HTC ကုမၸဏီကေတာ့ သူတုိ႔ရဲ႕ ပထမဆုံး Blockchain အင္တာနက္ေငြေၾကးစနစ္ အသားေပး စမတ္ဖုန္း Exodus 1 ကို မိတ္ဆက္လုိက္ပါျပီ။ ၾကိဳတင္အမွာစာေတြကို စတင္လက္ခံေနျပီျဖစ္ျပီး ဒီဇင္ဘာထဲမွာ ေပးပို႔သြားေတာ့မွာပါ။ ဒီဖုန္းရဲ႕ က်သင့္ေငြကိုလည္း BTC 0.15 သို႔မဟုတ္ ETH 4.78 (လက္ရွိေပါက္ေစ်းအရ ေဒၚလာ ၉၆၀ ဝန္းက်င္) ျဖင့္ ေပးေခ်ႏုိင္မွာပါ။

ဒီဖုန္းကို တျခားဖုန္းေတြနဲ႔ ကြဲျပားထူးျခားေစတာကေတာ့ ကုမၸဏီကုိယ္တုိင္ ဖန္တီးထားတဲ့ Zion Crypto Wallet ပါပဲ။ ဒီ Wallet က သူ႕မွာတပ္ဆင္ထားတဲ့ Snapdragon 845 Chipset ကို ထိန္းခ်ဳပ္ျပီး ကိုယ့္ရဲ႕ အင္တာနက္ေငြေၾကး Key ေတြကို Android OS ရဲ႕ စိတ္မခ်ရတဲ့ အစိတ္အပုိင္းေတြနဲ႔ အက္ပလီေကးရွင္းေတြကေန အျပည့္အဝ ကာကြယ္ေပးမွာျဖစ္တယ္။

Zion ေဆာ့ဖ္ဝဲလ္က HTC Exodus 1 ကို သင့္ရဲ႕ Cryptocurrency ေတြကို သိမ္းဆည္းထားတဲ့ Hardware ပိုက္ဆံအိတ္အျဖစ္ လုံးလုံးလ်ားလ်ား အသြင္ေျပာင္းေပးမွာျဖစ္ျပီး ပုံမွန္ Android App ေတြကိုလည္း အသုံးျပဳႏုိင္ေစမယ္။ တကယ္လို႔ ဖုန္းေပ်ာက္သြားတယ္ ဆုိရင္လည္း Trusted People အျဖစ္ ေရြးခ်ယ္ထားတဲ့ လူေတြ အားလုံးကို ျပန္စုေပါင္းလုိက္တဲ့အခါ သင့္ရဲ႕ Private Key ေတြကို ျပန္လည္ဖန္တီးေပးႏုိင္တဲ့ Feature ပါဝင္ျပီး ဒါကို Shamir’s Secret Sharing သုိ႔မဟုတ္ Key Sharding လို႔ ေခၚပါတယ္။

Exodus ဟာ Cryptocurrency ေတြနဲ႔ ဒီထက္ပုိျပီး နက္ရႈိင္းစြာ ခ်ိတ္ဆက္မႈလည္း ရွိေနေသးတယ္။ သူ႕မွာ dApp လို႔ေခၚတဲ့ Decentralized App ေတြကို Run ႏုိင္ျပီး ၄င္းေဆာ့ဖ္ဝဲလ္ေတြက ဟန္းဆက္မ်ားစြာ ေပၚမွာ ဆက္တုိက္ Run ျပီးေနာက္ လုံျခဳံစိတ္ခ်ေသခ်ာတဲ့ ရလဒ္ေတြကို တြက္ခ်က္ေပးမွာ ျဖစ္ပါတယ္။ HTC ကေတာ့ အတိအက်သိပ္မေျပာေသးဘူး။

ဖုန္းရဲ႕အရြယ္အစားကေတာ့ 6” လက္မအရြယ္ 1440p Display ၾကီးပါဝင္မွာျဖစ္ျပီး အျမင္အခ်ဳိးက 18:9 ျဖစ္ပါတယ္။ Snapdragon 845 ခ်စ္ပ္ဆက္၊ 6GB RAM မန္မုိရီနဲ႔ 128GB Storage ပါဝင္ပါတယ္။ ေက်ာဘက္မွာ Dual ကင္မရာ (အဓိက Module က 16MP) ပါဝင္ျပီး ေရွ႕ဘက္ဆယ္လ္ဖီက 8MP ျဖစ္တယ္။ ဘကၳရီအားက 3500 mAh နဲ႔ IP68 ေရစုိဒဏ္ခံႏုိင္ရည္ ပါဝင္ပါတယ္။

Ref – GSM Arena

Unicode

HTC ကုမ္ပဏီကတော့ သူတို့ရဲ့ ပထမဆုံး Blockchain အင်တာနက်ငွေကြေးစနစ် အသားပေး စမတ်ဖုန်း Exodus 1 ကို မိတ်ဆက်လိုက်ပါပြီ။ ကြိုတင်အမှာစာတွေကို စတင်လက်ခံနေပြီဖြစ်ပြီး ဒီဇင်ဘာထဲမှာ ပေးပို့သွားတော့မှာပါ။ ဒီဖုန်းရဲ့ ကျသင့်ငွေကိုလည်း BTC 0.15 သို့မဟုတ် ETH 4.78 (လက်ရှိပေါက်ဈေးအရ ဒေါ်လာ ၉၆၀ ဝန်းကျင်) ဖြင့် ပေးချေနိုင်မှာပါ။

ဒီဖုန်းကို တခြားဖုန်းတွေနဲ့ ကွဲပြားထူးခြားစေတာကတော့ ကုမ္ပဏီကိုယ်တိုင် ဖန်တီးထားတဲ့ Zion Crypto Wallet ပါပဲ။ ဒီ Wallet က သူ့မှာတပ်ဆင်ထားတဲ့ Snapdragon 845 Chipset ကို ထိန်းချုပ်ပြီး ကိုယ့်ရဲ့ အင်တာနက်ငွေကြေး Key တွေကို Android OS ရဲ့ စိတ်မချရတဲ့ အစိတ်အပိုင်းတွေနဲ့ အက်ပလီကေးရှင်းတွေကနေ အပြည့်အဝ ကာကွယ်ပေးမှာဖြစ်တယ်။

Zion ဆော့ဖ်ဝဲလ်က HTC Exodus 1 ကို သင့်ရဲ့ Cryptocurrency တွေကို သိမ်းဆည်းထားတဲ့ Hardware ပိုက်ဆံအိတ်အဖြစ် လုံးလုံးလျားလျား အသွင်ပြောင်းပေးမှာဖြစ်ပြီး ပုံမှန် Android App တွေကိုလည်း အသုံးပြုနိုင်စေမယ်။ တကယ်လို့ ဖုန်းပျောက်သွားတယ် ဆိုရင်လည်း Trusted People အဖြစ် ရွေးချယ်ထားတဲ့ လူတွေ အားလုံးကို ပြန်စုပေါင်းလိုက်တဲ့အခါ သင့်ရဲ့ Private Key တွေကို ပြန်လည်ဖန်တီးပေးနိုင်တဲ့ Feature ပါဝင်ပြီး ဒါကို Shamir’s Secret Sharing သို့မဟုတ် Key Sharding လို့ ခေါ်ပါတယ်။

Exodus ဟာ Cryptocurrency တွေနဲ့ ဒီထက်ပိုပြီး နက်ရှိုင်းစွာ ချိတ်ဆက်မှုလည်း ရှိနေသေးတယ်။ သူ့မှာ dApp လို့ခေါ်တဲ့ Decentralized App တွေကို Run နိုင်ပြီး ၎င်းဆော့ဖ်ဝဲလ်တွေက ဟန်းဆက်များစွာ ပေါ်မှာ ဆက်တိုက် Run ပြီးနောက် လုံခြုံစိတ်ချသေချာတဲ့ ရလဒ်တွေကို တွက်ချက်ပေးမှာ ဖြစ်ပါတယ်။ HTC ကတော့ အတိအကျသိပ်မပြောသေးဘူး။

ဖုန်းရဲ့အရွယ်အစားကတော့ 6” လက်မအရွယ် 1440p Display ကြီးပါဝင်မှာဖြစ်ပြီး အမြင်အချိုးက 18:9 ဖြစ်ပါတယ်။ Snapdragon 845 ချစ်ပ်ဆက်၊ 6GB RAM မန်မိုရီနဲ့ 128GB Storage ပါဝင်ပါတယ်။ ကျောဘက်မှာ Dual ကင်မရာ (အဓိက Module က 16MP) ပါဝင်ပြီး ရှေ့ဘက်ဆယ်လ်ဖီက 8MP ဖြစ်တယ်။ ဘက္ထရီအားက 3500 mAh နဲ့ IP68 ရေစိုဒဏ်ခံနိုင်ရည် ပါဝင်ပါတယ်။

Ref – GSM Arena