[Zawgyi]

၂၀၁၈ ခုႏွစ္မွာ အေပါက္ဆုံးဂိမ္းတစ္ခုကို ျပပါဆုိရင္ Fortnite ကိုပဲ မလႊဲမေသြထည့္သြင္းျပရမွာပါပဲ။ ဒါေပမယ့္ ဒီဂိမ္းက ထုတ္လုပ္သူအတြက္ ဘယ္ေလာက္ေတာင္ ဝင္ေငြေျဖာင့္ခဲ့သလဲ ဆုိတာကိုေတာ့ အခုမွ သိရပါတယ္။ TechCrunch ရဲ႕ေဖာ္ျပခ်က္အရ Epic ဂိမ္းကုမၸဏီရဲ႕ ၂၀၁၈ အျမတ္ေငြဟာ ေဒၚလာသုံးဘီလီယံထိ ရွိတယ္လို႔ သိရပါတယ္။ ေဒၚလာသန္းသုံးေထာင္ဟာ အဓိကအားျဖင့္ သူတုိ႔ရဲ႕ Battle Royale ဂိမ္း Fortnite ရဲ႕ လူႀကိဳက္မ်ားမႈဆီက စီးဆင္းလာတာပါ။

Fornite ကို ၂၀၁၇ ခုႏွစ္ စက္တင္ဘာမွာ ပထမဆုံး ထုတ္လႊင့္ခဲ့ၿပီး ၂၀၁၈ မွာ မုိဘုိင္းပလက္ေဖာင္း ေတြေပၚကိုပါ တင္ပို႔ခဲ့တဲ့ေနာက္ အလြန္ေအာင္ျမင္လာခဲ့ပါတယ္။ Cross-platform ကစားႏုိင္တဲ့ စြမ္းရည္ဟာ အသိအမွတ္ျပဳသင့္တဲ့ Feature တစ္ခု ျဖစ္ခဲ့တယ္။

၂၀၁၈ အတြက္ သူတုိ႔ရဲ႕ ဝင္ေငြပမာဏကိုေတာ့ အတိအက် ေဖာ္ျပျခင္းမရွိေသာ္လည္း အင္တာနက္ Tracking အဖြဲ႕အစည္း Sensor Tower ကေတာ့ ႏုိဝင္ဘာလမွာ Fortnite ဟာ iOS ကစားသမားေတြဆီကေန တစ္ေန႔ကို ေဒၚလာ ၁.၂၃ သန္းေလာက္ ပုံမွန္ဝင္ေနေၾကာင္း ေဖာ္ထုတ္ခဲ့တယ္။ ဒါ့အျပင္ iOS ပလက္ေဖာင္း တစ္ခုတည္းကေနေတာင္ စုစုေပါင္း ေဒၚလာ ၃၈၅ သန္းရခဲ့တယ္လို႔ ဆုိပါတယ္။ Android မွာေတာ့ Epic ဟာ သူ႕ဂိမ္းကို Google Play Store ကေန ျဖန္႔ခ်ိမယ့္အစား ကိုယ္ပိုင္ App Store ဖန္တီးခဲ့တာေၾကာင့္ ေျခရာခံဖို႔ ပိုခက္ခဲသြားခဲ့တယ္။

ဒီေလာက္အႀကီးအက်ယ္ ေငြဝင္ခဲ့တာေတာင္ Epic ဟာ လက္ရွိကမာၻေပၚမွာ အလားအလာအေကာင္းဆုံး ေစ်းကြက္ျဖစ္တဲ့ တရုတ္ေစ်းကြက္မွာ တြင္က်ယ္စြာ မဝင္ေရာက္ႏုိင္ေသးဘူးလို႔ TechCrunch ကေထာက္ျပပါတယ္။ တရုတ္အစုိးရရဲ႕ ၂၀၁၈ အေစာပုိင္းမွာ ဗီဒီယုိဂိမ္းသစ္ေတြနဲ႔ ဂိမ္းကစားခ်ိန္ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားလာျခင္းရဲ႕ ရလဒ္တစ္ခုျဖစ္ၿပီး တရုတ္ေစ်းကြက္မွာသာ ႏုိင္ငံတကာေစ်းကြက္နီးပါး ပိုက္ဆံရခဲ့ရင္ အျမတ္ေငြဟာ ထပ္ၿပီး ေထာင္တက္သြားဖို႔ ရွိပါတယ္။

အခုလ အေစာပိုင္းမွာ Epic Games Store ကိုထုတ္လႊင့္ခဲ့ၿပီး အျခား ဒစ္ဂ်စ္တယ္ဂိမ္းအေရာင္းပလက္ေဖာင္းေတြကို ယွဥ္ၿပိဳင္ဖို႔ လုပ္လာခဲ့တယ္။ သူ႕ရဲ႕ စတုိးမွာေရာင္းခ်တဲ့ Developer ေတြဟာ ၈၈% ရရွိမွာျဖစ္ၿပီး သူတုိ႔က ၁၂% သာ ျဖတ္ပါတယ္။ နာမည္ႀကီး Steam ဆုိရင္ သူ႕အေပၚမွာ ေရာင္းခ်တဲ့ ဂိမ္းေတြအမ်ားစုကို ၃၀% ျဖတ္တာ ျဖစ္လို႔ ေကာင္းမြန္တဲ့ ေျခလွမ္းလို႔ ဆုိႏုိင္တယ္။

Ref – Android Authority

[Unicode]

၂၀၁၈ ခုနှစ်မှာ အပေါက်ဆုံးဂိမ်းတစ်ခုကို ပြပါဆိုရင် Fortnite ကိုပဲ မလွှဲမသွေထည့်သွင်းပြရမှာပါပဲ။ ဒါပေမယ့် ဒီဂိမ်းက ထုတ်လုပ်သူအတွက် ဘယ်လောက်တောင် ဝင်ငွေဖြောင့်ခဲ့သလဲ ဆိုတာကိုတော့ အခုမှ သိရပါတယ်။ TechCrunch ရဲ့ဖော်ပြချက်အရ Epic ဂိမ်းကုမ္ပဏီရဲ့ ၂၀၁၈ အမြတ်ငွေဟာ ဒေါ်လာသုံးဘီလီယံထိ ရှိတယ်လို့ သိရပါတယ်။ ဒေါ်လာသန်းသုံးထောင်ဟာ အဓိကအားဖြင့် သူတို့ရဲ့ Battle Royale ဂိမ်း Fortnite ရဲ့ လူကြိုက်များမှုဆီက စီးဆင်းလာတာပါ။

Fornite ကို ၂၀၁၇ ခုနှစ် စက်တင်ဘာမှာ ပထမဆုံး ထုတ်လွှင့်ခဲ့ပြီး ၂၀၁၈ မှာ မိုဘိုင်းပလက်ဖောင်း တွေပေါ်ကိုပါ တင်ပို့ခဲ့တဲ့နောက် အလွန်အောင်မြင်လာခဲ့ပါတယ်။ Cross-platform ကစားနိုင်တဲ့ စွမ်းရည်ဟာ အသိအမှတ်ပြုသင့်တဲ့ Feature တစ်ခု ဖြစ်ခဲ့တယ်။

၂၀၁၈ အတွက် သူတို့ရဲ့ ဝင်ငွေပမာဏကိုတော့ အတိအကျ ဖော်ပြခြင်းမရှိသော်လည်း အင်တာနက် Tracking အဖွဲ့အစည်း Sensor Tower ကတော့ နိုဝင်ဘာလမှာ Fortnite ဟာ iOS ကစားသမားတွေဆီကနေ တစ်နေ့ကို ဒေါ်လာ ၁.၂၃ သန်းလောက် ပုံမှန်ဝင်နေကြောင်း ဖော်ထုတ်ခဲ့တယ်။ ဒါ့အပြင် iOS ပလက်ဖောင်း တစ်ခုတည်းကနေတောင် စုစုပေါင်း ဒေါ်လာ ၃၈၅ သန်းရခဲ့တယ်လို့ ဆိုပါတယ်။ Android မှာတော့ Epic ဟာ သူ့ဂိမ်းကို Google Play Store ကနေ ဖြန့်ချိမယ့်အစား ကိုယ်ပိုင် App Store ဖန်တီးခဲ့တာကြောင့် ခြေရာခံဖို့ ပိုခက်ခဲသွားခဲ့တယ်။

ဒီလောက်အကြီးအကျယ် ငွေဝင်ခဲ့တာတောင် Epic ဟာ လက်ရှိကမ္ဘာပေါ်မှာ အလားအလာအကောင်းဆုံး ဈေးကွက်ဖြစ်တဲ့ တရုတ်ဈေးကွက်မှာ တွင်ကျယ်စွာ မဝင်ရောက်နိုင်သေးဘူးလို့ TechCrunch ကထောက်ပြပါတယ်။ တရုတ်အစိုးရရဲ့ ၂၀၁၈ အစောပိုင်းမှာ ဗီဒီယိုဂိမ်းသစ်တွေနဲ့ ဂိမ်းကစားချိန်ကို ထိန်းချုပ်ဖို့ ကြိုးစားလာခြင်းရဲ့ ရလဒ်တစ်ခုဖြစ်ပြီး တရုတ်ဈေးကွက်မှာသာ နိုင်ငံတကာဈေးကွက်နီးပါး ပိုက်ဆံရခဲ့ရင် အမြတ်ငွေဟာ ထပ်ပြီး ထောင်တက်သွားဖို့ ရှိပါတယ်။

အခုလ အစောပိုင်းမှာ Epic Games Store ကိုထုတ်လွှင့်ခဲ့ပြီး အခြား ဒစ်ဂျစ်တယ်ဂိမ်းအရောင်းပလက်ဖောင်းတွေကို ယှဉ်ပြိုင်ဖို့ လုပ်လာခဲ့တယ်။ သူ့ရဲ့ စတိုးမှာရောင်းချတဲ့ Developer တွေဟာ ၈၈% ရရှိမှာဖြစ်ပြီး သူတို့က ၁၂% သာ ဖြတ်ပါတယ်။ နာမည်ကြီး Steam ဆိုရင် သူ့အပေါ်မှာ ရောင်းချတဲ့ ဂိမ်းတွေအများစုကို ၃၀% ဖြတ်တာ ဖြစ်လို့ ကောင်းမွန်တဲ့ ခြေလှမ်းလို့ ဆိုနိုင်တယ်။

Ref – Android Authority