Facebook ကနေ မနေ့က ပြုလုပ်ခဲ့တဲ့ Facebook F8 Developer Conference မှာ Facebook နဲ့ ပတ်သတ်ပြီး သတင်းထုတ်ပြန်ချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ လက်ရှိ Facebook ပေါ်မှာ Single ဖြစ်နေတဲ့သူပေါင်း သန်း ၂၀၀ ကျော်ရှိနေတဲ့အတွက် အဆိုပါသူတွေအတွက် Dating Feature ကို Facebook ကနေ မိတ်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။

အခု Feature ဟာ လက်ရှိအချိန်မှာ Dating App အနေနဲ့ နာမည်ကြီးတဲ့ Tinder ကို ပြိုင်ဆိုင်ဖို့ဖြစ်ပြီးတော့ Tinder နဲ့ မတူတဲ့အချက်က Facebook က သီးခြား App တစ်ခုအစား Facebook App ထဲမှာပဲ Feature တစ်ခုအနေနဲ့ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

Facebook အနေနဲ့ အခု Dating Feature အကြောင်းကို အသေးစိတ်ပြောကြားသွားခြင်းမရှိပေမယ့်လည်း အခု Dating Features ဟာ ကိုယ့် Friends နဲ့ Mutual Friends တွေထဲမှာ ကိုယ့်အကြိုက်၊ အနေအထိုင်နဲ့ ဆင်တူတဲ့ အခြား Single တစ်ယောက်ကို Recommend ပေးသွားမှာဖြစ်ပြီး တဖြည်းဖြည်း သီးသန့် ဆက်သွယ်ပြောဆိုသွားနိုင်အောင် ရည်ရွယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကဲ.. Facebook ကနေ Date လုပ်ကြရအောင်လား?