မျက်နှာပြင် ၃ ဖက်နဲ့ စမတ်ဖုန်း

စမတ်ဖုန်းတွေရဲ့ မျက်နှာပြင်တွေကလည်း တဖြည်းဖြည်းကြီးလာပါပြီ။ ဒါကြောင့် နောက်ပိုင်းမှာဆိုရင် မျက်နှာပြင်တွေခေါက်လို့ရတဲ့ ခေါက်ဖုန်းတွေ ဖြစ်လာနိုင်ပါတယ်။

အခုလက်ရှိတော့ မျက်နှာပြင် ၃ ဖက်နဲ့ စမတ်ဖုန်းတွေကို တီထွင်ဖို့ ကြိုးစားနေပါတယ်။

အပူပေးတဲ့ ဂျာကင်

Flexwarm ဂျာကင်က လူတွေ ချမ်းတတ်လေ့ရှိတဲ့ ရင်ဘတ်တွေ၊ လက်ကောက်ဝတ်နေရာတွေမှာ အပူပေးနိုင်ဖို့ တီထွင်ထားပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ အပူချိန် ကို စမတ်ဖုန်းနဲ့ ချိတ်ပြီး ထိန်းညှိလို့ရပါတယ်။

နေစွမ်းအင်နဲ့ အားသွင်းနိုင်တဲ့ Charger

Port ဆိုတဲ့ Charger  က နေစွမ်းအင်ကို အသုံးပြုပြီး စမတ်ဖုန်းကို အားသွင်းနိုင်ပါတယ်။ နေအလင်းရောင်ရရှိမယ့် မှန်၊ ပြတင်းပေါက်၊ ကားပြတင်းပေါက်တွေမှာ ကပ်ခွာလေးကို ကပ်လိုက်ပြီး အဲ့ဒီကပ်ခွာကနေတစ်ဆင့် လျှပ်စစ်စွမ်းအင်ပြောင်းလဲပေးကာ သင့်စမတ်ဖုန်းကို အားသွင်းနိုင်ပါတယ်။

ခေါက်လို့ရတဲ့ စမတ်ဖုန်း

စမတ်ဖုန်းမျက်နှာပြင်ကို ခေါက်ပြီး Bluetooth လို နားမှာ ချိတ်လို့ရအောင်ရော စမတ်ဖုန်းအဖြစ်အသုံးပြုလို့ရအောင်ရောပါ လုပ်ဆောင်လို့ရပါတယ်။ Kambala ဆိုတဲ့ အစီအစဉ်နဲ့ ဒီလို ခေါက်လို့ရတဲ့ စမတ်ဖုန်းကို တီထွင်လို့ရအောင် ကြိုးစားနေပါတယ်။

အစားအသောက်မှာပါဝင်တဲ့ ဓာတ်တွေကို Scan ဖတ်တဲ့စက်

ကျန်းမာရေးနဲ့ ညီညွတ်စွာစားသုံးချင်ရင် ကိုယ်စားမယ့် အစားအစာတွေထဲမှာ ဘာဓာတ်တွေပါလဲဆိုတာ သိထားသင့်ပါတယ်။

TellSpec ဆိုတဲ့ စက်ကလေးကို ကိုယ့်စမတ်ဖုန်းနဲ့ ချိတ်လိုက်ပြီး စားမယ့် အစားအစာတွေထဲမှာ ဘာတွေပါတယ်၊ ဘာဓာတ်တွေပါလဲဆိုတဲ့ အချက်အလက်တွေကို စမတ်ဖုန်းကနေ ကြည့်လို့ရပါတယ်။ ဒါကြောင့် အစားအသောက်လုံခြုံရေးအတွက် အရမ်းကောင်းမွန်တဲ့စက်လေးပါ။