[Zawgyi]

အသက္အ႐ြယ္ ႀကီးရင့္ေနၿပီျဖစ္တဲ့ အေမရိကန္ေတြဟာ Facebook ေပၚမွာ သတင္းတုေတြကို အမ်ားဆုံး မွ်ေဝေလ့ရွိၾကတယ္လို႔ New York နဲ႔ Princeton Universities တို႔မွာျပဳလုပ္ခဲ့တဲ့ စစ္တမ္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။ လူငယ္ေတြနဲ႔ ႏႈိင္းယွဥ္ရင္ ဒီလိုအသက္ႀကီးရင့္ေနသူေတြက သတင္းတုမွန္းမသိတာ မ်ားတယ္လို႔ ဆိုႏိုင္ပါတယ္။ လူမႈကြန္ရက္မွာ အမ်ားဆုံး Share လုပ္တတ္ၾကတဲ့ အေၾကာင္းအရာေတြက ပညာေရး၊ လိင္၊ လူမ်ိဳးေရး၊ ဝင္ေငြ စတဲ့အေၾကာင္းအရာေတြျဖစ္တယ္လို႔ သိရပါတယ္။

Facebook ဟာ ကမာၻတစ္ဝန္းက သုံးစြဲသူေတြၾကားမွာ သတင္းတု၊ သတင္းေယာင္ေတြ မွ်ေဝမႈကို ခက္ခက္ခဲခဲနဲ႔ တားဆီးေနရတာျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္တုန္းကလည္း လက္ရွိအေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ ၿပိဳင္ဘက္ ဟီလာရီကလင္တန္ကို အံ့အားသင့္ဖြယ္ရာ အႏိုင္ရရွိမႈမွာ လူမႈကြန္ရက္ရဲ႕ လႊမ္းမိုးမႈလည္း ပါဝင္ခဲ့တယ္လို႔ ဆိုၾကပါတယ္။ ဒီျပႆနာရဲ႕ေနာက္ဆက္တြဲကို Facebook က အခုထိ ရွင္းေနရတုန္း ျဖစ္ပါတယ္။

၂၀၁၆ အေစာပိုင္းတုန္းကလူေပါင္း သုံးေထာင့္ငါးရာနဲ႔ ျပဳလုပ္ခဲ့တဲ့ စစ္တမ္းမွာေတာ့ ၄၉ ရာခိုင္ႏႈန္းေသာ အသုံးျပဳသူေတြက သူတို႔ရဲ႕ Profile အခ်က္အလက္ေတြကို မွ်ေဝဖို႔ သေဘာတူခဲ့ၾကပါတယ္။ သူတို႔ကို ေလ့လာရာမွာ မွ်ေဝမယ့္ အေၾကာင္းအရာကို ေသခ်ာေလ့လာၿပီးမွ မွ်ေဝေလ့ရွိၾကတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ ေလ့လာသူေတြဟာ သတင္းတုကို မွ်ေဝျခင္းကို အသက္အ႐ြယ္အပိုင္းအျခားအလိုက္ စစ္ထုတ္ခဲ့ၾကပါတယ္။

အသက္အ႐ြယ္ အားလုံးထဲကမွ ၈.၅ ရာခိုင္ႏႈန္းကေတာ့ သတင္းတုရဲ႕ မူရင္း Site ကိုေလ့လာၿပီးမွ မွ်ေဝတာျဖစ္တယ္လို႔ သိရပါတယ္။ ကြန္ဆာေဗးတစ္ေတြကေတာ့ လစ္ဘရယ္ေတြထက္ သတင္းတု မွ်ေဝမႈႏႈန္း ပိုမ်ားတယ္လို႔လည္း ဆိုပါတယ္။ ၁၈ ရာခိုင္ႏႈန္းေသာ ရီပါဘလစ္ကန္ ေတြကေတာ့ သတင္းတုေတြကို မွ်ေဝတတ္ၾကၿပီး ဒီမိုကရက္တစ္ေတြထဲက သတင္းတုမွ်ေဝႏႈန္းကေတာ့ ၄ ရာခိုင္ႏႈန္းခန႔္သာ ျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ သိသာတဲ့အခ်က္ကေတာ့ အသက္အ႐ြယ္ႀကီးရင့္သူေတြက သတင္းတု၊ သတင္းမွားေတြကို ပိုၿပီး မွ်ေဝေလ့ရွိတယ္ဆိုတာပါပဲ။ အသက္ ၆၅ ႏွစ္နဲ႔အထက္ အသုံးျပဳသူေတြထဲက ၁၁ ရာခိုင္ႏႈန္းက သတင္းတုေတြကို မွ်ေဝတတ္ၾကပါတယ္။ သူတို႔ရဲ႕ မွ်ေဝႏႈန္းဟာ ၄၅ ႏွစ္နဲ႔ ၆၅ ႏွစ္ၾကား အသုံးျပဳသူေတြထက္ ႏွစ္ဆမ်ားတယ္လို႔ ဆိုပါတယ္။ အသက္ ၁၈ ႏွစ္ကေန ၂၉ ႏွစ္ၾကား ငယ္႐ြယ္သူေတြလည္း သတင္းတုေတြကို မွ်ေဝတတ္ၾကေပမယ့္ ရာခိုင္ႏႈန္းကေတာ့ ၃ ရာခိုင္ႏႈန္းပဲ ရွိၿပီး အနည္းဆုံး ၇ ႀကိမ္စီေလာက္သာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

လက္ရွိအခ်ိန္မွာလည္း Facebook ကို အသုံးျပဳသူေတြဟာ ရည္႐ြယ္ခ်က္အမ်ိဳးမ်ိဳးနဲ႔ ျဖစ္ပါတယ္။ အခ်ိဳ႕ကလည္း စီးပြားေရးအတြက္ သုံးၾကၿပီး အခ်ိဳ႕ကလည္း ႏိုင္ငံေရးအတြက္ သုံးၾကပါတယ္။ အခ်ိဳ႕ကလည္း တစ္ကိုယ္ေရ ထင္ေပၚေက်ာ္ၾကားမႈအတြက္ အသုံးျပဳၾကပါတယ္။ ကြၽမ္းက်င္သူေတြကေတာ့ အသုံးျပဳသူ အေလ့အထကို ေကာင္းေကာင္းသိၿပီး အဲဒါကို အသုံးခ်ေလ့ရွိပါတယ္။

Ref: The Varge

[Unicode]

အသက် ၆၅ နှစ်အထက်တွေဟာ သတင်းတုတွေကိုပိုမို မျှဝေလေ့ရှိကြောင်း လေ့လာတွေ့ရှိ

အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ အမေရိကန်တွေဟာ Facebook ပေါ်မှာ သတင်းတုတွေကို အများဆုံး မျှဝေလေ့ရှိကြတယ်လို့ New York နဲ့ Princeton Universities တို့မှာပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေက ဖော်ပြခဲ့ကြပါတယ်။ လူငယ်တွေနဲ့ နှိုင်းယှဉ်ရင် ဒီလိုအသက်ကြီးရင့်နေသူတွေက သတင်းတုမှန်းမသိတာ များတယ်လို့ ဆိုနိုင်ပါတယ်။ လူမှုကွန်ရက်မှာ အများဆုံး Share လုပ်တတ်ကြတဲ့ အကြောင်းအရာတွေက ပညာရေး၊ လိင်၊ လူမျိုးရေး၊ ဝင်ငွေ စတဲ့အကြောင်းအရာတွေဖြစ်တယ်လို့ သိရပါတယ်။

Facebook ဟာ ကမ္ဘာတစ်ဝန်းက သုံးစွဲသူတွေကြားမှာ သတင်းတု၊ သတင်းယောင်တွေ မျှဝေမှုကို ခက်ခက်ခဲခဲနဲ့ တားဆီးနေရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြိုင်ဘက် ဟီလာရီကလင်တန်ကို အံ့အားသင့်ဖွယ်ရာ အနိုင်ရရှိမှုမှာ လူမှုကွန်ရက်ရဲ့ လွှမ်းမိုးမှုလည်း ပါဝင်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဒီပြဿနာရဲ့နောက်ဆက်တွဲကို Facebook က အခုထိ ရှင်းနေရတုန်း ဖြစ်ပါတယ်။

၂၀၁၆ အစောပိုင်းတုန်းကလူပေါင်း သုံးထောင့်ငါးရာနဲ့ ပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာတော့ ၄၉ ရာခိုင်နှုန်းသော အသုံးပြုသူတွေက သူတို့ရဲ့ Profile အချက်အလက်တွေကို မျှဝေဖို့ သဘောတူခဲ့ကြပါတယ်။ သူတို့ကို လေ့လာရာမှာ မျှဝေမယ့် အကြောင်းအရာကို သေချာလေ့လာပြီးမှ မျှဝေလေ့ရှိကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် လေ့လာသူတွေဟာ သတင်းတုကို မျှဝေခြင်းကို အသက်အရွယ်အပိုင်းအခြားအလိုက် စစ်ထုတ်ခဲ့ကြပါတယ်။

အသက်အရွယ် အားလုံးထဲကမှ ၈.၅ ရာခိုင်နှုန်းကတော့ သတင်းတုရဲ့ မူရင်း Site ကိုလေ့လာပြီးမှ မျှဝေတာဖြစ်တယ်လို့ သိရပါတယ်။ ကွန်ဆာဗေးတစ်တွေကတော့ လစ်ဘရယ်တွေထက် သတင်းတု မျှဝေမှုနှုန်း ပိုများတယ်လို့လည်း ဆိုပါတယ်။ ၁၈ ရာခိုင်နှုန်းသော ရီပါဘလစ်ကန် တွေကတော့ သတင်းတုတွေကို မျှဝေတတ်ကြပြီး ဒီမိုကရက်တစ်တွေထဲက သတင်းတုမျှဝေနှုန်းကတော့ ၄ ရာခိုင်နှုန်းခန့်သာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် သိသာတဲ့အချက်ကတော့ အသက်အရွယ်ကြီးရင့်သူတွေက သတင်းတု၊ သတင်းမှားတွေကို ပိုပြီး မျှဝေလေ့ရှိတယ်ဆိုတာပါပဲ။ အသက် ၆၅ နှစ်နဲ့အထက် အသုံးပြုသူတွေထဲက ၁၁ ရာခိုင်နှုန်းက သတင်းတုတွေကို မျှဝေတတ်ကြပါတယ်။ သူတို့ရဲ့ မျှဝေနှုန်းဟာ ၄၅ နှစ်နဲ့ ၆၅ နှစ်ကြား အသုံးပြုသူတွေထက် နှစ်ဆများတယ်လို့ ဆိုပါတယ်။ အသက် ၁၈ နှစ်ကနေ ၂၉ နှစ်ကြား ငယ်ရွယ်သူတွေလည်း သတင်းတုတွေကို မျှဝေတတ်ကြပေမယ့် ရာခိုင်နှုန်းကတော့ ၃ ရာခိုင်နှုန်းပဲ ရှိပြီး အနည်းဆုံး ၇ ကြိမ်စီလောက်သာ ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာလည်း Facebook ကို အသုံးပြုသူတွေဟာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဖြစ်ပါတယ်။ အချို့ကလည်း စီးပွားရေးအတွက် သုံးကြပြီး အချို့ကလည်း နိုင်ငံရေးအတွက် သုံးကြပါတယ်။ အချို့ကလည်း တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် အသုံးပြုကြပါတယ်။ ကျွမ်းကျင်သူတွေကတော့ အသုံးပြုသူ အလေ့အထကို ကောင်းကောင်းသိပြီး အဲဒါကို အသုံးချလေ့ရှိပါတယ်။

Ref: The Varge