လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက စတင်မိတ်ဆက်ခဲ့တဲ့ Messenger Gaming Platform ဟာဆိုရင် အခုအချိန်မှာဆိုရင် တစ်နှစ်ကျော်လို့ သွားခဲ့ပါပြီ။ အခုအခါမှာတော့ Facebook အနေနဲ့ Messenger Gaming Platform နဲ့ ပတ်သတ်တဲ့ Feature အသစ်တစ်ခုကိုထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်။ အဲ့ဒါကတော့ Messenger မှာဂိမ်းတွေကစားနေတာကို Facebook ပေါ်မှာ Live လွှင့်နိုင်လာမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် သူငယ်ချင်းတွေနဲ့ဂိမ်းအတူကစားရင်း နဲ့လည်း Video Chat နိုင်မယ့် Feature အသစ်တစ်ခုကို မကြာမီ အချိန်အတွင်း စတင် အသုံးပြု လာနိုင်တော့မှာပဲ ဖြစ်ပါတယ်။ အဲ့ဒီ Feature ကိုတော့ Zynga’s Words Game မှာ သူငယ်ချင်းတွေနဲ့အတူ ကစားတဲ့အခါမှာ ပထမဆုံးအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး အခြား Games တွေမှာတော့ အသုံးပြုနိုင်ခြင်းရှိသေးမှာမဟုတ်ပါဘူး။

Facebook အနေနဲ့ Messenger Instant Games Feature ကိုမိတ်ဆက်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ Messenger ကိုအသုံးပြုသူတွေအနေနဲ့ Chatting အပြင်တခြားသုံးစရာ တစ်ခု ရှိလာစေရန်ပဲ ဖြစ်ပါတယ်။ Facebook အနေနဲ့ Instant Games Feature ကိုထည့်သွင်းခဲ့ရခြင်းရဲ့ နောက်ထပ်ရည်ရွယ်ချက်တစ်ခုကတော့ Social Gaming လောကမှာ ပြန်ပြီး နေရာတစ်ခု ရလာစေရန်အတွက်လည်းဖြစ်ပါတယ်။

အခုအချိန်မှာဆိုရင် Messenger အသုံးပြုသူများထဲမှဂိမ်းကစားသူအရေအတွက် 1.3 Billion ကျော်ရှိလာပြီး Facebook Game Feature အတွက် တစ်ပတ်ကို နာရီပေါင်း ၃သိန်း ၆သောင်းကျော် အချိန်ပေးနေကြပြီပဲဖြစ်ပါတယ်။
Facebook အနေနဲ့ Instant Games Feature ကိုစတင်မိတ်ဆက်ခဲ့တဲ့အချိန်တုန်းက ဂိမ်းအရေအတွက် ၂၀ကျော်သာရှိခဲ့ပြီး ယခုအခါမှာတော့ Game Developers 100 ကျော်နဲ့အတူ ဂိမ်းပေါင်း 70 ကျော်အထိ မြင့်တက်သွားခဲ့ပြီပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလကမိတ်ဆက်ခဲ့တဲ့ Instant Games Feature ကနေပြီးတော့ Facebook အနေနဲ့ In-Game-Purchases များအတွက် 30 Percent Tax ကောက်ခံခဲ့ပြီး အမြတ်အစွန်း ဒေါ်လာ ဘီလီယံ နဲ့ချီပြီး ရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ယခုလို Live Feature အသစ်တစ်ခုကိုထပ်သွင်းပြီး Instant Games Feature ကိုပိုမိုအသုံးပြုသူများပြားလာစေရန် ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။

Messenger Instant Game ကစားတာတွေကိုဘယ်လို Live လွှင့်မလဲ?

Messenger မှာ Instant Game ကစားနေတာတွေကို Live လွှင့်ချင်တယ်ဆိုရင်တော့ Game ရဲ့ ညာဘက်အပေါ်ထောင့်နားမှာရှိတဲ့ Camera Icon လေးကိုနှိပ်ပေးလိုက်ရုံပါပဲ။ Live လွှင့်တာရဲ့ထုံးစံအတိုင်း Short Description တစ်ခုကိုလည်း ရေးသားဖေါ်ပြနိုင်ပါသေးတယ်။ အဲ့ဒါတွေလုပ်ပြီးသွားရင်တော့ “Start Live Video” ဆိုတာလေးကိုနှိပ်ပြီး Live လွှင့်နိုင်မှာပဲ ဖြစ်ပါတယ်။

Live လွှင့်တာပြီးသွားရင်တော့ အဲ့ Video လေးကို Live လွှင့်ခဲ့တဲ့ Page ဒါမှမဟုတ် Profile မှာ Upload တင်ပေးထားမှာပဲဖြစ်ပါတယ်။ တကယ်လို့ Live Video ကိုမိမိရဲ့ Profile မှာဒါမှမဟုတ် Page မှာပေါ်မနေစေချင်ဘူးဆိုရင်လည်း အချိန်မရွေး Delete လုပ်နိုင်မှာပဲဖြစ်ပါတယ်။

REF: Tech Crunch