Facebookသုံးရင်း အလွန်အကျွံအချိန်ဖြုန်းနေပါက ပိုက်ဆံကောက်မယ့် Timewaste Timer

Facebooker တို့အတွက် သတင်းဆိုးလို့ ပြောနိုင်ပါတယ်။ ဒီလို ထူးဆန်းတဲ့ App လေးကို တီထွင်ခဲ့တာကတော့ Facebook စာမျက်နှာပေါ်မှာ အချိန်ဖြုန်းနေခြင်းကို ရပ်တန့်ကာကွယ်ပေးဖို့ပဲ ဖြစ်ပါတယ်။ Facebook သုံးမယ့်အစား စာဖတ်တာ ပန်းပင်စိုက်တာ ဘာသာစကားအသစ် တွေသင်တာ စသဖြင့် တခြားစိတ်ဝင်စားစရာတွေ လုပ်နိုင်အောင်လို့ ဒီ App လေးကို တမင်ဖန်တီးခဲ့တယ်လို့လည်း ဆိုပါတယ်။

တစ်နေ့လျှင် တစ်နာရီထက်ပိုမို၍ Facebook သုံးစွဲခြင်းက Facebook Addicted ဖြစ်နေပြီလို့ ပြောလို့ရပါတယ်။

သင်ဟာ Facebook သုံးရင်း အရမ်းကို အချိန်ဖြုန်းနေမိတယ်လို့ ထင်နေရင် ဒီ App လေးကို installed လုပ်ထားသင့်ပါတယ်။

ပထမဆုံးအနေနဲ့ Time wasting အကောင့်ထဲကို ငါးဒေါ်လာ ကနဦးထည့်ရပါမယ်။ တစ်နေ့ကို Facebook သုံးချိန် တစ်နာရီကျော်သွားတာနဲ့ သင်ထည့်ထားတဲ့ ငွေထဲက တစ်ဒေါ်လာ ဖြတ်ယူသွားပါလိမ့်မယ်။ သင်ကလည်း ပိုက်ဆံကုန်မှာစိုးတာနဲ့ Facebook သုံးဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒီလိုမှမဟုတ်ဘူး။ ပိုက်ဆံဖြတ်လည်း ဆက်သုံးနေမယ်ဆိုရင်တော့ သင်တော်တော်ကြီးကို Facebook စွဲနေပါပြီ။

တကယ်လို့ ပိုက်ဆံဖြတ်ခြင်းက သင့်အတွက် အကျိုးမထူးဘူးဆိုရင် Timewasting ကနေ ငါးဒေါ်လာ ပြန်ပေးပါလိမ့်မယ်။ ဒါမှမဟုတ်လည်း မပေးဘဲနဲ့ ထွက်ပြေးပါလိမ့်မယ်တဲ့။ 😛

စတာပါ။ နောက်တာပါ။

သင့်ဆီက ဖြတ်သွားတဲ့ပိုက်ဆံတွေကို လူတွေအတွက် အကျိုးပြုလုပ်ငန်းတွေမှာ ပြန်လည်ထည့်ဝင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီတော့ သင့်ပိုက်ဆံတွေက လှူလိုက်သလိုပါပဲ။

ဒါပေမယ့် ပိုက်ဆံနှမြောတဲ့ သူတွေအတွက်ကတော့ အကျိုးရှိစေပါလိမ့်မယ် လို့ သိရပါတယ်။