Zawgyi

Elephone ဆိုတဲ့ ဖုန္းေတြကို ျပည္တြင္းက လူေတြ သိပ္ၾကားဖူးၾကမယ္မထင္ပါဘူး။ Elephone ေတြဟာ ေဟာင္ေကာင္ကုမၸဏီ တစ္ခုက ထုတ္တဲ့ ဖုန္းေတြပါ။ တရုတ္ဖုန္းဆိုေပမယ့္လည္း တရုတ္ဖုန္းေတြဟာ အရင္တုန္းကလို အရည္အေသြးညံ့ဖ်င္းေနတာမ်ိဳးမဟုတ္ေတာ့ပဲ Price-to-Performance အရမ္းေကာင္းလာတဲ့ အတြက္ Elephone ေတြက စြမ္းေဆာင္ရည္ပိုင္း ေကာင္းတဲ့ ဖုန္းေတြလို႔ ေျပာရင္ မမွားပါဘူး။ အမွန္ေတာ့ Elephone ေတြဟာ တရုတ္ျပည္တြင္းထုတ္မဟုတ္ပဲ ေဟာင္ေကာင္ထုတ္မို႔လို႔ အေပၚယံၾကည့္ရင္ အရည္အေသြးပိုေကာင္းေနမယ္လို႔ထင္ႏိုင္ပါတယ္။ အခုေတာ့ Elephone ကေနျပီး ေဟာင္ေကာင္နည္းပညာျပပြဲမွာ သူ႔ရဲ႕ ေနာက္ဆံုး ထုတ္ ဖုန္းအသစ္ျဖစ္တဲ့ ဒီဇိုင္းအလန္း Feature အလန္းေတြနဲ႔ Elephone U2 ကို မိတ္ဆက္ေတာ့မွာပါ။

အေပၚမွာျမင္ရတဲ့ အတိုင္းပဲ Elephone U2 ရဲ႕ ဒီဇိုင္းက ေတာ္ေတာ္ကို လန္းပါတယ္။ VIVO NEX လိုပဲ Pop Up Selfie ကင္မရာကိုထည့္သြင္းေပးထားပါတယ္။ Pop Up Selfie ကင္မရာေၾကာင့္ အရွ႕ဘက္မွာ Notch ထည့္စရာမလိုေတာ့လို႔ Screen-to-Body Ratio ေတာ္ေတာ္ေလးမ်ားတာကို ေတြ႔ႏိုင္ပါတယ္။ Elephone ရဲ႕ ဒီဇိုင္းပိုင္း အဖြဲ႔ဟာ ေစ်းကြက္ထဲမွာ ေခတ္စားေနတဲ့ ဖုန္းေတြရဲ႕ ဒီဇိုင္းကို စုေပါင္းျပီး အေျခခံကာ Elephone U2 ကို ဒီဇိုင္းဆြဲထားတာပါ။

SoC ပိုင္းအတြက္ကေတာ့ Helio P60 SoC ကိုအသံုးျပဳထားျပီး အေနာက္ဘက္ ကင္မရာ သံုးလံုးပါဝင္ပါတယ္။ အဓိက ကင္မရာက 20MP ရွိျပီး က်န္တဲ့ ကင္မရာ ႏွစ္လံုးကေတာ့ 5MP စီရွိပါတယ္။ ဘက္ထရီ ပမာဏ 4,000mAh ရွိကာ Quick Charge အေထာက္အပံ့လည္းပါဝင္ပါေသးတယ္။ ေနာက္ထပ္စိတ္ဝင္စားစရာအခ်က္ကေတာ့ Elephone U2 မွာ အသံုးျပဳထားတဲ့ Android Version က ေနာက္ဆံုးထြက္ Android 9.0, Pie ပါ။

Ref: Giz China

Unicode

Elephone ဆိုတဲ့ ဖုန်းတွေကို ပြည်တွင်းက လူတွေ သိပ်ကြားဖူးကြမယ်မထင်ပါဘူး။ Elephone တွေဟာ ဟောင်ကောင်ကုမ္ပဏီ တစ်ခုက ထုတ်တဲ့ ဖုန်းတွေပါ။ တရုတ်ဖုန်းဆိုပေမယ့်လည်း တရုတ်ဖုန်းတွေဟာ အရင်တုန်းကလို အရည်အသွေးညံ့ဖျင်းနေတာမျိုးမဟုတ်တော့ပဲ Price-to-Performance အရမ်းကောင်းလာတဲ့ အတွက် Elephone တွေက စွမ်းဆောင်ရည်ပိုင်း ကောင်းတဲ့ ဖုန်းတွေလို့ ပြောရင် မမှားပါဘူး။ အမှန်တော့ Elephone တွေဟာ တရုတ်ပြည်တွင်းထုတ်မဟုတ်ပဲ ဟောင်ကောင်ထုတ်မို့လို့ အပေါ်ယံကြည့်ရင် အရည်အသွေးပိုကောင်းနေမယ်လို့ထင်နိုင်ပါတယ်။ အခုတော့ Elephone ကနေပြီး ဟောင်ကောင်နည်းပညာပြပွဲမှာ သူ့ရဲ့ နောက်ဆုံး ထုတ် ဖုန်းအသစ်ဖြစ်တဲ့ ဒီဇိုင်းအလန်း Feature အလန်းတွေနဲ့ Elephone U2 ကို မိတ်ဆက်တော့မှာပါ။

အပေါ်မှာမြင်ရတဲ့ အတိုင်းပဲ Elephone U2 ရဲ့ ဒီဇိုင်းက တော်တော်ကို လန်းပါတယ်။ VIVO NEX လိုပဲ Pop Up Selfie ကင်မရာကိုထည့်သွင်းပေးထားပါတယ်။ Pop Up Selfie ကင်မရာကြောင့် အရှ့ဘက်မှာ Notch ထည့်စရာမလိုတော့လို့ Screen-to-Body Ratio တော်တော်လေးများတာကို တွေ့နိုင်ပါတယ်။ Elephone ရဲ့ ဒီဇိုင်းပိုင်း အဖွဲ့ဟာ ဈေးကွက်ထဲမှာ ခေတ်စားနေတဲ့ ဖုန်းတွေရဲ့ ဒီဇိုင်းကို စုပေါင်းပြီး အခြေခံကာ Elephone U2 ကို ဒီဇိုင်းဆွဲထားတာပါ။

SoC ပိုင်းအတွက်ကတော့ Helio P60 SoC ကိုအသုံးပြုထားပြီး အနောက်ဘက် ကင်မရာ သုံးလုံးပါဝင်ပါတယ်။ အဓိက ကင်မရာက 20MP ရှိပြီး ကျန်တဲ့ ကင်မရာ နှစ်လုံးကတော့ 5MP စီရှိပါတယ်။ ဘက်ထရီ ပမာဏ 4,000mAh ရှိကာ Quick Charge အထောက်အပံ့လည်းပါဝင်ပါသေးတယ်။ နောက်ထပ်စိတ်ဝင်စားစရာအချက်ကတော့ Elephone U2 မှာ အသုံးပြုထားတဲ့ Android Version က နောက်ဆုံးထွက် Android 9.0, Pie ပါ။

Ref: Giz China