Facebook ကနေ ယခင်နှစ်က Calendar နဲ့ Facebook က Events တွေကို အလွယ်တကူကြည့်ရှု့နိုင်မယ့် “Events” အမည်ရတဲ့ Application ကို ထုတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း iOS အတွက် စတင်ထွက်ရှိပြီး ရက်အနည်းငယ်လောက်ပဲ Most Downloaded Apps List မှာ ရှိနေလိုက်ပြီး နောက်ပိုင်း အသုံးပြုသူတွေနည်းပါးသွားပြီး Facebook ကိုယ်တိုင်က အဆိုပါ App ကို ပစ်ထားခဲ့ရတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Facebook က အဆိုပါ Events App ကိုပဲ ပြင်ဆင်မှုတွေပြုလုပ်ခဲ့သလို နာမည်ပါပြောင်းလဲခဲ့ပြီး “Local” နာမည်နဲ့ iOS App Store မှာရော၊ Google Play Store မှာပါ Download ရယူအသုံးပြုနိုင်တဲ့ Local နာမည်နဲ့ Application က အစားထိုးဝင်ရောက်လာပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Facebook အသုံးပြုနေပြီးတော့ ကိုယ့် အနီးအနားဝန်းကျင်မှာ ဘာ Event တွေပြုလုပ်နေသလဲဆိုတာကို သိချင်တယ်ဆိုရင် အခု Local Application က အသုံးဝင်မှာဖြစ်တဲ့အတွက် Review ပြုလုပ်ပေးလိုက်ပါတယ်။

အခု Local App မှာဆိုရင် အနီးအမားမှာရှိတဲ့ Events တွေအပြင်၊ စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေ၊ Shopping Center တွေအစရှိတဲ့ နေရာမျိုးစုံကို ဖော်ပြပေးမယ့်အပြင် Facebook အသုံးပြုသူတွေရဲ့ Review တွေကိုပါ ဖော်ပြသွားမယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့တည်ရှိနေတဲ့နေရာကိုလည်း မြေပုံအနေနဲ့ ဖော်ပြသွားမှာဖြစ်ပြီးတော့ Maps View အနေနဲ့လည်း ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့ Event တွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုလိုမျိုး Events တွေ၊ Nearby Places တွေက Facebook App မှာလည်း အသုံးပြုနိုင်နေတဲ့အတွက် ဘာဖြစ်လို့ Local App လိုမျိုး သီးခြား Application လိုအပ်သလဲဆိုတာက အနည်းငယ်နားလည်ရခက်နေပါတယ်။

ဒါက Local App က မကောင်းဘူးလို့ ပြောတာမျိုးမဟုတ်ပဲ Weekend ပိတ်ရက်တွေမှာ အပြင်မှာ ဘာပွဲတွေ၊ Events တွေရှိလည်းသိချင်ရင် Local App ကနေ နေ့ရက်အလိုက် ကြည့်ရှုနိုင်သလို Map အနေနဲ့လည်း ကြည့်လို့ရတဲ့အတွက် ကိုယ်နဲ့အနီးဆုံးမှာ ဘာ Event တွေရှိနေလဲဆိုတာကို အလွယ်တကူကြည့်ရှုနိုင်တာကတော့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။