[Zawgyi]

Dell ဟာ အမ်ားပိုင္ကုမၸဏီအျဖစ္ ျပန္လည္ေျပာင္းလဲလိုက္ၿပီလို႔ ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၂၀၁၃ ခုႏွစ္တုန္းက Dell ကုမၸဏီ စီးပြားေရးက်ဆင္းမႈနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ ကုမၸဏီရဲ႕ CEO နဲ႔ တည္ေထာင္သူျဖစ္တဲ့ Michael Dell က Silver Lake ရင္းႏွီးျမႇဳပ္ႏွံေရးကုမၸဏီနဲ႔အတူ Dell ကို အေမရိကန္ေဒၚလာ ၂၅ ဘီလီယံနဲ႔ ဝယ္ယူၿပီး ပုဂၢလိကပိုင္အျဖစ္ အသြင္ေျပာင္းလဲခဲ့ပါတယ္။

ဒါေပမယ့္ ပုဂၢလိကပိုင္ျဖစ္ၿပီးေနာက္ ငါးႏွစ္တာကာလအတြင္းမွာ Dell ဟာ Cloud computing စီးပြားေရးနဲ႔ Gaming PC ေတြေၾကာင့္ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။ ဒါေၾကာင့္ ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းက Dell ကုမၸဏီအေနနဲ႔ စေတာ့ေဈးကြက္ကို ျပန္လည္ဝင္ေရာက္ခဲ့ၿပီး ကုမၸဏီအစုရွယ္ယာ တစ္စုကို ၄၆ ေဒၚလာႏႈန္းနဲ႔ ေဈးဖြင့္ေရာင္းခ်ခဲ့ပါတယ္။

Dell ဟာ အမ်ားပိုင္ကုမၸဏီအျဖစ္ ျပန္လည္ေျပာင္းလဲဖြယ္ရွိတယ္လို႔ ဒီ ၂၀၁၈ ခုႏွစ္ အေစာပိုင္းကတည္းက ထုတ္ျပန္ေၾကညာခဲ့ဖူးပါတယ္။ ဒီလိုမေၾကညာခင္မွာ Dell က VMware ရဲ႕ Tracking ရွယ္ယာေတြကို အေမရိကန္ေဒၚလာ ၂၄ ဘီလီယံနဲ႔ ဝယ္ယူခဲ့တာပါ။ ဒီေနာက္မွာေတာ့ Dell ဟာ Software business မွာ ၈၀ ရာခိုင္ႏႈန္းအထိ ပိုင္ဆိုင္လာခဲ့ပါတယ္။

စေတာ့ေဈးကြက္မွာ ရွိၿပီးသားရွယ္ယာေတြကို Dell က ဝယ္ယူခဲ့တာေၾကာင့္ အခုလို ကုမၸဏီကို အမ်ားပိုင္အျဖစ္ ျပန္လည္ေျပာင္းလဲရာမွာ ပုံမွန္ IPO လုပ္ငန္းစဥ္ကို လုပ္ကိုင္စရာမလိုေတာ့ဘဲ အလိုအေလ်ာက္ ေျပာင္းလဲခြင့္ရသြားခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Dell ရဲ႕ ရွယ္ယာ ၂၄ ရာခိုင္ႏႈန္းကို Silver Lake က ဆက္လက္ ပိုင္ဆိုင္ထားဆဲျဖစ္တယ္လို႔ သိရပါတယ္။ Michael Dell အေနနဲ႔လည္း ကုမၸဏီအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈသစ္ေတြကို ရွာေဖြႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

Dell ဟာ အများပိုင်ကုမ္ပဏီအဖြစ် ပြန်လည်ပြောင်းလဲလိုက်ပြီလို့ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက Dell ကုမ္ပဏီ စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရချိန်မှာ ကုမ္ပဏီရဲ့ CEO နဲ့ တည်ထောင်သူဖြစ်တဲ့ Michael Dell က Silver Lake ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီနဲ့အတူ Dell ကို အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံနဲ့ ဝယ်ယူပြီး ပုဂ္ဂလိကပိုင်အဖြစ် အသွင်ပြောင်းလဲခဲ့ပါတယ်။

ဒါပေမယ့် ပုဂ္ဂလိကပိုင်ဖြစ်ပြီးနောက် ငါးနှစ်တာကာလအတွင်းမှာ Dell ဟာ Cloud computing စီးပွားရေးနဲ့ Gaming PC တွေကြောင့် အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ သောကြာနေ့တုန်းက Dell ကုမ္ပဏီအနေနဲ့ စတော့ဈေးကွက်ကို ပြန်လည်ဝင်ရောက်ခဲ့ပြီး ကုမ္ပဏီအစုရှယ်ယာ တစ်စုကို ၄၆ ဒေါ်လာနှုန်းနဲ့ ဈေးဖွင့်ရောင်းချခဲ့ပါတယ်။

Dell ဟာ အများပိုင်ကုမ္ပဏီအဖြစ် ပြန်လည်ပြောင်းလဲဖွယ်ရှိတယ်လို့ ဒီ ၂၀၁၈ ခုနှစ် အစောပိုင်းကတည်းက ထုတ်ပြန်ကြေညာခဲ့ဖူးပါတယ်။ ဒီလိုမကြေညာခင်မှာ Dell က VMware ရဲ့ Tracking ရှယ်ယာတွေကို အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံနဲ့ ဝယ်ယူခဲ့တာပါ။ ဒီနောက်မှာတော့ Dell ဟာ Software business မှာ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်လာခဲ့ပါတယ်။

စတော့ဈေးကွက်မှာ ရှိပြီးသားရှယ်ယာတွေကို Dell က ဝယ်ယူခဲ့တာကြောင့် အခုလို ကုမ္ပဏီကို အများပိုင်အဖြစ် ပြန်လည်ပြောင်းလဲရာမှာ ပုံမှန် IPO လုပ်ငန်းစဉ်ကို လုပ်ကိုင်စရာမလိုတော့ဘဲ အလိုအလျောက် ပြောင်းလဲခွင့်ရသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Dell ရဲ့ ရှယ်ယာ ၂၄ ရာခိုင်နှုန်းကို Silver Lake က ဆက်လက် ပိုင်ဆိုင်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။ Michael Dell အနေနဲ့လည်း ကုမ္ပဏီအတွက် ရင်းနှီးမြှုပ်နှံမှုသစ်တွေကို ရှာဖွေနိုင်တော့မှာ ဖြစ်ပါတယ်။

Ref: The Verge