Dell ကနေ Mobile Connect လို့ခေါ်တဲ့ Application တစ်ခုထုတ်ပေးလိုက်ပြီဖြစ်ပြီး အဆိုပါ Application ရှိတာနဲ့ ဖုန်းနဲ့ PC ကို Sync လုပ်ပေးသွားမှာဖြစ်ပါတယ်။

အခု Application ဟာ ဖုန်းအဝင် Calls တွေ၊ Notifications တွေနဲ့ Message တွေကို ဖော်ပြပေးသွားမယ့်အပြင် ကွန်ပျူတာကနေလည်း အကြောင်းပြန်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စမတ်ဖုန်းမှာ ပေါ်နေတဲ့ Screen ကိုလည်း ကွန်ပျူတာမှာ ထပ်တူပေါ်နေအောင် ပြုလုပ်နိုင်တဲ့ Screen Mirroring စနစ်လည်း ပါဝင်မှာဖြစ်ပါတယ်။

အခု Dell ရဲ့ အခု Mobile Connect App ကနေ ပြုလုပ်နိုင်တဲ့ Features တွေဟာ Windows မှာပါဝင်တဲ့ Microsoft Cortana ကနေလည်း Notifications Sync လုပ်တာလောက်ကို Support ပြုလုပ်ထားတဲ့အတွက် အနည်းငယ်ပိုကွာခြားတာလောက်ကလွဲရင် သိပ်ပြီး မထူးခြားသေးဘူးလို့ပဲပြောရမှာပါ။

ဒါပေမယ့် Dell Mobile Connect ရဲ့ ထူးခြားချက်ကတော့ အခု Application ဟာ Android ဖုန်းမှာတင်မဟုတ်ပဲ Apple iPhone တွေနဲ့ပါ အလုပ်လုပ်မှာဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါက Apple ရဲ့ ထုံးစံအတိုင်း Apple Product တွေအချင်းချင်းမဟုတ်ရင် လက်မခံတတ်တဲ့အကျင့်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီးတော့ တကယ်လို့သာ Apple iPhone မှာလည်း အခု Features တွေကို အသုံးပြုနိုင်တယ်ဆိုရင် ဒါက Apple iPhone နဲ့ Windows PC အသုံးပြုနေတဲ့သူတွေအတွက် ဝမ်းသာစရာအချက်တစ်ခုဖြစ်လာမှာပါ။

အခုလိုမျိုး PC နဲ့ စမတ်ဖုန်း Sync လုပ်တဲ့ Features တွေက Dell က အရင်ဆုံးပြုလုပ်ခဲ့တာမျိုးမဟုတ်ပဲ Microsoft Cortana နဲ့ HP ကထုတ်လုပ်ထားတဲ့ Business-focused Laptops ၃ ခုမှာ အရင်ဆုံးပါဝင်ခဲ့တာဖြစ်ပါတယ်။