Zawgyi

နည္းပညာတိုးတက္လာတာနဲ႔အမွ်ေနထိုင္မွုစနစ္ေတြတိုးတက္လာခဲ့တယ္။ နည္းပညာရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြလည္း အမ်ားအျပားရွိျပီး Headphones ေတြေၾကာင့္အၾကားအာရံုထိခိုက္ေနတဲ့ သူေတြလည္းတစ္ပံုၾကီးပါ။ Headphones ေတြေၾကာင့္ အၾကားအာရံုမထိခိုက္ရေလေအာင္ ဘယ္လိုဂရုစိုက္ရမလဲဆိုတာ ေျပာျပေပးသြားပါမယ္။

အေရးအၾကီးဆံုးအခ်က္က Volume ပါ။ အခ်ိန္ၾကာၾကာနားေထာင္မယ္ဆိုရင္ေတာ့ ကိုယ့္ Device က ဖြင့္ႏိုင္တဲ့ အက်ယ္ဆံုး Volume ရဲ႕ သံုးပံုတစ္ပံုသာထားသင့္ပါတယ္။ အဲ့ဒီ ပမာဏဟာ Equalizer ေတြရဲ႕ Effect ေတြကိုထည့္မတြက္ထားေသးပါဘူး။ Equalizer Effect ေတြထည့္ထားရင္ေတာ့ အဲ့ဒီထက္ ပိုေလ်ာ့ျပီးနားေထာင္သင့္ပါတယ္။
a
အျပင္သြားတဲ့အခါ ဘတ္စ္ကားေပၚမွာလို ဆူညံ့ေနတဲ့ေနရာမ်ိဳးမွာ သီခ်င္းသံေသခ်ာမၾကားရတဲ့အတြက္ Volume ကိုအဆံုးထိတင္တာမ်ိဳးမလုပ္သင့္ပါဘူး။ အျပင္က ဆူညံ့တဲ့ အသံေရာ သီခ်င္းသံပါေပါင္းျပီး အၾကားအာရံုကို ထိခိုက္ေစႏိုင္ပါတယ္။

အေျခခံအားျဖင့္ Headphones ႏွစ္မ်ိဳးႏွစ္စားရွိပါတယ္။ In-Ear လို႔ေခၚတဲ့ နားအတြင္းထဲထိထည့္ရတဲ့ အမ်ိဳးအစားနဲ႔ On-Ear လို႔ေခၚတဲ့ နားေပၚကအုပ္ျပီးနားေထာင္ရတဲ့ အမ်ိဳးအစားနဲ႔ပါ။

အခ်ိန္အတန္ၾကာသံုးတဲ့သူေတြအတြက္ကေတာ့ On-Ear Headphones ေတြကိုပဲသံုးေစခ်င္ပါတယ္။ In-Ear Headphones ေတြဟာ တပ္ဆင္အသံုးျပဳတာ ၾကာလာရင္ နားအတြင္းလွိုင္ေခါင္းကို Pressure (ဖိအား) သက္ေရာက္ေစတာေၾကာင့္ နားနာတာတို႔ ေရာင္တာလို႔ျဖစ္ႏိုင္ပါတယ္။

In-Ear Headphones ေတြဟာ နားအတြင္းထဲထည့္ရတာေၾကာင့္ နားေထာင္ျပီးရင္ သန္႔ရွင္းတဲ့ေနရာေတြမွာသိမ္းထားသင့္တဲ့ ဘတ္တီးရီးယားပိုးမႊားေတြကပ္တြယ္ႏိုင္တာမို႔ နားထဲျပန္ထည့္တဲ့အခါ ေသခ်ာသန္႔ရွင္းျပီးမွ ထည့္သင့္ပါတယ္။ အျပင္သြားတဲ့အခါ Alcohol Pad ေလးေတြေဆာင္ထားရင္ေတာ့ပိုေကာင္းပါတယ္။

ေနာက္ဆံုးတစ္ခ်က္အေနနဲ႔ အရည္အေသြးေကာင္းတဲ့ Headphones ေတြပဲဝယ္ယူပါ။ အရည္အေသြးမေကာင္းတဲ့ Headphones ေတြဟာ ေသခ်ာခ်ိန္ညွိမထားတဲ့အတြက္ အသံအရည္အေသြးလည္းမေကာင္းသလို Frequency ေတြကမညီပဲ တစ္ခ်ိဳ႕ Frequency ေတြက အရမ္းျမင့္ေနတက္လို႔ အၾကားအာရံုထိခိုက္ႏိုင္ပါတယ္။ ဒီအခ်က္ေလးေတြလိုက္နာရင္ေတာ့ Headphones, Earphones ေတြနဲ႔ သီခ်င္းနားေထာင္တဲ့အခါ အၾကားအာရံုမထိခိုက္ႏုိုင္ေတာ့ပါဘူး။

Unicode

နည်းပညာတိုးတက်လာတာနဲ့အမျှနေထိုင်မှုစနစ်တွေတိုးတက်လာခဲ့တယ်။ နည်းပညာရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း အများအပြားရှိပြီး Headphones တွေကြောင့်အကြားအာရုံထိခိုက်နေတဲ့ သူတွေလည်းတစ်ပုံကြီးပါ။ Headphones တွေကြောင့် အကြားအာရုံမထိခိုက်ရလေအောင် ဘယ်လိုဂရုစိုက်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။

အရေးအကြီးဆုံးအချက်က Volume ပါ။ အချိန်ကြာကြာနားထောင်မယ်ဆိုရင်တော့ ကိုယ့် Device က ဖွင့်နိုင်တဲ့ အကျယ်ဆုံး Volume ရဲ့ သုံးပုံတစ်ပုံသာထားသင့်ပါတယ်။ အဲ့ဒီ ပမာဏဟာ Equalizer တွေရဲ့ Effect တွေကိုထည့်မတွက်ထားသေးပါဘူး။ Equalizer Effect တွေထည့်ထားရင်တော့ အဲ့ဒီထက် ပိုလျော့ပြီးနားထောင်သင့်ပါတယ်။

အပြင်သွားတဲ့အခါ ဘတ်စ်ကားပေါ်မှာလို ဆူညံ့နေတဲ့နေရာမျိုးမှာ သီချင်းသံသေချာမကြားရတဲ့အတွက် Volume ကိုအဆုံးထိတင်တာမျိုးမလုပ်သင့်ပါဘူး။ အပြင်က ဆူညံ့တဲ့ အသံရော သီချင်းသံပါပေါင်းပြီး အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။

အခြေခံအားဖြင့် Headphones နှစ်မျိုးနှစ်စားရှိပါတယ်။ In-Ear လို့ခေါ်တဲ့ နားအတွင်းထဲထိထည့်ရတဲ့ အမျိုးအစားနဲ့ On-Ear လို့ခေါ်တဲ့ နားပေါ်ကအုပ်ပြီးနားထောင်ရတဲ့ အမျိုးအစားနဲ့ပါ။

အချိန်အတန်ကြာသုံးတဲ့သူတွေအတွက်ကတော့ On-Ear Headphones တွေကိုပဲသုံးစေချင်ပါတယ်။ In-Ear Headphones တွေဟာ တပ်ဆင်အသုံးပြုတာ ကြာလာရင် နားအတွင်းလှိုင်ခေါင်းကို Pressure (ဖိအား) သက်ရောက်စေတာကြောင့် နားနာတာတို့ ရောင်တာလို့ဖြစ်နိုင်ပါတယ်။

In-Ear Headphones တွေဟာ နားအတွင်းထဲထည့်ရတာကြောင့် နားထောင်ပြီးရင် သန့်ရှင်းတဲ့နေရာတွေမှာသိမ်းထားသင့်တဲ့ ဘတ်တီးရီးယားပိုးမွှားတွေကပ်တွယ်နိုင်တာမို့ နားထဲပြန်ထည့်တဲ့အခါ သေချာသန့်ရှင်းပြီးမှ ထည့်သင့်ပါတယ်။ အပြင်သွားတဲ့အခါ Alcohol Pad လေးတွေဆောင်ထားရင်တော့ပိုကောင်းပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ အရည်အသွေးကောင်းတဲ့ Headphones တွေပဲဝယ်ယူပါ။ အရည်အသွေးမကောင်းတဲ့ Headphones တွေဟာ သေချာချိန်ညှိမထားတဲ့အတွက် အသံအရည်အသွေးလည်းမကောင်းသလို Frequency တွေကမညီပဲ တစ်ချို့ Frequency တွေက အရမ်းမြင့်နေတက်လို့ အကြားအာရုံထိခိုက်နိုင်ပါတယ်။ ဒီအချက်လေးတွေလိုက်နာရင်တော့ Headphones, Earphones တွေနဲ့ သီချင်းနားထောင်တဲ့အခါ အကြားအာရုံမထိခိုက်နိုင်တော့ပါဘူး။