Coolpad ကနေ အခုနောက်ပိုင်း စမတ်ဖုန်းတွေထုတ်တာအနည်းငယ်ရပ်ဆိုင်းသွားပြီးတော့ အခုနောက်ပိုင်း စမတ်ဖုန်းအသစ်တွေမထုတ်တာ အနည်းငယ်ကြာသွားပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Coolpad ကနေ Cool 2 စမတ်ဖုန်းအသစ်ကို ထုတ်လုပ်ခဲ့ပြီး Mid Range နဲ့ Budget ဖုန်းဈေးကွက်ထဲမှာ ဝင်ရောက်လာပါတယ်။

အခု Coolpad Cool 2 စမတ်ဖုန်းကို 5.7″ 18:9 Ratio HD+ Display ကို အသုံးပြုထားပြီးတော့ လှပတဲ့ Metal Body နဲ့ အသုံးပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည်ပိုင်းအနေနဲ့ကတော့ Mediatek MT6750 Chipset အသုံးပြုထားပြီးတော့ RAM 4GB နဲ့ 64GB Storage ပါဝင်လာမှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ Coolpad Cool 2 စမတ်ဖုန်းမှာ Dual Camera ပါဝင်လာမှာဖြစ်ပြီးတော့ 13MP + 0.3MP Back Camera နဲ့အတူ 8MP Selfie Camera ပါဝင်လာမယ်လို့ သိရပါတယ်။ Fingerprint Scanner နဲ့ Battery အတွက် 3200mAh Battery ပါဝင်မှာဖြစ်ပါတယ်။

Coolpad Cool 2 စမတ်ဖုန်းကို လောလောဆယ်မှာ ဈေးနှုန်းအတိအကျပြောကြားထားခြင်းမရှိသေးပေမယ့် ဒေါ်လာ ၁၅၀ နဲ့ ရောင်းချသွားမယ်လို့ သတင်းတွေထွက်ပေါ်လာနေပါတယ်။