Facebook ကို ဆရာကျကျ သုံးကြမယ်။ 


Social Network App တွေထဲက ထိပ်တန်းလိုက်နေတဲ့ Facebook ကို အရည်မရ အဖတ်မရ မသုံးဘဲ Pro ကျအောင် သုံးလို့ရပါတယ်။ Facebook က သင့်ဘဝနဲ့ အချိန်ကို ဖြုန်းတီးနေတာ မဟုတ်ဘဲ သင်က Facebook ကို ပြန်အသုံးချနိုင်ရင် အကောင်ဖြစ်ပါပြီ။ ဆရာကြီး ဖြစ်မယ့်အကောင်ပေါ့။

မိတ်ဆွေတွေကို ရှာဖွေပါ။ 

သင့်ရဲ့ငယ်ငယ်တုန်းက သူငယ်ချင်း အတန်းဖော် ကျောင်းနေဖက်ဟောင်း စတဲ့ အနေဝေးကွာကုန်တဲ့သူတွေကို Facebook သုံးရင်း ပြန်ရှာလို့ရပါတယ်။

အခွင့်အလမ်းကို ကြိုမြင်ပါ။ 

သင်ဟာ အလုပ်လက်ရှိတစ်ယောက်ဆိုရင် သင့်လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သိဖို့/ သင်ဟာ အလုပ်ရှာဖွေနေသူတစ်ယောက်ဆိုရင် အလုပ်ရနိုင်ဖို့ အခွင့်အလမ်းတွေ တွေ့ရှိဖို့ သက်ဆိုင်ရာ Group တွေထဲ ဝင်ရောက်လေ့လာ ဆွေးနွေးနိုင်ပါတယ်။ ပညာရပ် ဆိုင်ရာ Page တွေမှာလည်း သွားရောက် ကြည့်ရှုနိုင်ပါတယ်။

စီးပွားရေးအမြင်ရှိပါ။ 

Facebook မှာ လူတန်းစားပေါင်းစုံ သင်တွေ့နိုင်ပါတယ်။ သင်စိတ်ဝင်စားတဲ့ စီးပွားရေးလုပ်ငန်းတွေတွေ့ရင်လည်း သင်ယူလေ့လာပြီး အကျိုးတူလုပ်ငန်းဖော် ရှာဖွေနိုင်ပါတယ်။

ပွဲတွေကိုရှာဖွေပါ။ 

လင်မယားတွေကြား စနိုက်ကြော်တဲ့ပွဲတို့/ အပြင်မှာ ချိန်းထိုးရင်း Live လွှင့်တဲ့ပွဲတို့ကို ပြောတာ မဟုတ်ပါဘူး။ အနုပညာ ဝါသနာပါသူက ပန်းချီပြပွဲ Event တွေကို ရှာဖွေနိုင်ပါတယ်။ IT Field က လူတွေကတော့ နည်းပညာဆိုင်ရာ Workshop တွေ Seminar တွေကို ရှာဖွေလေ့လာနိုင်ပါတယ်။

Facebook ကို အချိန်အကန့်အသတ်နဲ့ သုံးပါ။ 

လိုင်းဖွင့်ပြီးတာနဲ့ ဖုန်းအားကုန်မှ လိုင်းပေါ်က ဆင်းတာမျိုး မလုပ်ပါနဲ့။ မိမိအတွက်အကျိုးရှိမယ့် တစ်ခုခုကို Facebook သုံးနေရင်း ရှာပါ။ သတ်မှတ်ထားတဲ့ အချိန်ရောက်ရင်တော့ ဖုန်းကို လက်ကချပြီး ပြင်ပလောကနဲ့ ပြန်လည်ထိတွေ့ပါ။

2017-09-20T18:45:56+00:00September 20th, 2017|HowTo, Mobile Phones|
error: Alert: Copyright © 2018. MyTech Myanmar