Zawgyi

Xiaomi ကေတာ့ သူ႔ဖုန္းေတြ အတြက္ Software Update ေတြ တစ္ခုျပီး တစ္ခု ထုတ္ေပးေနပါျပီ။ Android Pie ဆိုတာ 2018 Flagship Android အသံုးျပဳသူတိုင္း လည္ပင္းရွည္ေလာက္ေအာင္ ေစာင့္ေမွ်ာ္ေနၾကတဲ့ အရာတစ္ခုျဖစ္ျပီး Pixel, Motorola, OnePlus နဲ႔ တစ္ခ်ိဳ႕ Android One ဖုန္းေတြကလြဲလို႔ တစ္ျခား Flagship အသံုးျပဳသူေတြအတြက္ကေတာ့ ခ်က္ခ်င္းမရရွိခဲ့ပါဘူး။ Android Pie Update ရျပန္ေတာ့လည္း Error ေပါင္းေသာင္းေျခာက္ေထာင္နဲ႔ စမ္းသပ္ Beta ဗားရွင္းေတြသာ ရခဲ့ပါတယ္။ Xiaomi ရဲ႕ Mi 8 ဆိုရင္လည္း Android Pie Update ဆိုတာ ဒီေန႔ပဲရမလို မနက္ဖန္ရေတာ့မလို သို႔ေလာသို႔ေလာနဲ႔ ေမွ်ာ္ခဲ့ရတဲ့ အရာပါ။ အခုေတာ့ ေစာင့္ခဲ့ရတဲ့ ေန႔ရက္ေတြက အတိတ္မွာ က်န္ခဲ့ပါျပီ။ Mi 8 အတြက္ Android Pie အေျခခံ MIUI Update တစ္ခုကို Xiaomi က ထုတ္ေပးလိုက္ပါျပီ။

အခု ထြက္ရွိလာတဲ့ Android Pie အေျခခံ MIUI Update မွာ Android ဗားရွင္းပဲေျပာင္းသြားတာမဟုတ္ပဲ Mi 8 အတြက္ သီးသန္႔ လုပ္ေဆာင္ခ်က္ အသစ္ေတြပါလာပါတယ္။ အဓိက လုပ္ေဆာင္ခ်က္အသစ္ေတြကေတာ့ ညဘက္မွာ ပိုလင္းျပီး ၾကည္လင္တဲ့ ပံုေတြ ရိုက္ကူးေစႏိုင္မယ့္ Night Mode နဲ႔ 960fps ရွိတဲ့ Super Slowmotion ပါပဲ။ Night Mode ဟာ Pixel 3 ရဲ႕ NightSight နဲ႔ သေဘာတရားခ်င္းတူျပီး အလင္းအားနည္းတဲ့ ညဘက္ အခ်ိန္မ်ိဳးမွာ AI ကေနျပီး ေမွာင္တဲ့ ေနရာေပၚလိုက္ျပီး Exposure (အလင္းပမာဏ) ကို ခ်ိန္ညွိေပးသြားမွာပါ။ 960fps Super Slowmotion ကေတာ့ တစ္စကၠန္႕ကို ဖရိန္ေပါင္း ၉၆၀ ဖမ္းယူေပးႏိုင္တာေၾကာင့္ မီးရွုးမီးပန္းလို အရာေတြကို ရိုက္ကူးတဲ့ အခါ အေတာ္ေလးလန္းတဲ့ အေႏွးကြက္နဲ႔ ဗီဒီယိုေတြကို ရရွိမွာပါ။

Mi 8 မွာ အသံုးျပဳထားတဲ့ ကင္မရာစနစ္ဟာ Mi Mix 3 ရဲ႕ ကင္မရာ စနစ္နဲ႔ အတူတူပဲျဖစ္ျပီး Xiaomi ရဲ႕ အဆိုအရ Mi Mix2s, Mi 8, Mi 8 Pro နဲ႔ Mi Mix 3 တို႔ရဲ႕ ကင္မရာ စနစ္ေတြဟာ အတူတူပဲ ျဖစ္တယ္လို႔ဆိုပါတယ္။ Mi Mix 3 ဟာ DXO Mark စာရင္းမွာ အေတာ္ေလးကို အမွတ္ေကာင္းျပီး Mi Mix 3 ရဲ႕ ကင္မရာ အရည္အေသြး အရမ္းေကာင္းရတဲ့ အခ်က္ဟာ Software Optimization ေၾကာင့္ျဖစ္ျပီး Mix 3 ရဲ႕ ကင္မရာ အရည္အသြးမ်ိဳးကို Mi 2s နဲ႔ Mi 8 တို႔မွာ ရရွိေအာင္ Software Update ေပးမယ္လို႔ေျပာထားဖူးပါတယ္။ အဲ့အခ်က္ေၾကာင့္ပဲ အခုထုတ္ေပးလိုက္တဲ့ Update ဟာ Mi 8 ရဲ႕ ကင္မရာ အရည္အေသြးကို ျမွင့္တင္ေပးသြားႏိုင္ပါတယ္။ ျပည္တြင္းမွာ ရွိတဲ့ Mi 8 တရုတ္ ဗားရွုင္း အသံုးျပဳေနတဲ့ သူေတြဆိုရင္ ဖုန္းရဲ႕ Setting ထဲကေန “About Phone” ထဲဝင္ျပီး “System Update” ကေနတစ္ဆင့္ Android Pie အေျခခံ Update ကို ျမွင့္တင္ႏိုင္ပါတယ္။

Ref: Xiaomi Today

Unicode

Xiaomi ကတော့ သူ့ဖုန်းတွေ အတွက် Software Update တွေ တစ်ခုပြီး တစ်ခု ထုတ်ပေးနေပါပြီ။ Android Pie ဆိုတာ 2018 Flagship Android အသုံးပြုသူတိုင်း လည်ပင်းရှည်လောက်အောင် စောင့်မျှော်နေကြတဲ့ အရာတစ်ခုဖြစ်ပြီး Pixel, Motorola, OnePlus နဲ့ တစ်ချို့ Android One ဖုန်းတွေကလွဲလို့ တစ်ခြား Flagship အသုံးပြုသူတွေအတွက်ကတော့ ချက်ချင်းမရရှိခဲ့ပါဘူး။ Android Pie Update ရပြန်တော့လည်း Error ပေါင်းသောင်းခြောက်ထောင်နဲ့ စမ်းသပ် Beta ဗားရှင်းတွေသာ ရခဲ့ပါတယ်။ Xiaomi ရဲ့ Mi 8 ဆိုရင်လည်း Android Pie Update ဆိုတာ ဒီနေ့ပဲရမလို မနက်ဖန်ရတော့မလို သို့လောသို့လောနဲ့ မျှော်ခဲ့ရတဲ့ အရာပါ။ အခုတော့ စောင့်ခဲ့ရတဲ့ နေ့ရက်တွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ Mi 8 အတွက် Android Pie အခြေခံ MIUI Update တစ်ခုကို Xiaomi က ထုတ်ပေးလိုက်ပါပြီ။

အခု ထွက်ရှိလာတဲ့ Android Pie အခြေခံ MIUI Update မှာ Android ဗားရှင်းပဲပြောင်းသွားတာမဟုတ်ပဲ Mi 8 အတွက် သီးသန့် လုပ်ဆောင်ချက် အသစ်တွေပါလာပါတယ်။ အဓိက လုပ်ဆောင်ချက်အသစ်တွေကတော့ ညဘက်မှာ ပိုလင်းပြီး ကြည်လင်တဲ့ ပုံတွေ ရိုက်ကူးစေနိုင်မယ့် Night Mode နဲ့ 960fps ရှိတဲ့ Super Slowmotion ပါပဲ။ Night Mode ဟာ Pixel 3 ရဲ့ NightSight နဲ့ သဘောတရားချင်းတူပြီး အလင်းအားနည်းတဲ့ ညဘက် အချိန်မျိုးမှာ AI ကနေပြီး မှောင်တဲ့ နေရာပေါ်လိုက်ပြီး Exposure (အလင်းပမာဏ) ကို ချိန်ညှိပေးသွားမှာပါ။ 960fps Super Slowmotion ကတော့ တစ်စက္ကန့်ကို ဖရိန်ပေါင်း ၉၆၀ ဖမ်းယူပေးနိုင်တာကြောင့် မီးရှုးမီးပန်းလို အရာတွေကို ရိုက်ကူးတဲ့ အခါ အတော်လေးလန်းတဲ့ အနှေးကွက်နဲ့ ဗီဒီယိုတွေကို ရရှိမှာပါ။

Mi 8 မှာ အသုံးပြုထားတဲ့ ကင်မရာစနစ်ဟာ Mi Mix 3 ရဲ့ ကင်မရာ စနစ်နဲ့ အတူတူပဲဖြစ်ပြီး Xiaomi ရဲ့ အဆိုအရ Mi Mix2s, Mi 8, Mi 8 Pro နဲ့ Mi Mix 3 တို့ရဲ့ ကင်မရာ စနစ်တွေဟာ အတူတူပဲ ဖြစ်တယ်လို့ဆိုပါတယ်။ Mi Mix 3 ဟာ DXO Mark စာရင်းမှာ အတော်လေးကို အမှတ်ကောင်းပြီး Mi Mix 3 ရဲ့ ကင်မရာ အရည်အသွေး အရမ်းကောင်းရတဲ့ အချက်ဟာ Software Optimization ကြောင့်ဖြစ်ပြီး Mix 3 ရဲ့ ကင်မရာ အရည်အသွးမျိုးကို Mi 2s နဲ့ Mi 8 တို့မှာ ရရှိအောင် Software Update ပေးမယ်လို့ပြောထားဖူးပါတယ်။ အဲ့အချက်ကြောင့်ပဲ အခုထုတ်ပေးလိုက်တဲ့ Update ဟာ Mi 8 ရဲ့ ကင်မရာ အရည်အသွေးကို မြှင့်တင်ပေးသွားနိုင်ပါတယ်။ ပြည်တွင်းမှာ ရှိတဲ့ Mi 8 တရုတ် ဗားရှုင်း အသုံးပြုနေတဲ့ သူတွေဆိုရင် ဖုန်းရဲ့ Setting ထဲကနေ “About Phone” ထဲဝင်ပြီး “System Update” ကနေတစ်ဆင့် Android Pie အခြေခံ Update ကို မြှင့်တင်နိုင်ပါတယ်။

Ref: Xiaomi Today