AI ေရးဆြဲထားသည့္ ပန္းခ်ီကားကို ပထမဆုံးအၾကိမ္ အျဖစ္ ေလလံတင္ေရာင္းခ်မည္

လာမယ့္ေအာက္တုိဘာလမွာ ခရစၥတီး အႏုပညာ ေလလံအဖြဲ႕အစည္းမွ အက္ဒ္မြန္ ဒီ ဘယ္လာမီ လို႔ ေခၚတဲ့ ပုဂၢဳိလ္တစ္ဦးရဲ႕ ပုံတူပန္းခ်ီကားကို ေလလံတင္ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ ပန္းခ်ီကားထဲက လူပုံစံက ေကာ္လာအျဖဴ ပါတဲ့ အနက္ေရာင္ ကုတ္အကၤ်ီကို ဝတ္ဆင္ထားျပီး မ်က္ႏွာအမူအယာကိုေတာ့ ခြဲျခားလို႔ မရပါဘူး။

ဒါေပမယ့္ အက္ဒ္မြန္ ဟာ အျပင္မွာ တကယ္ရွိတဲ့ လူတစ္ေယာက္ မဟုတ္သလုိ ဒီပန္းခ်ီကားကိုလည္း လူတစ္ေယာက္က ဆြဲထားတာ မဟုတ္ပါဘူး။ ကြန္ပ်ဴတာ ဥာဏ္ရည္တု (Artificial Intelligence) သုိ႔မဟုတ္ အတုိေကာက္ AI က အက္ဒ္မြန္ ပုံတူပန္းခ်ီကားတစ္ခုလုံးကို အစအဆုံး ေရးျခယ္ထားတာပါ။

ဒါဟာ AI နည္းပညာအတြက္ အံ့ၾသစရာ တုိးတက္လာမႈ ျဖစ္ျပီး ဒီပန္းခ်ီကားကို ေလလံတင္တဲ့အခါ ခရစၥတီး ဟာ လူမဟုတ္ဘဲ AI ကေရးဆြဲထားတဲ့ ပန္းခ်ီကားကုိ ေရာင္းခ်ေပးတဲ့ ပထမဆုံး ေလလံရုံျဖစ္လာမွာပါပဲ။ အက္ဒ္မြန္ ဒီ ဘယ္လာမီ ပုံတူပန္းခ်ီကားကိုေတာ့ Obvious လို႔ အမည္ရတဲ့ အဖြဲ႕တစ္ခုက Generative Adversarial Network အတုိေကာက္ GANs လို႔ သိၾကတဲ့ ကြန္ပ်ဴတာ အယ္လ္ဂုိရစ္သမ္ တစ္မ်ဳိးကို အသုံးျပဳျပီး ဖန္တီးခဲ့ၾကတာပါ။

Obvious အဖြဲ႕သားေတြက သူတုိ႔အသုံးျပဳခဲ့တဲ့ ကြန္ပ်ဴတာစနစ္ကို ၁၄ ရာစုနဲ႔ ၂၀ ရာစုၾကားမွာ ေရးဆြဲခဲ့ၾကတဲ့ ပုံတူပန္းခ်ီကား တစ္ေသာင္းခြဲခန္႔ကို ထည့္သြင္းေပးခဲ့ၾကျပီး စနစ္ရဲ႕ Generator အပုိင္းက သူ႕ကုိယ္ပုိင္ ပုံရိပ္ေတြ စတင္ဖန္တီးလာတဲ့ အခ်ိန္မွာ Discriminator ဆုိတဲ့ အပိုင္းက ထြက္လာသမွ် ပုံေတြကို လူေရးဆြဲတာလား၊ AI နဲ႔ ဖန္တီးထားတာလား ဆုိတာကို ခဲြျခားေပးပါတယ္။

ေနာက္ဆုံးမွာေတာ့ AI ကေရးဆြဲထားေပမယ့္ လူသား ေရးဆြဲထားတဲ့ လက္ရာလို႔ ထင္ရတဲ့ ရလဒ္ ထြက္လာခဲ့ျပီး အဲ့ဒါကေတာ့ အခု ေလလံတင္မယ့္ ပုံတူပန္းခ်ီကားပဲ ျဖစ္ပါတယ္။ ဒီပန္းခ်ီကားကို ယူရုိ ခုနစ္ေထာင္မွ တစ္ေသာင္းၾကား တန္ဖိုးသတ္မွတ္ထားတယ္။

လူတစ္ခ်ဳိ႕ကေတာ့ လူသားပန္းခ်ီဆရာရဲ႕ လက္မွတ္မပါဘဲ အထက္မွာျပထားတဲ့ Equation တစ္ခုကို ထိုးထားတဲ့ ပန္းခ်ီကားကို ရႈံ႕ခ်ၾကပါလိမ့္မယ္။ ဒါေပမယ့္ Obvious ကေတာ့ AI ဟာ ကိရိယာတစ္ခုျဖစ္ျပီး လူသားေတြရဲ႕ ဖန္တီးႏုိင္စြမ္း ပမာဏကို အျမင့္ဆုံးထိ တုိးျမွင့္ေပးႏုိင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Ref – https://www.engadget.com/2018/08/22/christies-auction-ai-generated-art-first-time/

Unicode

AI ရေးဆွဲထားသည့် ပန်းချီကားကို ပထမဆုံးအကြိမ် အဖြစ် လေလံတင်ရောင်းချမည်

လာမယ့်အောက်တိုဘာလမှာ ခရစ္စတီး အနုပညာ လေလံအဖွဲ့အစည်းမှ အက်ဒ်မွန် ဒီ ဘယ်လာမီ လို့ ခေါ်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ပုံတူပန်းချီကားကို လေလံတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ပန်းချီကားထဲက လူပုံစံက ကော်လာအဖြူ ပါတဲ့ အနက်ရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်နှာအမူအယာကိုတော့ ခွဲခြားလို့ မရပါဘူး။

ဒါပေမယ့် အက်ဒ်မွန် ဟာ အပြင်မှာ တကယ်ရှိတဲ့ လူတစ်ယောက် မဟုတ်သလို ဒီပန်းချီကားကိုလည်း လူတစ်ယောက်က ဆွဲထားတာ မဟုတ်ပါဘူး။ ကွန်ပျူတာ ဉာဏ်ရည်တု (Artificial Intelligence) သို့မဟုတ် အတိုကောက် AI က အက်ဒ်မွန် ပုံတူပန်းချီကားတစ်ခုလုံးကို အစအဆုံး ရေးခြယ်ထားတာပါ။

ဒါဟာ AI နည်းပညာအတွက် အံ့သြစရာ တိုးတက်လာမှု ဖြစ်ပြီး ဒီပန်းချီကားကို လေလံတင်တဲ့အခါ ခရစ္စတီး ဟာ လူမဟုတ်ဘဲ AI ကရေးဆွဲထားတဲ့ ပန်းချီကားကို ရောင်းချပေးတဲ့ ပထမဆုံး လေလံရုံဖြစ်လာမှာပါပဲ။ အက်ဒ်မွန် ဒီ ဘယ်လာမီ ပုံတူပန်းချီကားကိုတော့ Obvious လို့ အမည်ရတဲ့ အဖွဲ့တစ်ခုက Generative Adversarial Network အတိုကောက် GANs လို့ သိကြတဲ့ ကွန်ပျူတာ အယ်လ်ဂိုရစ်သမ် တစ်မျိုးကို အသုံးပြုပြီး ဖန်တီးခဲ့ကြတာပါ။

Obvious အဖွဲ့သားတွေက သူတို့အသုံးပြုခဲ့တဲ့ ကွန်ပျူတာစနစ်ကို ၁၄ ရာစုနဲ့ ၂၀ ရာစုကြားမှာ ရေးဆွဲခဲ့ကြတဲ့ ပုံတူပန်းချီကား တစ်သောင်းခွဲခန့်ကို ထည့်သွင်းပေးခဲ့ကြပြီး စနစ်ရဲ့ Generator အပိုင်းက သူ့ကိုယ်ပိုင် ပုံရိပ်တွေ စတင်ဖန်တီးလာတဲ့ အချိန်မှာ Discriminator ဆိုတဲ့ အပိုင်းက ထွက်လာသမျှ ပုံတွေကို လူရေးဆွဲတာလား၊ AI နဲ့ ဖန်တီးထားတာလား ဆိုတာကို ခွဲခြားပေးပါတယ်။

နောက်ဆုံးမှာတော့ AI ကရေးဆွဲထားပေမယ့် လူသား ရေးဆွဲထားတဲ့ လက်ရာလို့ ထင်ရတဲ့ ရလဒ် ထွက်လာခဲ့ပြီး အဲ့ဒါကတော့ အခု လေလံတင်မယ့် ပုံတူပန်းချီကားပဲ ဖြစ်ပါတယ်။ ဒီပန်းချီကားကို ယူရို ခုနစ်ထောင်မှ တစ်သောင်းကြား တန်ဖိုးသတ်မှတ်ထားတယ်။

လူတစ်ချို့ကတော့ လူသားပန်းချီဆရာရဲ့ လက်မှတ်မပါဘဲ အထက်မှာပြထားတဲ့ Equation တစ်ခုကို ထိုးထားတဲ့ ပန်းချီကားကို ရှုံ့ချကြပါလိမ့်မယ်။ ဒါပေမယ့် Obvious ကတော့ AI ဟာ ကိရိယာတစ်ခုဖြစ်ပြီး လူသားတွေရဲ့ ဖန်တီးနိုင်စွမ်း ပမာဏကို အမြင့်ဆုံးထိ တိုးမြှင့်ပေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။