[Zawgyi]

ဂီတနဲ႔ ကခုန္ျခင္းကို ႏွစ္သက္ၾကတဲ့ ဆယ္ေက်ာ္သက္ေတြကို ဖမ္းစားဖို႔အတြက္ Lasso လို႔အမည္ရတဲ့ Social media platform တစ္ခုကို Facebook က တိတ္တဆိတ္ပဲ ျဖန႔္လိုက္ပါတယ္။ Lasso ရဲ႕ အဓိက ရည္႐ြယ္ခ်က္က ဆယ္ေက်ာ္သက္ ပရိသတ္ကို ဆြဲေဆာင္ဖို႔အျပင္ TikTok ကိုလည္း ယွဥ္ၿပိဳင္ဖို႔လို႔လည္း ယူဆရပါတယ္။

တ႐ုတ္ကုမၸဏီ ByteDance က Musical.ly ကို ေဒၚလာ ၁ ဘီလီယံနဲ႔ ဝယ္ယူၿပီး TiKTok ကိုဖန္တီးခဲ့ပါတယ္။ ျမဴးႂကြတဲ့ သီခ်င္းေလးေတြနဲ႔အတူ ၁၅ စကၠန္႕စာ ေပ်ာ္႐ႊင္စရာဗီဒီယိုဖိုင္ေတြကို ျပဳလုပ္ႏိုင္တဲ့ TikTok က တ႐ုတ္ႏိုင္ငံအပါအဝင္ အျခားႏိုင္ငံေတြက လူငယ္ေတြၾကားမွာ ေအာင္ျမင္မႈေတြ ရရွိခဲ့ပါတယ္။ အခုေတာ့ Facebook ကလည္း အလားတူ App ကို ဖန္တီးၿပီး ျဖန႔္ခ်ိလိုက္ပါၿပီ။

၂၀၁၈ ရဲ႕ စာရင္းအရဆိုရင္ ဆယ္ေက်ာ္သက္အားလုံးရဲ႕ တစ္ဝက္ေလာက္ကပဲ Facebook ကို ဆက္အသုံးျပဳေတာ့တာ ျဖစ္ပါတယ္။ ဒါဟာ ၂၀၁၄ ခုႏွစ္တုန္းကနဲ႔ ႏႈိင္းယွဥ္ရင္ ၇၁ ရာခိုင္ႏႈန္း က်ဆင္းသြားတာ ျဖစ္ပါတယ္။ ၂၀၁၆ ရဲ႕ သုေတသနရလဒ္အရ ဆယ္ေက်ာ္သက္ေတြဟာ ဂီတကို အလြန္ႏွစ္သက္ၾကေၾကာင္း Facebook က သိရွိခဲ့ပါတယ္။ ဒီေတာ့ Facebook ရဲ႕ Video and watch team က လူငယ္ႀကိဳက္ ဂီတနဲ႔ ဗီဒီယိုကို ေပါင္းစပ္ၿပီး ေပ်ာ္႐ႊင္ဖြယ္ရာေတြ ဖန္တီးႏိုင္မယ့္ Lasso ကို စတင္ခဲ့တာပဲ ျဖစ္ပါတယ္။

Lasso ဟာ Standalone app ျဖစ္ေပမယ့္ Instagram ကေနတစ္ဆင့္ Sing in လုပ္တာ၊ ဒါမွမဟုတ္ Facebook ကို အသုံးျပဳၿပီး အေကာင့္ ဖန္တီးတာ ေတြ လုပ္လို႔ရပါတယ္။ ကိုယ့္ရဲ႕ Profile page, photos, videos ေတြမွာ access လုပ္ခြင့္ေပးထားလို႔ရပါတယ္။ ဒါၿပီးရင္ေတာ့ Short videos ေလးေတြကို အမ်ားႀကီးဖန္တီးၿပီး Autoplay လုပ္ေပးထားလို႔ ရပါၿပီ။ အျခား ဆိုရွယ္မီဒီယာ ပလက္ေဖာင္းေတြလိုပဲ ေအာက္ေျခမွာ Hashtags ေတြထည့္လို႔ရပါတယ္။ Facebook stories ေတြလိုပဲ Lasso video ေတြကိုလည္း Share လို႔ရပါတယ္။ ေနာက္ပိုင္းမွာ Instagram stories လိုမ်ိဳး Share လို႔ရမယ့္ Feature လည္း ေထာက္ပံ့ေပးလာမယ္လို႔ သိရပါတယ္။

Ref: The Verge

 

[Unicode]

ဂီတနဲ့ ကခုန်ခြင်းကို နှစ်သက်ကြတဲ့ ဆယ်ကျော်သက်တွေကို ဖမ်းစားဖို့အတွက် Lasso လို့အမည်ရတဲ့ Social media platform တစ်ခုကို Facebook က တိတ်တဆိတ်ပဲ ဖြန့်လိုက်ပါတယ်။ Lasso ရဲ့ အဓိက ရည်ရွယ်ချက်က ဆယ်ကျော်သက် ပရိသတ်ကို ဆွဲဆောင်ဖို့အပြင် TikTok ကိုလည်း ယှဉ်ပြိုင်ဖို့လို့လည်း ယူဆရပါတယ်။

တရုတ်ကုမ္ပဏီ ByteDance က Musical.ly ကို ဒေါ်လာ ၁ ဘီလီယံနဲ့ ဝယ်ယူပြီး TiKTok ကိုဖန်တီးခဲ့ပါတယ်။ မြူးကြွတဲ့ သီချင်းလေးတွေနဲ့အတူ ၁၅ စက္ကန့်စာ ပျော်ရွှင်စရာဗီဒီယိုဖိုင်တွေကို ပြုလုပ်နိုင်တဲ့ TikTok က တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံတွေက လူငယ်တွေကြားမှာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အခုတော့ Facebook ကလည်း အလားတူ App ကို ဖန်တီးပြီး ဖြန့်ချိလိုက်ပါပြီ။

၂၀၁၈ ရဲ့ စာရင်းအရဆိုရင် ဆယ်ကျော်သက်အားလုံးရဲ့ တစ်ဝက်လောက်ကပဲ Facebook ကို ဆက်အသုံးပြုတော့တာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ်တုန်းကနဲ့ နှိုင်းယှဉ်ရင် ၇၁ ရာခိုင်နှုန်း ကျဆင်းသွားတာ ဖြစ်ပါတယ်။ ၂၀၁၆ ရဲ့ သုတေသနရလဒ်အရ ဆယ်ကျော်သက်တွေဟာ ဂီတကို အလွန်နှစ်သက်ကြကြောင်း Facebook က သိရှိခဲ့ပါတယ်။ ဒီတော့ Facebook ရဲ့ Video and watch team က လူငယ်ကြိုက် ဂီတနဲ့ ဗီဒီယိုကို ပေါင်းစပ်ပြီး ပျော်ရွှင်ဖွယ်ရာတွေ ဖန်တီးနိုင်မယ့် Lasso ကို စတင်ခဲ့တာပဲ ဖြစ်ပါတယ်။

Lasso ဟာ Standalone app ဖြစ်ပေမယ့် Instagram ကနေတစ်ဆင့် Sing in လုပ်တာ၊ ဒါမှမဟုတ် Facebook ကို အသုံးပြုပြီး အကောင့် ဖန်တီးတာ တွေ လုပ်လို့ရပါတယ်။ ကိုယ့်ရဲ့ Profile page, photos, videos တွေမှာ access လုပ်ခွင့်ပေးထားလို့ရပါတယ်။ ဒါပြီးရင်တော့ Short videos လေးတွေကို အများကြီးဖန်တီးပြီး Autoplay လုပ်ပေးထားလို့ ရပါပြီ။ အခြား ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေလိုပဲ အောက်ခြေမှာ Hashtags တွေထည့်လို့ရပါတယ်။ Facebook stories တွေလိုပဲ Lasso video တွေကိုလည်း Share လို့ရပါတယ်။ နောက်ပိုင်းမှာ Instagram stories လိုမျိုး Share လို့ရမယ့် Feature လည်း ထောက်ပံ့ပေးလာမယ်လို့ သိရပါတယ်။

Ref: The Verge