Motorola ကုမၸဏီဟာ သူတို႔ရဲ႕ ပထမဆုံး Android One OS အသုံးျပဳ စမတ္ဖုန္းျဖစ္တဲ့ Motorola Power One ကို အိႏၵိယေစ်းကြက္မွာ စတင္ေရာင္းခ်လိုက္ပါတယ္။ ေအာက္တုိဘာ ၅ ရက္ေန႔မွာ သုံးစြဲသူေတြဆီ ေရာက္လာမွာျဖစ္တဲ့ ဒီဖုန္းရဲ႕ ေစ်းႏႈန္းကေတာ့ ယူရုိ ၃၀၀ နီးပါးျဖစ္ကာ Xiaomi Mi A2 နဲ႔ Nokia 6.1 Plus တုိ႔လို ျပိဳင္ဘက္ေတြနဲ႔ အဆုိပါေစ်းကြက္ထဲမွာ ယွဥ္ျပိဳင္သြားရမွာပါ။

Motorola Power One မွာ 6.2” လက္မအရြယ္ Display အသုံးျပဳထားျပီး ၂၀၁၈ ေမာ္ဒယ္ပီသစြာပဲ မ်က္ႏွာျပင္မွာ Notch တစ္ခု ပါလာပါတယ္။ ေရစုိဒဏ္ကို အထူးခံႏုိင္ဖို႔ Nano Coating ကိုအသုံးျပဳထားတယ္လို႔ သိရတယ္။

ဟန္းဆက္အတြင္းမွာေတာ့ Qualcomm Snapdragon 636 Chipset အေပၚမွာ 4GB RAM မန္မုိရီနဲ႔ 64GB Storage တုိ႔ ပါဝင္တယ္။ ေက်ာဘက္ကင္မရာက 16MP + 5MP Dual ကင္မရာျဖစ္ကာ ေရွ႕ဘက္ ဆယ္လ္ဖီကင္မရာကလည္း 16MP ကင္မရာတစ္လုံးပါပဲ။

Motorola Power One ရဲ႕ အဓိက Feature ဟာ နာမည္နဲ႔လုိက္ေအာင္ ၾကီးမားတဲ့ ဘကၳရီျဖစ္ျပီး 5000mAh ေတာင္ ရွိပါတယ္။ အားအျမန္သြင္းစနစ္လည္း ထည့္သြင္းေပးထားတာေၾကာင့္ ဘကၳရီ တစ္ရာ ရာခုိင္ႏႈန္းျပည့္ဖို႔ တစ္ညလုံးသြင္းေနရမွာေတာ့ မဟုတ္ပါဘူး။ ရရွိႏုိင္တဲ့ ကာလာကေတာ့ ေလာေလာဆယ္ Midnight Black အနက္ေရာင္ထဲက ၾကိဳက္တာေရြးႏုိင္ပါတယ္။

Ref – GSM Arena

Unicode

Motorola ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး Android One OS အသုံးပြု စမတ်ဖုန်းဖြစ်တဲ့ Motorola Power One ကို အိန္ဒိယဈေးကွက်မှာ စတင်ရောင်းချလိုက်ပါတယ်။ အောက်တိုဘာ ၅ ရက်နေ့မှာ သုံးစွဲသူတွေဆီ ရောက်လာမှာဖြစ်တဲ့ ဒီဖုန်းရဲ့ ဈေးနှုန်းကတော့ ယူရို ၃၀၀ နီးပါးဖြစ်ကာ Xiaomi Mi A2 နဲ့ Nokia 6.1 Plus တို့လို ပြိုင်ဘက်တွေနဲ့ အဆိုပါဈေးကွက်ထဲမှာ ယှဉ်ပြိုင်သွားရမှာပါ။

Motorola Power One မှာ 6.2” လက်မအရွယ် Display အသုံးပြုထားပြီး ၂၀၁၈ မော်ဒယ်ပီသစွာပဲ မျက်နှာပြင်မှာ Notch တစ်ခု ပါလာပါတယ်။ ရေစိုဒဏ်ကို အထူးခံနိုင်ဖို့ Nano Coating ကိုအသုံးပြုထားတယ်လို့ သိရတယ်။

ဟန်းဆက်အတွင်းမှာတော့ Qualcomm Snapdragon 636 Chipset အပေါ်မှာ 4GB RAM မန်မိုရီနဲ့ 64GB Storage တို့ ပါဝင်တယ်။ ကျောဘက်ကင်မရာက 16MP + 5MP Dual ကင်မရာဖြစ်ကာ ရှေ့ဘက် ဆယ်လ်ဖီကင်မရာကလည်း 16MP ကင်မရာတစ်လုံးပါပဲ။

Motorola Power One ရဲ့ အဓိက Feature ဟာ နာမည်နဲ့လိုက်အောင် ကြီးမားတဲ့ ဘက္ထရီဖြစ်ပြီး 5000mAh တောင် ရှိပါတယ်။ အားအမြန်သွင်းစနစ်လည်း ထည့်သွင်းပေးထားတာကြောင့် ဘက္ထရီ တစ်ရာ ရာခိုင်နှုန်းပြည့်ဖို့ တစ်ညလုံးသွင်းနေရမှာတော့ မဟုတ်ပါဘူး။ ရရှိနိုင်တဲ့ ကာလာကတော့ လောလောဆယ် Midnight Black အနက်ရောင်ထဲက ကြိုက်တာရွေးနိုင်ပါတယ်။

Ref – GSM Arena