[Zawgyi]

ဒီႏွစ္ရဲ႕ ဧၿပီလနဲ႔ စက္တင္ဘာလၾကားထဲမွာတင္ Facebook က ဖ်က္ပစ္ခဲ့ရတဲ့ အေကာင့္တုအေရအတြက္ဟာ ၁.၅ ဘီလီယံ ေက်ာ္ရွိတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Spam အေရအတြက္ေပါင္း ၂.၁ ဘီလီယံကိုလည္း ဖ်က္ခဲ့ရေသးတယ္လို႔ ဆိုပါတယ္။

ဒီလိုမ်ိဳး အံ့ၾသတုန္လႈပ္ဖြယ္ရာ အေရအတြက္စာရင္းကို Facebook က သူ႔ရဲ႕ Community Standards Report မွာ ထည့္သြင္းေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။ ဒီအစီရင္ခံစာမွာ Facebook အေနနဲ႔ ညစ္ညမ္းပုံေတြ အမုန္းစကားေတြ၊ အၾကမ္းဖက္ဆိုင္ရာဝါဒျဖန႔္ျခင္းေတြ၊ ထိတ္လန႔္ဖြယ္ရာနဲ႔ မႏွစ္ၿမိဳ႕ဖြယ္ရာ အေၾကာင္းအရာေတြ၊ ႐ုပ္ပုံေတြ နဲ႔ပတ္သက္ၿပီး ကိုင္တြယ္ ေျဖရွင္းခဲ့ရပုံေတြကို ထည့္သြင္းေဖာ္ျပထားပါတယ္။

ဒါ့အျပင္ Facebook ရဲ႕ ေဖာ္ျပခ်က္အရ အေကာင့္တုအေတာ္မ်ားမ်ားဟာ Cyber-attack ေတြနဲ႔ တိုက္႐ိုက္သက္ဆိုင္တဲ့ ရလဒ္ကိုေတြ႕ရွိခဲ့ရေၾကာင္းလည္း သိရပါတယ္။ ဒါေၾကာင့္ Facebook အေနနဲ႔ သူ႔ရဲ႕ လူမႈကြန္ရက္ကို ပိုၿပီး အဆင့္အတန္းျမင့္မားဖို႔နဲ႔ လုံၿခဳံစိတ္ခ်မႈ ရရွိဖို႔အတြက္ လုပ္ေဆာင္ခဲ့ရတယ္လို႔လည္း ဆိုပါတယ္။

Facebook အေနနဲ႔ ထိတ္လန႔္ဖြယ္၊ မႏွစ္ၿမိဳ႕ဖြယ္ အေၾကာင္းအရာေတြကို တားျမစ္ျခင္းက သင့္ေလ်ာ္မယ္လို႔ ယူဆတာေၾကာင့္ ဒီအေၾကာင္းအရာေတြကို မႏွစ္ၿမိဳ႕ရင္ သတင္းေပးပို႔တိုင္ၾကားႏိုင္ဖို႔ကိုလည္း လုပ္ေဆာင္ခဲ့ရေၾကာင္း ေဖာ္ျပထားပါတယ္။ တိုင္ၾကားမႈအားလုံးရဲ႕ ၉၅.၉% နီးပါးက ဒီလို မႏွစ္ၿမိဳ႕ဖြယ္၊ ထိတ္လန႔္ဖြယ္ အေၾကာင္းအရာေတြ ျဖစ္ေနတာကိုလည္း ေတြ႕ခဲ့ရေၾကာင္း သိရပါတယ္။

Ref: GSMarena

 

[Unicode]

ဒီနှစ်ရဲ့ ဧပြီလနဲ့ စက်တင်ဘာလကြားထဲမှာတင် Facebook က ဖျက်ပစ်ခဲ့ရတဲ့ အကောင့်တုအရေအတွက်ဟာ ၁.၅ ဘီလီယံ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် Spam အရေအတွက်ပေါင်း ၂.၁ ဘီလီယံကိုလည်း ဖျက်ခဲ့ရသေးတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး အံ့သြတုန်လှုပ်ဖွယ်ရာ အရေအတွက်စာရင်းကို Facebook က သူ့ရဲ့ Community Standards Report မှာ ထည့်သွင်းဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာမှာ Facebook အနေနဲ့ ညစ်ညမ်းပုံတွေ အမုန်းစကားတွေ၊ အကြမ်းဖက်ဆိုင်ရာဝါဒဖြန့်ခြင်းတွေ၊ ထိတ်လန့်ဖွယ်ရာနဲ့ မနှစ်မြို့ဖွယ်ရာ အကြောင်းအရာတွေ၊ ရုပ်ပုံတွေ နဲ့ပတ်သက်ပြီး ကိုင်တွယ် ဖြေရှင်းခဲ့ရပုံတွေကို ထည့်သွင်းဖော်ပြထားပါတယ်။

ဒါ့အပြင် Facebook ရဲ့ ဖော်ပြချက်အရ အကောင့်တုအတော်များများဟာ Cyber-attack တွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ရလဒ်ကိုတွေ့ရှိခဲ့ရကြောင်းလည်း သိရပါတယ်။ ဒါကြောင့် Facebook အနေနဲ့ သူ့ရဲ့ လူမှုကွန်ရက်ကို ပိုပြီး အဆင့်အတန်းမြင့်မားဖို့နဲ့ လုံခြုံစိတ်ချမှု ရရှိဖို့အတွက် လုပ်ဆောင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

Facebook အနေနဲ့ ထိတ်လန့်ဖွယ်၊ မနှစ်မြို့ဖွယ် အကြောင်းအရာတွေကို တားမြစ်ခြင်းက သင့်လျော်မယ်လို့ ယူဆတာကြောင့် ဒီအကြောင်းအရာတွေကို မနှစ်မြို့ရင် သတင်းပေးပို့တိုင်ကြားနိုင်ဖို့ကိုလည်း လုပ်ဆောင်ခဲ့ရကြောင်း ဖော်ပြထားပါတယ်။ တိုင်ကြားမှုအားလုံးရဲ့ ၉၅.၉% နီးပါးက ဒီလို မနှစ်မြို့ဖွယ်၊ ထိတ်လန့်ဖွယ် အကြောင်းအရာတွေ ဖြစ်နေတာကိုလည်း တွေ့ခဲ့ရကြောင်း သိရပါတယ်။

Ref: GSMarena