[Zawgyi]

အေမရိကန္အေျခစုိက္ ဘကၳရီကုမၸဏီျဖစ္တဲ့ Energizer ဟာ မႏွစ္တည္းက စမတ္ဖုန္းေစ်းကြက္ထဲ တုိးဝင္ဖို႔ ႀကဳိးစားခဲ့တာပါ။ သူတုိ႔ရဲ႕ အားသာခ်က္ျဖစ္တဲ့ ဘကၳရီကို အဓိကထား ထိုးေဖာက္ဖို႔ ႀကိဳးစားခဲ့ၿပီး မၾကဳံစဖူး 16,000 mAh ပမာဏပါဝင္တဲ့ ဘကၳရီႀကီးနဲ႔ Power Max P16K Pro စမတ္ဖုန္းကို ခ်ျပခဲ့တယ္။ ဒီႏွစ္မွာ Energizer ရဲ႕ေျခလွမ္းက ပိုႀကီးၿပီးေတာ့ စမတ္ဖုန္းေမာ္ဒယ္အသစ္ ၂၆ မ်ဳိးတိတိကုိ မိတ္ဆက္လာမယ္လို႔ ဆုိပါတယ္။

အဲဒီထဲမွာ စိတ္ဝင္စားမႈကို ခံရႏုိင္တာကေတာ့ 18,000 mAh ပမာဏ ဘကၳရီႀကီး ပါဝင္မယ့္ သူ႕ရဲ႕ မ်ဳိးဆက္သစ္ ဟန္းဆက္တစ္ခုပဲ ျဖစ္ၿပီး တကယ္သာ ေစ်းကြက္ထဲေရာက္လာခဲ့ရင္ စမတ္ဖုန္းေတြမွာ ျမင္ဖူးသမွ်ထဲ အႀကီးဆုံးဘကၳရီျဖစ္လာမွာပါ။ မႏွစ္က ေၾကျငာခဲ့တဲ့ Energizer Power Max P16K Pro ဖုန္းကိုေတာ့ ကမာၻအႏွံ႔က ေစ်းကြက္ေတြဆီ မပို႔ေပးခဲ့ဘဲ အကန္႔အသတ္နဲ႔သာ ထုတ္လုပ္ေရာင္းခ်ခဲ့တယ္လို႔ သိရတာေၾကာင့္ 18,000 mAh စမတ္ဖုန္းကိုလဲ ဒီပုံစံထပ္ခ်ဳိးလာမယ္ ဆုိရင္ေတာ့ ရရွိမယ့္ အာရုံစုိက္မႈေတြကေန ဆုိးက်ဳိးေတြသာ ျပန္ခံစားရမွာ ျဖစ္ပါတယ္။

Power Max စီးရီးဟာ ဘကၳရီပုိင္းကို ဦးစားေပးတဲ့့ စမတ္ဖုန္းလိုင္းျဖစ္ၿပီး ဒီႏွစ္မွာ မိတ္ဆက္မယ့္ Energizer Ultimate ကေတာ့ Premium အဆင့္ ဟန္းဆက္ေျခာက္ခုပါဝင္မယ့္ လုိင္းအပ္အသစ္ပါ။ တစ္ခုက Foldable ဟန္းဆက္ျဖစ္ၿပီး Pop-up ကင္မရာပါတဲ့ ဖုန္းေတြလည္း ပါဦးမယ္။ ဒါေၾကာင့္ MWC 2019 ပြဲမွာ အျခားစမတ္ဖုန္းအမွတ္တံဆိပ္ေတြ ျပသမွ် နည္းပညာအကုန္လုံးကို Energizer ကလည္း အားက်မခံ ျပႏုိင္မယ့္ ပုံစံမွာရွိေနပါတယ္။

သူ႕ရဲ႕အျခားထုတ္ကုန္လိုင္းအပ္ႏွစ္ခုကေတာ့ Feature ဖုန္းေတြျဖစ္တဲ့ Energy နဲ႔ Hardcase တုိ႔ပါပဲ။ ဒီဟန္းဆက္ေတြကုိပါ ထည့္တြက္မွ သူေၾကျငာထားတဲ့အတုိင္း ၂၆ မ်ဳိး ျပည့္မယ္လို႔ ယူဆရပါတယ္။ ဘာပဲျဖစ္ျဖစ္ အေျခခုိင္တဲ့ လုပ္ငန္းႀကီးတစ္ခုက အားနဲ႔အင္နဲ႔ စမတ္ဖုန္းေလာကထဲကို ဝင္ေရာက္ဖို႔ ႀကိဳးစားလာတာဟာ ေစာင့္ၾကည့္ရမယ့္ အရာဆုိတာေတာ့ အေသအခ်ာပါပဲ။

Ref – GSM Arena

[Unicode]

အမေရိကန်အခြေစိုက် ဘက္ထရီကုမ္ပဏီဖြစ်တဲ့ Energizer ဟာ မနှစ်တည်းက စမတ်ဖုန်းဈေးကွက်ထဲ တိုးဝင်ဖို့ ကြိုးစားခဲ့တာပါ။ သူတို့ရဲ့ အားသာချက်ဖြစ်တဲ့ ဘက္ထရီကို အဓိကထား ထိုးဖောက်ဖို့ ကြိုးစားခဲ့ပြီး မကြုံစဖူး 16,000 mAh ပမာဏပါဝင်တဲ့ ဘက္ထရီကြီးနဲ့ Power Max P16K Pro စမတ်ဖုန်းကို ချပြခဲ့တယ်။ ဒီနှစ်မှာ Energizer ရဲ့ခြေလှမ်းက ပိုကြီးပြီးတော့ စမတ်ဖုန်းမော်ဒယ်အသစ် ၂၆ မျိုးတိတိကို မိတ်ဆက်လာမယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ စိတ်ဝင်စားမှုကို ခံရနိုင်တာကတော့ 18,000 mAh ပမာဏ ဘက္ထရီကြီး ပါဝင်မယ့် သူ့ရဲ့ မျိုးဆက်သစ် ဟန်းဆက်တစ်ခုပဲ ဖြစ်ပြီး တကယ်သာ ဈေးကွက်ထဲရောက်လာခဲ့ရင် စမတ်ဖုန်းတွေမှာ မြင်ဖူးသမျှထဲ အကြီးဆုံးဘက္ထရီဖြစ်လာမှာပါ။ မနှစ်က ကြေငြာခဲ့တဲ့ Energizer Power Max P16K Pro ဖုန်းကိုတော့ ကမ္ဘာအနှံ့က ဈေးကွက်တွေဆီ မပို့ပေးခဲ့ဘဲ အကန့်အသတ်နဲ့သာ ထုတ်လုပ်ရောင်းချခဲ့တယ်လို့ သိရတာကြောင့် 18,000 mAh စမတ်ဖုန်းကိုလဲ ဒီပုံစံထပ်ချိုးလာမယ် ဆိုရင်တော့ ရရှိမယ့် အာရုံစိုက်မှုတွေကနေ ဆိုးကျိုးတွေသာ ပြန်ခံစားရမှာ ဖြစ်ပါတယ်။

Power Max စီးရီးဟာ ဘက္ထရီပိုင်းကို ဦးစားပေးတဲ့ စမတ်ဖုန်းလိုင်းဖြစ်ပြီး ဒီနှစ်မှာ မိတ်ဆက်မယ့် Energizer Ultimate ကတော့ Premium အဆင့် ဟန်းဆက်ခြောက်ခုပါဝင်မယ့် လိုင်းအပ်အသစ်ပါ။ တစ်ခုက Foldable ဟန်းဆက်ဖြစ်ပြီး Pop-up ကင်မရာပါတဲ့ ဖုန်းတွေလည်း ပါဦးမယ်။ ဒါကြောင့် MWC 2019 ပွဲမှာ အခြားစမတ်ဖုန်းအမှတ်တံဆိပ်တွေ ပြသမျှ နည်းပညာအကုန်လုံးကို Energizer ကလည်း အားကျမခံ ပြနိုင်မယ့် ပုံစံမှာရှိနေပါတယ်။

သူ့ရဲ့အခြားထုတ်ကုန်လိုင်းအပ်နှစ်ခုကတော့ Feature ဖုန်းတွေဖြစ်တဲ့ Energy နဲ့ Hardcase တို့ပါပဲ။ ဒီဟန်းဆက်တွေကိုပါ ထည့်တွက်မှ သူကြေငြာထားတဲ့အတိုင်း ၂၆ မျိုး ပြည့်မယ်လို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် အခြေခိုင်တဲ့ လုပ်ငန်းကြီးတစ်ခုက အားနဲ့အင်နဲ့ စမတ်ဖုန်းလောကထဲကို ဝင်ရောက်ဖို့ ကြိုးစားလာတာဟာ စောင့်ကြည့်ရမယ့် အရာဆိုတာတော့ အသေအချာပါပဲ။

Ref – GSM Arena