ချိုးနိုင်၊ ဖြန့်နိုင်တဲ့ စမတ်ဖုန်း

စမတ်ဖုန်းတွေ ပြုတ်ကျရင် ကွဲတယ်ဆိုတဲ့ ပြဿနာတွေ အနာဂတ်မှာရှိတော့မှာ မဟုတ်ပါဘူး။ စမတ်ဖုန်းတွေကို ချိုးနိုင်၊ဖြန့်နိုင်ပြီး အောက်ကျရင်မကွဲတဲ့ ပုံစံမျိုးနဲ့ ထုတ်လုပ်ဖို့ ကြိုးစားနေကြပါတယ်။

Portal လို့ခေါ်တဲ့ ချိုးနိုင်၊ဖြန့်နိုင်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ စမ်းသပ်ကြိုးစားနေကြပါတယ်။ အဲ့ဒီစမတ်ဖုန်းတွေက ရေအနက် ၁၀ မီတာ (၃၂.၈ ပေ) အထိကို သယ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအပြင် Smart Watch လိုမျိုး Fitness Tracker လိုမျိုးလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ရာသီဥတု အခြေအနေအလိုက် ပြောင်းလဲ ဖော်ပြပေးနိုင်တဲ့ စမတ်ဖုန်း

ဥပမာ ဒီနေ့ မိုးရွာမယ်ဆိုရင် စမတ်ဖုန်းရဲ့စခရင်မှာ ရေစက်လေးတွေ ပုံစံဖြစ်နေတာမျိုး၊ နေသာမယ်ဆိုရင် ကြည်လင်တဲ့ ပုံစံဖြစ်နေတာမျိုး စတဲ့ ရာသီဥတုအလိုက်ပြောင်းလဲ ဖော်ပြပေးနိုင်တဲ့ Application ကို ရေးဆွဲနေကြပါတယ်။

Electronic Senor Pan

Phree Pen ဆိုတဲ့ Electronic Senor Pan လေးက ကိုယ်ကြိုက်တဲ့နေရာမှာ ရေးချချ စမတ်ဖုန်းထဲမှာ အဲ့ဒီ ရေးလိုက်တဲ့စာမှတ်ထားမှာဖြစ်ပါတယ်။

ဒါကြောင့် စာရေးမှတ်တဲ့နေရာမှာ အသုံးဝင်တဲ့ ပစ္စည်းလေးပါ။

အလိုအလျောက်ဘာသာပြန်ပေးမယ့် နားကျပ်

ကိုယ်နဲ့ဘာသာစကား မတူတဲ့ အရပ်ဒေသကို သွားရောက်လည်ပတ်တဲ့အခါမှာ ဘာသာစကား အခက်အခဲက ကြီးမားပါတယ်။ ဒါကို ဖြေရှင်းပေဖို့အတွက် အလိုအလျောက်ဘာသာပြန်ပေးမယ့် နားကျပ်ကို တီထွင်နေပါတယ်။

အဲ့ဒီနားကျပ်က ဘာသာစကားကို ကြားလိုက်တာနဲ့သင်နားလည်နိုင်မယ့် ဘာသာစကားအဖြစ် ချက်ခြင်းပြန်လည်ပြောင်းပေးမှာဖြစ်ပါတယ်။ အခုတော့ ဒီနားကျပ်က တီထွင်နိုင်ဖို့ ကြိုးစားနေတုန်းပါဘဲ။

Copy and Paste လုပ်လို့ရတဲ့စက်

Copy and Paste ဆိုတဲ့စက်လေးက ကိုယ် Copy လုပ်ချင်တဲ့ ဘယ်အရာမဆို Copy လုပ်နိုင်ကာ ကိုယ်ကြိုက်တဲ့နေရာမှာ မင်ရည်ကိုအသုံးပြုပြီး Paste ချနိုင်ပါတယ်။

ဒီစက်ကလေးသာ တီထွင်နိုင်ခဲ့ရင် တော်တော်အသုံးဝင်မှာပါ။ အခုတော့ တီထွင်ဖို့ ကြိုးစားနေတုန်းပါဘဲ။