Valve ရဲ႕ Counter Strike: Global Offensive ဂိမ္းဟာ ပုံမွန္အားျဖင့္ ၁၅ ေဒၚလာနဲ႔ ဝယ္ယူေဆာ့ကစား ရတဲ့ ဂိမ္းျဖစ္ေပမယ့္ Valve က သူတုိ႔ရဲ႕ ဂိမ္းပလက္ေဖာင္း Steam ေပၚမွာ အခမဲ့ ဗားရွင္းတစ္ခုကို ထုတ္ေပးလိုက္ပါတယ္။ Download လုပ္ဖို႔အတြက္ Steam စတုိးေပၚက CS: GO စာမ်က္ႏွာကို သြားျပီး ေအာက္ကို Scroll လုပ္လုိက္ရင္ မဝယ္ရေသးတဲ့ လူေတြအတြက္ Free Edition ကို Install Game လုပ္ႏုိင္တာ ေတြ႕ရမွာပါ။

အခမဲ့ CS: GO ဗားရွင္းမွာ ကစားသူေတြဟာ Bot လုိ႔ေခၚတဲ့ ကြန္ပ်ဴတာ AI ေတြနဲ႔ ေဆာ့ကစားႏုိင္မွာ ျဖစ္ျပီး ျပိဳင္ပြဲေတြကိုလည္း တုိက္ရုိက္ၾကည့္ရႈခြင့္ရွိမွာျဖစ္ပါတယ္။ ဒါေပမယ့္ မာလ္တီပေလယာအျဖစ္ အျခား ကစားသူေတြနဲ႔ ေဆာ့ကစားခ်င္ရင္ေတာ့ လုိင္စင္ဗားရွင္းကို အရင္ေစ်းနဲ႔ပဲ ဝယ္ယူ Upgrade လုပ္ရမွာပါ။

LAN နက္ဝပ္နဲ႔ Offline ေဆာ့လို႔ေရာ ရႏုိင္မလားလို႔ ေမွ်ာ္လင့္မိတဲ့ ကစားသူေတြအတြက္ေတာ့ စိတ္မေကာင္းစရာပါပဲ။ Valve ဟာ အခမဲ့ဗားရွင္းမွာ မာလ္တီပေလယာ လုံးဝေဆာ့လုိ႔ မရေအာင္ ျပဳလုပ္ထားျပီး အခုခ်ိန္ထိ LAN နက္ဝပ္နဲ႔လည္း ေဆာ့လို႔မရပါဘူး။ လူသား ပေလယာေတြနဲ႔ ကစားခ်င္ရင္ ဂိမ္းကို ဝယ္ကို ဝယ္ရမွာပါ။

Unicode

Valve ရဲ့ Counter Strike: Global Offensive ဂိမ်းဟာ ပုံမှန်အားဖြင့် ၁၅ ဒေါ်လာနဲ့ ဝယ်ယူဆော့ကစား ရတဲ့ ဂိမ်းဖြစ်ပေမယ့် Valve က သူတို့ရဲ့ ဂိမ်းပလက်ဖောင်း Steam ပေါ်မှာ အခမဲ့ ဗားရှင်းတစ်ခုကို ထုတ်ပေးလိုက်ပါတယ်။ Download လုပ်ဖို့အတွက် Steam စတိုးပေါ်က CS: GO စာမျက်နှာကို သွားပြီး အောက်ကို Scroll လုပ်လိုက်ရင် မဝယ်ရသေးတဲ့ လူတွေအတွက် Free Edition ကို Install Game လုပ်နိုင်တာ တွေ့ရမှာပါ။

အခမဲ့ CS: GO ဗားရှင်းမှာ ကစားသူတွေဟာ Bot လို့ခေါ်တဲ့ ကွန်ပျူတာ AI တွေနဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပြီး ပြိုင်ပွဲတွေကိုလည်း တိုက်ရိုက်ကြည့်ရှုခွင့်ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် မာလ်တီပလေယာအဖြစ် အခြား ကစားသူတွေနဲ့ ဆော့ကစားချင်ရင်တော့ လိုင်စင်ဗားရှင်းကို အရင်ဈေးနဲ့ပဲ ဝယ်ယူ Upgrade လုပ်ရမှာပါ။

LAN နက်ဝပ်နဲ့ Offline ဆော့လို့ရော ရနိုင်မလားလို့ မျှော်လင့်မိတဲ့ ကစားသူတွေအတွက်တော့ စိတ်မကောင်းစရာပါပဲ။ Valve ဟာ အခမဲ့ဗားရှင်းမှာ မာလ်တီပလေယာ လုံးဝဆော့လို့ မရအောင် ပြုလုပ်ထားပြီး အခုချိန်ထိ LAN နက်ဝပ်နဲ့လည်း ဆော့လို့မရပါဘူး။ လူသား ပလေယာတွေနဲ့ ကစားချင်ရင် ဂိမ်းကို ဝယ်ကို ဝယ်ရမှာပါ။