[Zawgyi]

အလန္းစား၊ အမိုက္စား ေမာ္ေတာ္ဆိုင္ကယ္ႀကီးေတြကို ထုတ္လုပ္ေပးေနတဲ့ Ducati ဟာ လွ်ပ္စစ္ ေမာ္ေတာ္ဆိုင္ကယ္ေတြ ထုတ္လုပ္ေတာ့မယ္ ဆိုတဲ့ အေၾကာင္းကို သိပ္မၾကာေသးခင္က အရိပ္အႁမြက္ ေျပာဆိုခဲ့ဖူးပါတယ္။

ဒီေန႔မွာေတာ့ ကုမၸဏီရဲ႕ အႀကီးအကဲျဖစ္သူ Claudio Domenicali က အနာဂတ္က လွ်ပ္စစ္ျဖစ္ေၾကာင္း၊ ကုန္ထုတ္လုပ္မႈ စတင္ဖို႔အတြက္ သိပ္မလိုေတာ့ေၾကာင္း စပိန္ပြဲေတာ္တစ္ခုမွာ ေျပာၾကားလိုက္ပါၿပီ။ ဒါ့ေၾကာင့္ Ducati အမွတ္တံဆိပ္နဲ႔ လွ်ပ္စစ္ ေမာ္ေတာ္ဆိုင္ကယ္ေတြကို သိပ္မၾကာခင္ အေတာအတြင္းမွာ ျမင္ေတြ႕ရဖြယ္ ရွိေနပါတယ္။ ဒါေပမယ့္လည္း Ducati ရဲ႕ ေဒသဆိုင္ရာ မန္ေနးဂ်င္း ဒါ႐ိုက္တာျဖစ္သူ Eduoard Lotthe ကေတာ့ လာမယ့္ ၂၀၂၁ခုႏွစ္မွာ တစ္ခုခုထြက္ေပၚလာလိမ့္မယ္လို႔ ေျပာၾကားခဲ့ဖူးတဲ့အတြက္ အခုေနာက္ဆုံးရ သတင္းေတြနဲ႔ ယွဥ္ရင္ ဆိုလိုရင္း အနည္းငယ္ ကြဲလြဲေနတာ ေတြ႕ရပါတယ္။ မည္သို႔ပင္ဆိုေစကာမူ Ducati ကေတာ့ လွ်ပ္စစ္ ေမာ္ေတာ္ဆိုင္ကယ္ႀကီးေတြ ထုတ္လုပ္ဖို႔ ေသခ်ာေနပါၿပီ။ ဘယ္ေတာ့ေလာက္ ျမင္ေတြ႕ရမလဲဆိုတာကိုပဲ ေစာင့္ၾကည့္ရမွာပါ။

Harley-Davidson (Electric motorcycle)

အခုဆိုရင္ ေမာ္ေတာ္ဆိုင္ကယ္ ထုတ္လုပ္သူေတြဟာ လွ်ပ္စစ္ ေမာ္ေတာ္ဆိုင္ကယ္ေတြ ဘက္ကို ျမႇားဦးလွည့္လာၾကပါၿပီ။ အလားတူ Harley-Davidson ဆိုတဲ့ ကုမၸဏီႀကီးကလည္း သူတို႔ရဲ႕ လွ်ပ္စစ္ ေမာ္ေတာ္ဆိုင္ကယ္ေတြကို မိတ္ဆက္ၿပီးသြားၿပီ ျဖစ္ၿပီး လာမယ့္ ၾသဂုတ္လမွာ ေစ်းကြက္ထဲကို တင္သြင္းေရာင္းခ်ေတာ့မယ္လို႔ သိရပါတယ္။ Harley-Davidson အေနနဲ႔ သူတို႔ရဲ႕ ပထမဦးဆုံး လွ်ပ္စစ္ ေမာ္ေတာ္ဆိုင္ကယ္ႀကီးကို အေမရိကန္ေဒၚလာ ၂၉,၇၉၉ (ျမန္မာေငြ သိန္း ၄၅၀ ဝန္းက်င္) နဲ႔ စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref : Engadget

[Unicode]

လျှပ်စစ် မော်တော်ဆိုင်ကယ် ခပ်မိုက်မိုက်ကြီးတွေ ထုတ်လုပ်တော့မယ့် Ducati

အလန်းစား၊ အမိုက်စား မော်တော်ဆိုင်ကယ်ကြီးတွေကို ထုတ်လုပ်ပေးနေတဲ့ Ducati ဟာ လျှပ်စစ် မော်တော်ဆိုင်ကယ်တွေ ထုတ်လုပ်တော့မယ် ဆိုတဲ့ အကြောင်းကို သိပ်မကြာသေးခင်က အရိပ်အမြွက် ပြောဆိုခဲ့ဖူးပါတယ်။

ဒီနေ့မှာတော့ ကုမ္ပဏီရဲ့ အကြီးအကဲဖြစ်သူ Claudio Domenicali က အနာဂတ်က လျှပ်စစ်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု စတင်ဖို့အတွက် သိပ်မလိုတော့ကြောင်း စပိန်ပွဲတော်တစ်ခုမှာ ပြောကြားလိုက်ပါပြီ။ ဒါ့ကြောင့် Ducati အမှတ်တံဆိပ်နဲ့ လျှပ်စစ် မော်တော်ဆိုင်ကယ်တွေကို သိပ်မကြာခင် အတောအတွင်းမှာ မြင်တွေ့ရဖွယ် ရှိနေပါတယ်။ ဒါပေမယ့်လည်း Ducati ရဲ့ ဒေသဆိုင်ရာ မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ Eduoard Lotthe ကတော့ လာမယ့် ၂၀၂၁ခုနှစ်မှာ တစ်ခုခုထွက်ပေါ်လာလိမ့်မယ်လို့ ပြောကြားခဲ့ဖူးတဲ့အတွက် အခုနောက်ဆုံးရ သတင်းတွေနဲ့ ယှဥ်ရင် ဆိုလိုရင်း အနည်းငယ် ကွဲလွဲနေတာ တွေ့ရပါတယ်။ မည်သို့ပင်ဆိုစေကာမူ Ducati ကတော့ လျှပ်စစ် မော်တော်ဆိုင်ကယ်ကြီးတွေ ထုတ်လုပ်ဖို့ သေချာနေပါပြီ။ ဘယ်တော့လောက် မြင်တွေ့ရမလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။

Harley-Davidson (Electric motorcycle)

အခုဆိုရင် မော်တော်ဆိုင်ကယ် ထုတ်လုပ်သူတွေဟာ လျှပ်စစ် မော်တော်ဆိုင်ကယ်တွေ ဘက်ကို မြှားဦးလှည့်လာကြပါပြီ။ အလားတူ Harley-Davidson ဆိုတဲ့ ကုမ္ပဏီကြီးကလည်း သူတို့ရဲ့ လျှပ်စစ် မော်တော်ဆိုင်ကယ်တွေကို မိတ်ဆက်ပြီးသွားပြီ ဖြစ်ပြီး လာမယ့် သြဂုတ်လမှာ စျေးကွက်ထဲကို တင်သွင်းရောင်းချတော့မယ်လို့ သိရပါတယ်။ Harley-Davidson အနေနဲ့ သူတို့ရဲ့ ပထမဦးဆုံး လျှပ်စစ် မော်တော်ဆိုင်ကယ်ကြီးကို အမေရိကန်ဒေါ်လာ ၂၉,၇၉၉ (မြန်မာငွေ သိန်း ၄၅၀ ဝန်းကျင်) နဲ့ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref : Engadget