Facebook ကနေ ပြီးခဲ့တဲ့သောကြာနေ့တုန်းက သူတို့ရဲ့ ကြော်ငြာပေါ်လစီအသစ်ကို ကြေညာခဲ့ပြီးတော့ အဆိုပါ စနစ်အသစ်အရ လက်နက်နဲ့ ဆက်စပ်ပစ္စည်းကြော်ငြာတွေအတွက် ကောင်းမွန်တဲ့ပြောင်းလဲမှုတစ်ခုပါဝင်လာခဲ့ပါတယ်။

အဲ့ဒါကတော့ Facebook မှာ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို တိုက်ရိုက်၊ ဒါမှမဟုတ် သွယ်ဝိုက်ကြော်ငြာမယ်ဆိုရင် အသက် ၁၈ နှစ်မပြည့်သေးတဲ့သူတွေကို ပေးပြသမှာမဟုတ်တော့တာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Facebook က လက်နက်နဲ့ အခြားမွမ်းမံပြင်ဆင်မှုတွေကို ရောင်းချတဲ့ကြော်ငြာတွေကိုတော့ ပိတ်ပင်ထားဆဲဖြစ်ပြီးတော့ အခုလိုပြောင်းလဲမှုဟာ အခြား ဆက်စပ်ပစ္စည်းတွေအပေါ်ကို အဓိက သက်ရောက်မှာပဲဖြစ်ပါတယ်။

Facebook အနေနဲ့ ပြီးခဲ့တဲ့ လပိုင်းတုန်းက Cambridge Analytica ကုမ္ပဏီက Data ခိုးယူမှုတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ပစ်ခတ်မှုတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့တဲ့အတွက် အခုလိုမျိုး ပေါ်လစီပြောင်းလဲမှုကို ပြုလုပ်ခဲ့တယ်လို့ ယူဆရပါတယ်။

Facebook လိုပဲ YouTube ကလည်း ပြီးခဲ့တဲ့ မတ်လထဲက အခုလိုမျိုး လက်နက်နဲ့ အခြားမွမ်းမံပြင်ဆင်မှု ပြုလုပ်တဲ့ ဗီဒီယိုတွေကို ဖယ်ရှားပစ်ခဲ့ပြီးဖြစ်ပါတယ်။