[Zawgyi]

ၿပီးခဲ့တဲ့ အဂၤါေန႔ညတုန္းက Facebook ရဲ႕ Menlo Park ပရိဝုဏ္တြင္းက အေဆာက္အအုံတစ္ခုမွာ ဗုံးလန႔္မႈျဖစ္ပြားခဲ့ပါတယ္။ ဒီအေဆာက္အအုံတြင္းမွာ Facebook နဲ႔ Instagram ရဲ႕ ဝန္ထမ္းေတြရွိေနၾကတာေၾကာင့္ ေနရာကေန ေ႐ႊ႕ေျပာင္းဖယ္ရွားေပးခဲ့ရပါေသးတယ္။

ဒီကိစၥကို Menlo Park ရဲဌာနက ဗုံးေထာင္ထားတယ္လို႔ သံသယရွိတဲ့ အေဆာက္အအုံကို ရွာေဖြျခင္းျပဳခဲ့ရေၾကာင္း Twitter မွာ အတည္ျပဳေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ ေပါက္ကြဲမႈျဖစ္ပြားစရာ ဒါမွမဟုတ္ သံသယျဖစ္ဖြယ္ရာ ဘာအထုပ္အပိုးတစ္ခုကိုမွ ရွာမေတြ႕ခဲ့ဘူးလို႔ ျပန္လည္ေျပာဆိုခဲ့ပါတယ္။

ဒီ ဗုံးလန႔္မႈတိုင္ၾကားျခင္းကို နယူးေယာက္ ရဲဌာနရဲ႕ ရာဇဝတ္မႈတားဆီးေရးအဖြဲ႕က ဦးစြာ လက္ခံရရွိခဲ့တာျဖစ္တယ္လို႔ ဆန္ဖရန္စစၥကို NBC ရဲ႕ သတင္းေဖာ္ျပခ်က္အရ သိရပါတယ္။ ဒါေၾကာင့္ပဲ Menlo Park ရဲ႕တာဝန္ရွိသူေတြက ဝန္ထမ္းေတြကို ေနရာကေနဖယ္ရွားေပးဖို႔ သတိေပးမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီတုန္းက YouTube ရဲ႕ San Bruno ပရိဝုဏ္အတြင္း ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း နည္းပညာဆိုင္ရာ ႐ုံးဌာန အေဆာက္အအုံေတြရဲ႕ လုံၿခဳံေရးကို ပိုမိုတိုးျမႇင့္ဂ႐ုစိုက္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ထူးျခားတဲ့ ေနာက္ဆက္တြဲသတင္း ေဖာ္ျပမႈလည္း မေတြ႕ရတာေၾကာင့္ သာမန္ ဗုံးလန႔္မႈတစ္ခုအျဖစ္သာ မွတ္ယူရေတာ့မွာ ျဖစ္ပါတယ္။

 

Ref: The Verge

 

[Unicode]

ပြီးခဲ့တဲ့ အင်္ဂါနေ့ညတုန်းက Facebook ရဲ့ Menlo Park ပရိဝုဏ်တွင်းက အဆောက်အအုံတစ်ခုမှာ ဗုံးလန့်မှုဖြစ်ပွားခဲ့ပါတယ်။ ဒီအဆောက်အအုံတွင်းမှာ Facebook နဲ့ Instagram ရဲ့ ဝန်ထမ်းတွေရှိနေကြတာကြောင့် နေရာကနေ ရွှေ့ပြောင်းဖယ်ရှားပေးခဲ့ရပါသေးတယ်။

ဒီကိစ္စကို Menlo Park ရဲဌာနက ဗုံးထောင်ထားတယ်လို့ သံသယရှိတဲ့ အဆောက်အအုံကို ရှာဖွေခြင်းပြုခဲ့ရကြောင်း Twitter မှာ အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ပေါက်ကွဲမှုဖြစ်ပွားစရာ ဒါမှမဟုတ် သံသယဖြစ်ဖွယ်ရာ ဘာအထုပ်အပိုးတစ်ခုကိုမှ ရှာမတွေ့ခဲ့ဘူးလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

ဒီ ဗုံးလန့်မှုတိုင်ကြားခြင်းကို နယူးယောက် ရဲဌာနရဲ့ ရာဇဝတ်မှုတားဆီးရေးအဖွဲ့က ဦးစွာ လက်ခံရရှိခဲ့တာဖြစ်တယ်လို့ ဆန်ဖရန်စစ္စကို NBC ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။ ဒါကြောင့်ပဲ Menlo Park ရဲ့တာဝန်ရှိသူတွေက ဝန်ထမ်းတွေကို နေရာကနေဖယ်ရှားပေးဖို့ သတိပေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီတုန်းက YouTube ရဲ့ San Bruno ပရိဝုဏ်အတွင်း ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နည်းပညာဆိုင်ရာ ရုံးဌာန အဆောက်အအုံတွေရဲ့ လုံခြုံရေးကို ပိုမိုတိုးမြှင့်ဂရုစိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထူးခြားတဲ့ နောက်ဆက်တွဲသတင်း ဖော်ပြမှုလည်း မတွေ့ရတာကြောင့် သာမန် ဗုံးလန့်မှုတစ်ခုအဖြစ်သာ မှတ်ယူရတော့မှာ ဖြစ်ပါတယ်။

 

Ref: The Verge