မိုဘိုင်းဖုန်းတွေရဲ့ ကနဦးမျက်နှာပြင်ဒီဇိုင်းတွေကို ဖန်တီးတဲ့အခါမှာ လေးထောင့်ဆန်ဆန်ကိုအခြေခံပြီးတော့ ဘေးဘောင်အကျဉ်းအကျယ်တွေနဲ့ ပေါ်ထွက်လာခဲ့ပြီး ပုံမှန် 16:9 aspect ratio အရွယ်အစားရှိတဲ့ Screen မျက်နှာပြင်တွေနဲ့သာ မိုဘိုင်းဖုန်းသုံးစွဲသူများအနေနဲ့ ပိုမိုရင်နှီးစွာ ထိတွေ့ခဲ့ကြရကာ ဖုန်းမျက်နှာပြင်ဒီဇိုင်းပိုင်း ကျော့ရှင်းသပ်ရပ်ပြီး လှပဆန်းသစ်မှုကိုလည်း ကြီးကြီးမားမား ဖြည့်ဆည်းမပေးနိုင်ခဲ့ပါဘူး။

၂ဝ၁၆ အစောပိုင်းကတည်းကစတင်လို့ OPPO အနေနဲ့လည်း ကင်မရာကိုအဓိကအသားပေးတဲ့ F series ဖုန်းတွေကို မိတ်ဆက်ပေးခဲ့ပြီး F1, F1s, F1 Plus, F3 Plus, F3 အစရှိတဲ့ ထုတ်ကုန်တွေမှာ 16:9 Aspect Ratio မျက်နှာပြင်အရွယ်အစားတွေကိုသာ အဓိကထားပြီးတော့ အသုံးပြုပေးခဲ့ပါတယ်။

၂ဝ၁၇ အကုန်ပိုင်းတွင်လည်း မျက်နှာပြင်အပြည့်ပုံစံအဖြစ် ဖုန်းမျက်နှာပြင်ဒီဇိုင်းအချိုးအစားကို မိတ်ဆက်ဖန်တီးပေးခဲ့ရာမှာလည်း ပုံမှန် 16:9 Aspect Ratio မှ 18:9 Aspect Ratio အထိ တိုးမြင့်ပေးခဲ့တဲ့အတွက် ဖုန်းရဲ့မျက်နှာပြင်ကို ကြည့်ရှုအသုံးပြုရတဲ့အခါမှာလည်း Viewing Experience အနေနဲ့ ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ အဆိုပါဖုန်းအမျိုးအစားများတွင် OPPO F5 series တွေဟာ အဓိကအနေနဲ့ပါဝင်ခဲ့ပြီးတော့ သုံးစွဲသူတို့ အထူးေ တာင့်တမက်မောခဲ့ကြတဲ့ Bezel Less ဘေးဘောင်ကျဉ်းဒီဇိုင်းမျိုးကို ပိုမိုအသက်သွင်းပေးနိုင်ခဲ့ပါတယ်။

ထို့နောက်မှာတော့ ၂ဝ၁၈ နှစ်လယ်ပိုင်းလောက်မှာ စတင်မိတ်ဆက်ပေးခဲ့တဲ့ OPPO F7 series ထုတ်ကုန်များမှာတော့ မျက်နှာပြင်အချိုးအစားအနေနဲ့ 19:9 Aspect Ratio အထိရောက်ရှိလာခဲ့ပြီး မိုဘိုင်းလောကရဲ့ ခေတ်ရေစီးကြောင်းဒီဇိုင်းဖြစ်သည့် Notch Screen အနေနဲ့ပါ ပေါ်ထွက်လာနိုင်ခဲ့ပါတယ်။  သို့ပေမယ့်လည်း သုံးစွဲသူများကြားမှာ ယခုလိုမျိုး Notch Screen ပါဝင်ထည့်သွင်းဖန်တီးထားတဲ့ ဖုန်းဒီဇိုင်းမျိုးကိုမှ ကြိုက်နှစ်သက်သူများရှိသလို သိပ်ပြီးတော့ သဘောမတွေ့ကြတဲ့ သုံးစွဲသူများလည်း ရှိနေခဲ့ပါတယ်။

မိုဘိုင်းဖုန်းတစ်လုံးကို အသုံးပြုတဲ့အခါမှာ ဆက်သွယ်ရေးကိရိယာတစ်ခုအနေနဲ့သာမဟုတ်ဘဲ ကိုယ့်နေ့စဉ်ဘဝရဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်ခု အဖြစ်ပါ ရည်ရွယ်ပြီးတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့ လူငယ်ထုများအနေနဲ့ မျက်နှာပြင်တီထွင်ဆန်းသစ်မှုကို ပိုမိုတောင်းဆိုလျက်ရှိကြောင်းကို ဈေးကွက်အသံများက သက်သေထူလျက်ရှိသည်နှင့်အတူ OPPO က ပုံမှန် Notch Screen ရေစီးကြောင်းမှ ပိုမိုဆန်းသစ်စေမည့် ရေစက်ပုံစံမျက်နှာပြင်ဟုခေါ်ဝေါ်တဲ့ Waterdrop Screen ဖုန်းများကို တိုးတက်ထုတ်လုပ်လာခဲ့ရာ ယခုဆိုလျှင် OPPO F9 စမတ်ဖုန်းတွင် Waterdrop Screen ကို စတင်တွေ့ရှိရမှာပါ။

ယခု OPPO F9 တွင် ပါဝင်သွားမယ့် ရေစက်ပုံစံမျက်နှာပြင်ဒီဇိုင်းကြောင့် ဖုန်းကိုကြည့်ရှုအသုံးပြုတဲ့အခါမှာ ပိုမိုကျယ်ဝန်းပြည့်ဝတဲ့ မြင်ကွင်းစနစ်ကိုရရှိစေမည်ဖြစ်သလို 19.5:9 Aspect Ratio အချိုးအစားကြောင့် ဘေးဘောင်များမှာလည်း ယခင်ထက်ကို ပိုမိုပါးလျကျစ်လျစ်လာစေမှာပါ။ ပထမဆုံးအနေနဲ့ ထူးခြားဆန်းသစ်ပြီး ဖုန်း၏မြင်ကွင်းကြည့်ရှုမှုကိုပါ ပိုမိုအားကောင်းသွားစေမှာဖြစ်တဲ့ ပထမဆုံး Waterdrop Screen မျက်နှာပြင်သုံး OPPO F9 ကို လာမည့်သြဂုတ်လ ၃ဝ ရက်နေ့တွင် မြန်မာနိုင်ငံဈေးကွက်မှာ တရားဝင်မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ်။