Honda Fit ရဲ့ တတိယမြောက် မျိုးဆက်ကိုတော့ ၂၀၁၈ ခုနှစ်မှာ ထုတ်လုပ်မှာဖြစ်ပါတယ်။ Honda Fit က အရင်က မိသားစုစီးတဲ့ကား ရိုးရိုးလေးပုံစံကနေ တဖြည်းဖြည်းပြောင်းလဲလာကာ ၂၀၁၈ ခုနှစ်မှာဆိုရင်တော့ Sport Type ပုံစံကို ချိုးထားပါတယ်။ အဲ့ဒီအပြင် ကားတစ်စီးလုံးရဲ့ လုံခြုံရေးပိုင်းကိုလည်း အဆင့်မြှင့်တင်ထားတယ်လို့ ဆိုပါတယ်။

ကားရဲ့ အရှေ့ပိုင်းနဲ့ ဘေးမှန်တွေက ပြန်ပြီး စမ်းသစ်ထားပါတယ်။ ဒါပေမယ့် ကားရဲ့အနောက်ဘက်ပိုင်းကတော့ အရင်မော်ဒယ်က ပုံစံတွေနဲ့ သိပ်မထူးမခြားနားပါဘဲ။ ဒါပေမယ့် အရှေ့ပိုင်းကို ပုံစံပြောင်းထားတယ်ဆိုပေမယ့် အရင်က Honda Civic ပုံစံကို နည်းနည်းပြောင်းထားသလိုပါဘဲ။

အခုလက်ရှိမှာတော့ အရောင်တွေက အ၀ါ၊လိမ္မော်၊ အနီ၊ငွေရောင်နဲ့ ထွက်ရှိမှာဖြစ်ပြီး  နောက်ပိုင်းမှ တခြားအရောင်တွေနဲ့ ထပ်ထုတ်ဖို့လည်း ရှိတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ကားအတွင်းပိုင်းမှာတော့ ဘာမှ သိပ်ပြောင်းပြောင်းလဲလဲ မရှိပါဘူး။ ဒါပေမယ့် ကားရဲ့ Audio ပိုင်းကိုတော့ သေချာထည့်ထားတာကြောင့် သီချင်းသံတွေကတော့ ကြည်လင်ပြတ်သားပြီး နားထောင်လို့ကောင်းနေမှာပါ။

အနောက်ထိုင်ခုံတွေရဲ့ အောက်ခြေကို ခေါက်သိမ်းတာတို့ အရှေ့ထိုင်ခုံကို အနောက်အထိ ဆွဲပြီး လှဲအိပ်လို့ရတဲ့အထိ သေချာ ပြုလုပ်ပေးထားပါတယ်။

ဒါကတော့ ထူးခြားချက်ပါ။ အထူးသဖြင့် ခရီးဝေးသွားတဲ့အချိန်တွေမှာ သက်တောင့်သက်သာ အိပ်လို့ရပါတယ်။

2018 Fit ရဲ့ နောက်ထပ်ထူးခြားချက်ကတော့ Sport trim ပါတာပါဘဲ။ Passenger ဘက်က မြင်ဖို့ခက်ခဲတဲ့ Blind Spot အတွက်ကို ပြသပေးနိုင်တဲ့ကင်မရာလည်း ပါလာပါပြီ။

ကားရဲ့လုံခြုံရေးစနစ်ကို အဆင့်မြှင့်တင်ထားပြီး ရုတ်တရပ်မတော်တဆမှုဖြစ်တော့မယ်ဆိုရင် အလိုအလျောက် ကားရပ်အောင်လုပ်တဲ့စနစ်တိုလည်း ပါဝင်နေပါတယ်။