[Zawgyi]

လာမယ့္ MWC ပြဲေတာ္မွာ Sony ဟာ ၾကာျမင့္စြာ သတင္းေပါက္ေနတဲ့ Xperia XZ4 ဖုန္းကို မိတ္ဆက္လာမယ္လို႔ ေမွ်ာ္လင့္ထားၾကၿပီး XZ4 မွာပါဝင္လာမယ့္ ထူးျခားတဲ့ 21:9 Aspect Ratio ကုိပဲ ထပ္သုံးထားတဲ့ Xperia XA3 ရဲ႕သတင္းေတြဟာလည္း ပြဲနားကပ္လာေလ ပိုထြက္လာေလ ျဖစ္ေနပါတယ္။ အဆုိပါ 21:9 ရွည္ေမ်ာေမ်ာ ျမင္ကြင္းအခ်ဳိးကို Sony ကေတာ့ CinemaWide Display လို႔အမည္ေပးထားတယ္။

Xperia XA3 ရဲ႕ Render ေတြကေတာ့ ၿပီးခဲ့တဲ့အပတ္မွာ ထြက္ေပၚခဲ့ေပမယ့္ အခုမွ အင္တာနက္ေပၚကို သူ႕ရဲ႕ Leak ဓါတ္ပုံအစစ္ေတြ ေပါက္ၾကားလာတာပါ။ ပုံေတြက အရမ္းမရွင္းလင္းဘဲ ဝါးတားတားျဖစ္ေနေပမယ့္ ရွည္ေမ်ာသြယ္လ်ေနတဲ့ Display နဲ႔အတူ ဒီဇုိင္း အပါအဝင္ အခ်က္အလက္တစ္ခ်ဳိ႕ကို ျမင္ေတြ႕ႏုိင္ပါေသးတယ္။

ေရွ႕မွာေပါက္ၾကားခဲ့တဲ့ Render ပုံေတြထဲကလုိပဲ ေနာက္ဘက္ကင္မရာဟာ ကန္႔လန္႔ျဖတ္ေနရာခ်ထားတဲ့ ကင္မရာႏွစ္လုံးတြဲျဖစ္ပါတယ္။ အဲဒီထဲက ကင္မရာတစ္လုံးကေတာ့ 23MP ျဖစ္မယ္လို႔ သတင္းထြက္ေနတယ္။ ဖုန္းရဲ႕ညာဘက္မွာ ပါဝါနဲ႔ အသံတုိးခ်ဲ႕အတြက္ Physical Button ေတြပါၿပီး အဲဒီခလုပ္ေတြရဲ႕ၾကားထဲမွာ Fingerprint ဆင္ဆာတစ္ခု ရွိေနပါတယ္။ Button ေတြထည့္ထားတဲ့ပုံကလည္း ေရွ႕မွာထြက္ခဲ့တဲ့ Render ေတြနဲ႔ တူညီေနျပန္တယ္။

21:9 ဆုိတဲ့အခ်ဳိးဟာ စမတ္ဖုန္းေတြမွာ ျမင္ေတြ႕ေနၾက ပုံစံမ်ဳိးေတာ့မဟုတ္တဲ့အတြက္လည္း Android App ေပါင္းစုံကုိ အဆင္ေျပေျပ သုံးလုိ႔ရႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရဦးမွာပါ။ အထူးသျဖင့္ မုိဘုိင္းဂိမ္းေတြမွာ ဒီေလာက္ရွည္တဲ့ Display အတြက္ အဆင္ေျပေျပ သုံးလုိ႔ရဖို႔ အခ်ိန္အနည္းငယ္ယူရေကာင္း ယူရႏုိင္ပါတယ္။

Xperia XA3 ဖုန္းမွာ FHD+ Display ကို 1080 x 2560p Resolution နဲ႔ရရွိႏုိင္ၿပီး XA3 နဲ႔ XA3 Ultra ဖုန္းႏွစ္မ်ဳိးမွာ 5.9” နဲ႔ 6.5” လက္မအရြယ္ Display ေတြအသီးသီးပါလာႏုိင္ပါတယ္။ အတြင္းပုိင္းမွာေတာ့ Snapdragon 660 ခ်စ္ပ္ဆက္နဲ႔ ပြဲထြက္လာဖို႔ ေမွ်ာ္လင့္ရၿပီး Android 8.0 Oreo နဲ႔ပဲ စမိတ္ဆက္လာႏုိင္ပါတယ္။

Ref – GSM Arena

[Unicode]

လာမယ့် MWC ပွဲတော်မှာ Sony ဟာ ကြာမြင့်စွာ သတင်းပေါက်နေတဲ့ Xperia XZ4 ဖုန်းကို မိတ်ဆက်လာမယ်လို့ မျှော်လင့်ထားကြပြီး XZ4 မှာပါဝင်လာမယ့် ထူးခြားတဲ့ 21:9 Aspect Ratio ကိုပဲ ထပ်သုံးထားတဲ့ Xperia XA3 ရဲ့သတင်းတွေဟာလည်း ပွဲနားကပ်လာလေ ပိုထွက်လာလေ ဖြစ်နေပါတယ်။ အဆိုပါ 21:9 ရှည်မျောမျော မြင်ကွင်းအချိုးကို Sony ကတော့ CinemaWide Display လို့အမည်ပေးထားတယ်။

Xperia XA3 ရဲ့ Render တွေကတော့ ပြီးခဲ့တဲ့အပတ်မှာ ထွက်ပေါ်ခဲ့ပေမယ့် အခုမှ အင်တာနက်ပေါ်ကို သူ့ရဲ့ Leak ဓါတ်ပုံအစစ်တွေ ပေါက်ကြားလာတာပါ။ ပုံတွေက အရမ်းမရှင်းလင်းဘဲ ဝါးတားတားဖြစ်နေပေမယ့် ရှည်မျောသွယ်လျနေတဲ့ Display နဲ့အတူ ဒီဇိုင်း အပါအဝင် အချက်အလက်တစ်ချို့ကို မြင်တွေ့နိုင်ပါသေးတယ်။

ရှေ့မှာပေါက်ကြားခဲ့တဲ့ Render ပုံတွေထဲကလိုပဲ နောက်ဘက်ကင်မရာဟာ ကန့်လန့်ဖြတ်နေရာချထားတဲ့ ကင်မရာနှစ်လုံးတွဲဖြစ်ပါတယ်။ အဲဒီထဲက ကင်မရာတစ်လုံးကတော့ 23MP ဖြစ်မယ်လို့ သတင်းထွက်နေတယ်။ ဖုန်းရဲ့ညာဘက်မှာ ပါဝါနဲ့ အသံတိုးချဲ့အတွက် Physical Button တွေပါပြီး အဲဒီခလုပ်တွေရဲ့ကြားထဲမှာ Fingerprint ဆင်ဆာတစ်ခု ရှိနေပါတယ်။ Button တွေထည့်ထားတဲ့ပုံကလည်း ရှေ့မှာထွက်ခဲ့တဲ့ Render တွေနဲ့ တူညီနေပြန်တယ်။

21:9 ဆိုတဲ့အချိုးဟာ စမတ်ဖုန်းတွေမှာ မြင်တွေ့နေကြ ပုံစံမျိုးတော့မဟုတ်တဲ့အတွက်လည်း Android App ပေါင်းစုံကို အဆင်ပြေပြေ သုံးလို့ရနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ အထူးသဖြင့် မိုဘိုင်းဂိမ်းတွေမှာ ဒီလောက်ရှည်တဲ့ Display အတွက် အဆင်ပြေပြေ သုံးလို့ရဖို့ အချိန်အနည်းငယ်ယူရကောင်း ယူရနိုင်ပါတယ်။

Xperia XA3 ဖုန်းမှာ FHD+ Display ကို 1080 x 2560p Resolution နဲ့ရရှိနိုင်ပြီး XA3 နဲ့ XA3 Ultra ဖုန်းနှစ်မျိုးမှာ 5.9” နဲ့ 6.5” လက်မအရွယ် Display တွေအသီးသီးပါလာနိုင်ပါတယ်။ အတွင်းပိုင်းမှာတော့ Snapdragon 660 ချစ်ပ်ဆက်နဲ့ ပွဲထွက်လာဖို့ မျှော်လင့်ရပြီး Android 8.0 Oreo နဲ့ပဲ စမိတ်ဆက်လာနိုင်ပါတယ်။

Ref – GSM Arena