Zawgyi
Samsung Galaxy Note 9
Huawei P20 Pro
Samsung Galaxy Note 9
Huawei P20 Pro
Samsung Galaxy Note 9
Huawei P20 Pro
Ref: dxomark mobile
Unicode
DxOMark မှာ ဒုတိယ ကင်မရာ အကောင်းဆုံး စမတ်ဖုန်းအဖြစ် ရပ်တည်သွားတဲ့ Samsung Galaxy Note 9
Galaxy Note 9 ဟာဆိုရင် မကြာသေးမီကမှ မိတ်ဆက်ထားတဲ့ Samsung ရဲ့ Note စီရီး မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်ပါတယ်။ Galaxy Note 9 ရဲ့ နောက်ကျောဘက် ကင်မရာအပိုင်းအတွက် 12MP Sensor, f/1.5-2.4 dual-aperture lens, Dual-pixel autofocus ပါဝင်တဲ့ Wide-angle Camera နဲ့ 2x telephoto lens, f/2.4 apeture ရှိတဲ့ 12MP Camera တွေကို တွဲလျက် တပ်ဆင်ထားတာ ဖြစ်ပါတယ်။
မိုဘိုင်းဖုန်း ကင်မရာတွေရဲ့ အရည်အသွေးတွေကို စမ်းသပ်စစ်ဆေးပေးနေတဲ့ DxOMark အနေနဲ့ Samsung Galaxy Note 9 ရဲ့ ကင်မရာ စမ်းသပ်ချက် ရလဒ်တွေကို မနေ့က ထုတ်ပြန်ကြေငြာခဲ့တာပါ။ DxOMark ရဲ့ အမှတ်စာရင်းတွေအရဆိုရင် Galaxy Note 9 ဟာ ရမှတ် ၁၀၃မှတ် ရရှိပြီး ဒုတိယ ကင်မရာ အကောင်းဆုံး စမတ်ဖုန်း အဖြစ် HTC U12+ နဲ့အတူ ပူးတွဲရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကင်မရာ အကောင်းဆုံး စမတ်ဖုန်းကတော့ Huawei P20 Pro ဖြစ်ပြီး ရမှတ် ၁၀၉မှတ်နဲ့အတူ DxOMark ရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အောက်ပါပုံတွေကတော့ DxOMark ကနေ ရိုက်ကူးထားတဲ့ Samsung Galaxy Note 9 နဲ့ Huawei P20 Pro တို့ရဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။
Samsung Galaxy Note 9
Huawei P20 Pro
Samsung Galaxy Note 9
Huawei P20 Pro
Samsung Galaxy Note 9
Huawei P20 Pro
Ref: dxomark mobile