[Zawgyi]

Solid-state ဘက္ထရီေတြဟာ ဒီေခတ္ အီလက္ထေရာနစ္အတြက္ေတာ့ ဘုရားေပးတဲ့ ဆုလာဘ္ ျဖစ္လာႏိုင္ပါတယ္။ သူတို႔ေတြဟာ အျမန္အားသြင္းႏိုင္ဖို႔၊ အၾကာႀကီးအသုံးခံဖို႔ဆိုတဲ့ အခုေခတ္ေတာင္းဆိုေနတဲ့ အခ်က္ေတြကို ေျဖရွင္းႏိုင္မယ့္ အလားအလာရွိေနလို႔ပါပဲ။

လက္ရွိအခ်ိန္အထိေတာ့ Solid-state ဘက္ထရီေတြကို စီးပြားျဖစ္ အလုံးလိုက္အရင္းလိုက္ ထုတ္လုပ္ႏိုင္ဖို႔ အခ်ိန္အတိုင္းအတာတစ္ခု လိုအပ္ေနတုန္း ျဖစ္ပါတယ္။ ထုတ္လုပ္မႈနယ္ပယ္တြင္းက ထြက္လာတဲ့ သတင္းတစ္ခုမွာေတာ့ တ႐ုတ္ရဲ႕ ကုမၸဏီတစ္ခုက အလုံးလိုက္အရင္းလိုက္ ထုတ္ႏိုင္မယ္ နည္းလမ္းကိုေတြ႕ရွိထားတယ္လို႔ သိရပါတယ္။

Qing Tao Energy Development Co. လို႔ အမည္ရတဲ့ ကုမၸဏီဟာ Solid-state ဘက္ထရီေတြကို စီးပြားျဖစ္ ထုတ္လုပ္သြားဖြယ္ ရွိေနတာပါ။ ဒီကုမၸဏီေလးဟာ တစ္ႏွစ္ကို 100MWh worth of cells ထုတ္လုပ္ေနခဲ့တာလည္း ျဖစ္ပါတယ္။ သူတို႔ဟာ လာမယ့္ ၂၀၂၀ မွာ 700MWh ထုတ္လုပ္သြားဖို႔ ရည္႐ြယ္ေနတယ္လို႔ သိရပါတယ္။

ယူနစ္တစ္ခုတိုင္းရဲ႕ စြမ္းအင္သိပ္သည္းဆက 400Wh/kg ျဖစ္တာေၾကာင့္ ေနာက္ဆုံးမ်ိဳးဆက္ Lithium-ion ဘက္ထရီထက္ ၃၀% ပိုတယ္လို႔ ဆိုရမွာပါ။ Lithium-ion ရဲ႕ ပ်မ္းမွ် ႏႈန္းထားက 250-300Wh/kg ျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိ ၾကားသိရတဲ့ သတင္းမွာ တ႐ုတ္ကုမၸဏီအေနနဲ႔ ဘယ္လိုမ်ိဳးဆက္လုပ္သြားမယ္ဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကို မပါဝင္ေသးတာေၾကာင့္ ပိုၿပီးျပည့္စုံတဲ့ အခ်က္အလက္ေတြရဖို႔ ႀကိဳးစားေနတုန္း ျဖစ္ပါတယ္။

Ref: GSMarena

 

[Unicode]

Solid-state ဘက်ထရီတွေဟာ ဒီခေတ် အီလက်ထရောနစ်အတွက်တော့ ဘုရားပေးတဲ့ ဆုလာဘ် ဖြစ်လာနိုင်ပါတယ်။ သူတို့တွေဟာ အမြန်အားသွင်းနိုင်ဖို့၊ အကြာကြီးအသုံးခံဖို့ဆိုတဲ့ အခုခေတ်တောင်းဆိုနေတဲ့ အချက်တွေကို ဖြေရှင်းနိုင်မယ့် အလားအလာရှိနေလို့ပါပဲ။

လက်ရှိအချိန်အထိတော့ Solid-state ဘက်ထရီတွေကို စီးပွားဖြစ် အလုံးလိုက်အရင်းလိုက် ထုတ်လုပ်နိုင်ဖို့ အချိန်အတိုင်းအတာတစ်ခု လိုအပ်နေတုန်း ဖြစ်ပါတယ်။ ထုတ်လုပ်မှုနယ်ပယ်တွင်းက ထွက်လာတဲ့ သတင်းတစ်ခုမှာတော့ တရုတ်ရဲ့ ကုမ္ပဏီတစ်ခုက အလုံးလိုက်အရင်းလိုက် ထုတ်နိုင်မယ် နည်းလမ်းကိုတွေ့ရှိထားတယ်လို့ သိရပါတယ်။


Qing Tao Energy Development Co. လို့ အမည်ရတဲ့ ကုမ္ပဏီဟာ Solid-state ဘက်ထရီတွေကို စီးပွားဖြစ် ထုတ်လုပ်သွားဖွယ် ရှိနေတာပါ။ ဒီကုမ္ပဏီလေးဟာ တစ်နှစ်ကို 100MWh worth of cells ထုတ်လုပ်နေခဲ့တာလည်း ဖြစ်ပါတယ်။ သူတို့ဟာ လာမယ့် ၂၀၂၀ မှာ 700MWh ထုတ်လုပ်သွားဖို့ ရည်ရွယ်နေတယ်လို့ သိရပါတယ်။

ယူနစ်တစ်ခုတိုင်းရဲ့ စွမ်းအင်သိပ်သည်းဆက 400Wh/kg ဖြစ်တာကြောင့် နောက်ဆုံးမျိုးဆက် Lithium-ion ဘက်ထရီထက် ၃၀% ပိုတယ်လို့ ဆိုရမှာပါ။ Lithium-ion ရဲ့ ပျမ်းမျှ နှုန်းထားက 250-300Wh/kg ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ကြားသိရတဲ့ သတင်းမှာ တရုတ်ကုမ္ပဏီအနေနဲ့ ဘယ်လိုမျိုးဆက်လုပ်သွားမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို မပါဝင်သေးတာကြောင့် ပိုပြီးပြည့်စုံတဲ့ အချက်အလက်တွေရဖို့ ကြိုးစားနေတုန်း ဖြစ်ပါတယ်။

Ref: GSMarena