[Zawgyi]

အရင္ကတည္းက Facebook ရဲ႕ “Unsend Message” ဆိုတဲ့ Feature ၾကီးကို ရဖို႔ေမွ်ာ္လင့္ခဲ့ရတာပါ Crush ကို ဖြင့္ေျပာျပီးမွ ျပန္ဖ်က္ခ်င္ရင္လည္း ဖ်က္ႏုိင္မယ့္ Feature ဆိုေတာ့ ရလာခဲ့ရင္လည္း ေတာ္ေတာ္နာမည္ၾကီးဦးမွာပါပဲ။

ဒါေပမယ့္ ကန္႔သတ္ခ်က္ေလးက ကိုယ္ပို႔လုိက္တဲ့စာကို တစ္ဖက္လူက မဖတ္မခ်င္း ၁၀မိနစ္အတြင္းမွာပဲ ျပန္ဖ်က္ခြင့္ရိွမွာပါ။ WhatsApp ရဲ႕ ကန္႔သတ္ခ်ိန္နဲ႔ယွဥ္ရင္ေတာ့ သူကပိုၾကာတယ္လို႔ေျပာရမွာပါ။ iOS အတြက္ “Coming Soon” လုိ႔ေျပာထားေတာ့ iOS သမားေတြကေတာ့ ပိုကံေကာင္းပါတယ္။ iOS ျပီးရင္ေတာ့ Android သမားေတြဆီ ေရာက္လာမယ္ထင္ပါတယ္။

User ေတြရဲ႕ Inbox ထဲက မက္ေဆ့ခ်္ေတြကို မက္ဇူကာဘက္နဲ႔ တျခားအဖြဲ႔ေခါင္းေဆာင္ေတြက ဖ်က္လာခဲ့တာၾကာျပီျဖစ္ေၾကာင္း ဧျပီလတုန္းက TechCrunch က ေဖာ္ျပသြားခဲ့ပါတယ္။ အခု ဒီ Feature တရားဝင္မထြက္လာခင္ထိေတာ့ သူတို႔အေနနဲ႔ မက္ေဆ့ခ်္ေတြကို မဖ်က္ပါဘူးလို႔ အာမခံေပးစရာအေၾကာင္းမရိွဘူးထင္ပါတယ္။

လိုအပ္တဲ့အပိုင္းေတြကို ျပဳျပင္ မြမ္းမံ ျပင္ဆင္ျပီးသြားရင္ေတာ့ Public မွာ ခ်ျပလာပါလိမ့္မယ္။ ကုိယ့္အေနနဲ႔ ပို႔လိုက္ျပီးမွ ေနာင္တရတဲ့အျဖစ္မ်ိဳးေတြလည္း ခဏခဏၾကံဳဖူးတယ္ဆိုေတာ့ ဒီ Feature ေလးက User ေတြရဲ႕ လိုအပ္ခ်က္နဲ႔ ကိုက္ညီတဲ့ Feature ေလးတစ္ခုျဖစ္လာမွာက်ိန္းေသပါတယ္။

[Unicode]

အရင်ကတည်းက Facebook ရဲ့ “Unsend Message” ဆိုတဲ့ Feature ကြီးကို ရဖို့မျှော်လင့်ခဲ့ရတာပါ Crush ကို ဖွင့်ပြောပြီးမှ ပြန်ဖျက်ချင်ရင်လည်း ဖျက်နိုင်မယ့် Feature ဆိုတော့ ရလာခဲ့ရင်လည်း တော်တော်နာမည်ကြီးဦးမှာပါပဲ။

ဒါပေမယ့် ကန့်သတ်ချက်လေးက ကိုယ်ပို့လိုက်တဲ့စာကို တစ်ဖက်လူက မဖတ်မချင်း ၁၀မိနစ်အတွင်းမှာပဲ ပြန်ဖျက်ခွင့်ရှိမှာပါ။ WhatsApp ရဲ့ ကန့်သတ်ချိန်နဲ့ယှဉ်ရင်တော့ သူကပိုကြာတယ်လို့ပြောရမှာပါ။ iOS အတွက် “Coming Soon” လို့ပြောထားတော့ iOS သမားတွေကတော့ ပိုကံကောင်းပါတယ်။ iOS ပြီးရင်တော့ Android သမားတွေဆီ ရောက်လာမယ်ထင်ပါတယ်။

User တွေရဲ့ Inbox ထဲက မက်ဆေ့ချ်တွေကို မက်ဇူကာဘက်နဲ့ တခြားအဖွဲ့ခေါင်းဆောင်တွေက ဖျက်လာခဲ့တာကြာပြီဖြစ်ကြောင်း ဧပြီလတုန်းက TechCrunch က ဖော်ပြသွားခဲ့ပါတယ်။ အခု ဒီ Feature တရားဝင်မထွက်လာခင်ထိတော့ သူတို့အနေနဲ့ မက်ဆေ့ချ်တွေကို မဖျက်ပါဘူးလို့ အာမခံပေးစရာအကြောင်းမရှိဘူးထင်ပါတယ်။

လိုအပ်တဲ့အပိုင်းတွေကို ပြုပြင် မွမ်းမံ ပြင်ဆင်ပြီးသွားရင်တော့ Public မှာ ချပြလာပါလိမ့်မယ်။ ကိုယ့်အနေနဲ့ ပို့လိုက်ပြီးမှ နောင်တရတဲ့အဖြစ်မျိုးတွေလည်း ခဏခဏကြုံဖူးတယ်ဆိုတော့ ဒီ Feature လေးက User တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Feature လေးတစ်ခုဖြစ်လာမှာကျိန်းသေပါတယ်။