေနဲ့ လက်တွဲပြီး တရားမဝင် Digital Coins ရောင်းဝယ် ဖောက်ကားနေတဲ့ Websites တွေ Mobile Apps တွေ ကို ဖယ်ရှား သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ် အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံခြား Cryptocurrency Trading Platforms တွေ Website တွေကို လည်း အရေးယူသွားမှာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံသားများ ဗဟိုဘဏ် အနေနဲ့ Online ငွေပေးချေမှု ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေကို လည်း Cryptocurrency Trading အတွက် ငွေပေးချေမှု မရှိစေရန် ဂရုတစိုက် စောင့်ကြည့်ဖို့ အတွက် အမိန့်ပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ် ပြည်တွင်း Service Provider တွေအနေနဲ့ Cryptocurrency Trading မှာ ပါဝင် ပတ်သတ်ခဲ့မယ် ဆိုရင် မကြာသေးခင် အချိန်က Cryptocurrency Trading နဲ့ ပတ်သတ်ပြီး ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ နဲ့ ငြိစွန်း နေမှာ ဖြစ်တယ်လို့ သတိ ပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာ Cryptocurrency တွေထဲမှာ လူသုံးအများဆုံး Digital Coin တစ်ခုဖြစ်တဲ့ Bitcoin အနေနဲ့ 1 Bitcoin ကို ကန်ဒေါ်လာ ၈၁၇၆ အထိ ကျဆင်းလာပြီ ဖြစ်တဲ့ အပြင် တရုတ်နိုင်ငံ၊ တောင်ကိုးရီးယား နိုင်ငံ၊ အိန္ဒိယ နိုင်ငံ တို့မှာ Cryptocurrency နဲ့ ပတ်သတ်တဲ့ စည်းမျဉ်း စည်းကမ်း တွေကို စတင် ပြဌာန်း လာပြီ ဖြစ်တာကြောင့် Cryptocurrency ခေတ်စားမှုတွေ တဖြည်းဖြည်းနဲ့ ကွယ်ပျောက် လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

REF: Gadget.Ndtv