Zawgyi Font Version

Apple Fan ေတြေရာ Apple Fan မဟုတ္တဲ့ နည္းပညာသမားေတြေရာ စိတ္ဝင္စားေနၾကတဲ့ Apple Event ၾကီးကေတာ့ျပီးသြားပါျပီ။ ခန္႔မွန္းထားၾကတဲ့အတိုင္းပဲ Apple Watch Series 4 နဲ႔ အတူ iPhone အသစ္သံုးလံုးကို မိတ္ဆက္ျပသေပးခဲ့ပါတယ္။

iPhone အသစ္ေတြမွာ S Series ကိုျပန္လည္သံုးစြဲလာခဲ့ျပီး XS, XS Max နဲ႔ အတူေစ်းသက္သာတဲ့ XR ဆိုတဲ့ အေရာင္စံုလင္တဲ့ iPhone ေတြပါ မိတ္ဆက္ခဲ့တယ္။ iPhone XS နဲ႔ XS Max တို႔ဟာ ေစ်းအၾကီးဆံုး iPhone ေတြျဖစ္ျပီး XR ထက္ေတာ္ေတာ္ေလး ေစ်းမ်ားပါတယ္။ ဒါေပမယ့္ ဘယ္လိုေတြကြာေနလဲဆိုတာ ေျပာျပေပးသြားပါမယ္။

XS က (၉၉၉) ေဒၚလာ ရွိျပီး XS Max က (၁,၀၉၉) ေဒၚလာပါ။ XS နဲ႔ XS Max မွာ တစ္ခုတည္းေသာကြာျခားခ်က္က Screen Size ပါပဲ။ XS Max ဟာ ေျခာက္လက္မခြဲ OLED Display နဲ႔မို႔လို႔ ေျခာက္လက္မေတာင္မျပည့္တဲ့ XS ရဲ႕ Display ထက္သိသိသာသာပိုၾကီးပါတယ္။ အဲ့အတြက္ XS Max ဟာ ေဒၚလာတစ္ရာပိုေစ်းၾကီးပါတယ္။

အားလံုးသိၾကတဲ့ အတိုင္းပဲ iPhone XR ဟာ က်န္တဲ့ XS ႏွစ္လံုးထက္ေစ်းနည္းရတဲ့ အေၾကာင္းက ေစ်းသက္သာတဲ့ LCD Display ပဲသံုးထားျပီး Single Lens ပဲပါလို႔ပါ။ ေနာက္ျပီး XR ရဲ႕ Display ဟာ Dolby Vision လို႔ေခၚတဲ့ HDR 10 Content ေတြကို Support ္ေပးပါဘူး။

အမွန္ေတာ့ iPhone XR ရဲ႕ ကိုယ္ထည္က XS ေတြလို Stainless Steel မဟုတ္ပါဘူး။ Aluminum နဲ႔ပဲေဆာက္ထားလို႔ iPhone XS ေတြေလာက္ အၾကမ္းမခံပါဘူး။ iPhone XR မွာ 3D Touch ကိုလည္းျဖဳတ္ထားလို႔ 3D Touch Feature ေတြသံုးလို႔မရပါဘူး။ iPhone XR ရဲ႕ Water Resistance ကလည္း ေရေအာက္အနက္ တစ္မီတာထိပဲ ေရလံုတဲ့အတြက္ က်န္တဲ့ XS ႏွစ္လံုးေလာက္ ေရစိမ္မခံပါဘူး။

အျပင္ပန္းၾကီးရင္ေတာ့ XR ဟာ က်န္တဲ့ XS ႏွစ္လံုးနဲ႔ အမ်ားၾကီးမကြာျခားပဲ Dual Lens မလိုတဲ့သူေတြ နဲ႔ LCD Display နဲ႔ အဆင္ေျပတဲ့ သူေတြအတြက္ ေရြးခ်ယ္စရာျဖစ္ေပမယ့္ XS ႏွစ္လံုးေလာက္ Powerful မျဖစ္တဲ့အခ်က္ေတြကလည္းအမ်ားၾကီးပါ။ iPhone အသစ္ေတြျပည္တြင္းမွာ ေရာင္းခ်တဲ့အခါ ဝယ္ယူမယ့္သူေတြအတြက္ အေရြးမမွားေစဖို႔ တင္ျပေပးလိုက္ပါတယ္။

Unicode Version

Apple Fan တွေရော Apple Fan မဟုတ်တဲ့ နည်းပညာသမားတွေရော စိတ်ဝင်စားနေကြတဲ့ Apple Event ကြီးကတော့ပြီးသွားပါပြီ။ ခန့်မှန်းထားကြတဲ့အတိုင်းပဲ Apple Watch Series 4 နဲ့ အတူ iPhone အသစ်သုံးလုံးကို မိတ်ဆက်ပြသပေးခဲ့ပါတယ်။

iPhone အသစ်တွေမှာ S Series ကိုပြန်လည်သုံးစွဲလာခဲ့ပြီး XS, XS Max နဲ့ အတူဈေးသက်သာတဲ့ XR ဆိုတဲ့ အရောင်စုံလင်တဲ့ iPhone တွေပါ မိတ်ဆက်ခဲ့တယ်။ iPhone XS နဲ့ XS Max တို့ဟာ ဈေးအကြီးဆုံး iPhone တွေဖြစ်ပြီး XR ထက်တော်တော်လေး ဈေးများပါတယ်။ ဒါပေမယ့် ဘယ်လိုတွေကွာနေလဲဆိုတာ ပြောပြပေးသွားပါမယ်။

XS က (၉၉၉) ဒေါ်လာ ရှိပြီး XS Max က (၁,၀၉၉) ဒေါ်လာပါ။ XS နဲ့ XS Max မှာ တစ်ခုတည်းသောကွာခြားချက်က Screen Size ပါပဲ။ XS Max ဟာ ခြောက်လက်မခွဲ OLED Display နဲ့မို့လို့ ခြောက်လက်မတောင်မပြည့်တဲ့ XS ရဲ့ Display ထက်သိသိသာသာပိုကြီးပါတယ်။ အဲ့အတွက် XS Max ဟာ ဒေါ်လာတစ်ရာပိုဈေးကြီးပါတယ်။

အားလုံးသိကြတဲ့ အတိုင်းပဲ iPhone XR ဟာ ကျန်တဲ့ XS နှစ်လုံးထက်ဈေးနည်းရတဲ့ အကြောင်းက ဈေးသက်သာတဲ့ LCD Display ပဲသုံးထားပြီး Single Lens ပဲပါလို့ပါ။ နောက်ပြီး XR ရဲ့ Display ဟာ Dolby Vision လို့ခေါ်တဲ့ HDR 10 Content တွေကို Support ်ပေးပါဘူး။

အမှန်တော့ iPhone XR ရဲ့ ကိုယ်ထည်က XS တွေလို Stainless Steel မဟုတ်ပါဘူး။ Aluminum နဲ့ပဲဆောက်ထားလို့ iPhone XS တွေလောက် အကြမ်းမခံပါဘူး။ iPhone XR မှာ 3D Touch ကိုလည်းဖြုတ်ထားလို့ 3D Touch Feature တွေသုံးလို့မရပါဘူး။ iPhone XR ရဲ့ Water Resistance ကလည်း ရေအောက်အနက် တစ်မီတာထိပဲ ရေလုံတဲ့အတွက် ကျန်တဲ့ XS နှစ်လုံးလောက် ရေစိမ်မခံပါဘူး။

အပြင်ပန်းကြီးရင်တော့ XR ဟာ ကျန်တဲ့ XS နှစ်လုံးနဲ့ အများကြီးမကွာခြားပဲ Dual Lens မလိုတဲ့သူတွေ နဲ့ LCD Display နဲ့ အဆင်ပြေတဲ့ သူတွေအတွက် ရွေးချယ်စရာဖြစ်ပေမယ့် XS နှစ်လုံးလောက် Powerful မဖြစ်တဲ့အချက်တွေကလည်းအများကြီးပါ။ iPhone အသစ်တွေပြည်တွင်းမှာ ရောင်းချတဲ့အခါ ဝယ်ယူမယ့်သူတွေအတွက် အရွေးမမှားစေဖို့ တင်ပြပေးလိုက်ပါတယ်။