နာတာရှည် ဆီးချို ဝေဒနာရှင်များအတွက် အသုံးဝင်မယ့် Fitbit New Lonic စမတ်နာရီအသစ်ကို တီထွင်လိုက်ပါတယ်။

အဲ့ဒီ စမတ်နာရီက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ကလူးကို့စ် ပမာဏကို အမြဲ ကြည့်ရှုစစ်ဆေးနိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။၏

ကမ္ဘာပေါ်မှာ ဆီးချို ဝေဒနာရှင်ပေါင်း သန်း ၄၀၀ ကျော်ရှိပြီး ဒီနည်းပညာက ဆီးချို ဝေဒနာရှင်တွေကို နေထိုင်ရတာ အဆင်ပြေအောင် ကူညီပေးမှာပါ။

စမတ်နာရီရဲ့ ကလူးကို့စ် တိုင်းတဲ့ ဆင်ဆာက လက်ထဲမှာ ထည့်ထားပြီး ၅ မိနစ်တစ်ကြိမ် ကလူးကို့စ် ပမာဏကို ပြသပေးနေပါတယ်။

အဲ့ဒီအပြင် Dexcom G5 ဆိုတဲ့ ဆင်ဆာကို အင်္ကျီအောက် အသားမှာ ကပ်ထားရင် ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ဆီးချိုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စမတ်နာရီ သို့မဟုတ် စမတ်ဖုန်းကို တောက်လျောက် ပေးနေမှာဖြစ်ပါတယ်။

ဆီးချိုကို အမြဲတစေ စောင့်ကြည့်နိုင်တဲ့ Fitbit စမတ်နာရီကတော့ အတော်အတန် ဈေးကြီးပါတယ်။ အမေရိကန်ဒေါ်လာ ၃၀၀ ကနေ စတင်ပြီး Functions တွေ အပေါ်မူတည်ပြီး ဒေါ်လာ ၉၀၀ လောက်အထိ ရှိပါတယ်။