[Zawgyi]

Xiaomi ရဲ႕တည္ေထာင္သူ Lei Jun ဟာ ထုံးစံအတုိင္း သူ႕ရဲ႕ Weibo အေကာင့္ကေန မၾကာခင္ မိတ္ဆက္ေတာ့မယ့္ Redmi 7 ရဲ႕ဓါတ္ပုံေတြကို Tease လုပ္လုိက္ပါတယ္။ Xiaomi ရဲ႕ အမွတ္တံဆိပ္ေအာက္က Redmi ဟန္းဆက္ေတြဟာ ပထမဆုံးအႀကိမ္အျဖစ္ သီးသန္႔အမွတ္တံဆိပ္ခြဲအျဖစ္ ခြဲထြက္ေတာ့မွာျဖစ္ကာ Redmi 7 ဟာ အဆုိပါ Redmi အမွတ္တံဆိပ္ရဲ႕ ဦးေဆာင္လမ္းေဖာက္သူ ျဖစ္လာမွာပါ။

ၿပီးခဲ့တဲ့ရက္ပုိင္းအတြင္းမွာ Redmi 7 နဲ႔ပတ္သက္တဲ့သတင္းေတြ မ်ဳိးစုံထြက္ခဲ့ေပမယ့္ ဖုန္းရဲ႕ တစ္ခုလုံး အျမင္ကိုေတာ့ မေတြ႕ရေသးဘဲ Render ပုံရိပ္ေတြနဲ႔သာ ေက်နပ္ေနရတာပါ။ Lei Jun တင္ထားတဲ့ ပုံေတြအရ Redmi 7 ဟာ ႀကိဳတင္သတင္းထြက္ထားသလိုပဲ အေရာင္သုံးမ်ဳိးနဲ႔ ထြက္လာမွာျဖစ္ၿပီး အျပာေရာင္၊ အနီနဲ႔ ခရမ္း အေရာင္ေျပး၊ အနက္ေရာင္တို႔ ျဖစ္ပါတယ္။

ဓါတ္ပုံေတြနဲ႔အတူ Lei Jun က ဒီစမတ္ဖုန္းအသစ္မွာ 2.5D Glass ေတြကို ကိုယ္ထည္ရဲ႕ႏွစ္ဖက္စလုံးမွာ အသုံးျပဳလာမယ္လို႔ပါ အတည္ျပဳေပးခဲ့တယ္။

Redmi 7 ကိုတရားဝင္မိတ္ဆက္ဖို႔ ရက္ပုိင္းသာလုိေတာ့တဲ့အခ်ိန္မွာ စမတ္ဖုန္းပရိသတ္ေတြလည္း 48MP ကင္မရာအသစ္က ဘယ္လိုစြမ္းေဆာင္ရည္ေတြ ေဖာ္ျပလာမလဲ ဆုိတာကို စိတ္ဝင္စားေနမွာပါ။ ေရွ႕ဆယ္ဖီ ကင္မရာကလည္း 20MP ပါဝင္လာမွာျဖစ္တဲ့ Redmi 7 ဟာ မန္မုိရီပုိင္းမွာ Flagship ေမာ္ဒယ္ေတြကို လိုက္မီဖုိ႔ မႀကိဳးစားဘဲ 64 GB Storage မွာ 4GB / 6GB RAM သို႔မဟုတ္ 32GB / 3GB ေမာ္ဒယ္ဆုိၿပီး ထြက္လာမွာ ျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

Xiaomi ရဲ့တည်ထောင်သူ Lei Jun ဟာ ထုံးစံအတိုင်း သူ့ရဲ့ Weibo အကောင့်ကနေ မကြာခင် မိတ်ဆက်တော့မယ့် Redmi 7 ရဲ့ဓါတ်ပုံတွေကို Tease လုပ်လိုက်ပါတယ်။ Xiaomi ရဲ့ အမှတ်တံဆိပ်အောက်က Redmi ဟန်းဆက်တွေဟာ ပထမဆုံးအကြိမ်အဖြစ် သီးသန့်အမှတ်တံဆိပ်ခွဲအဖြစ် ခွဲထွက်တော့မှာဖြစ်ကာ Redmi 7 ဟာ အဆိုပါ Redmi အမှတ်တံဆိပ်ရဲ့ ဦးဆောင်လမ်းဖောက်သူ ဖြစ်လာမှာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ Redmi 7 နဲ့ပတ်သက်တဲ့သတင်းတွေ မျိုးစုံထွက်ခဲ့ပေမယ့် ဖုန်းရဲ့ တစ်ခုလုံး အမြင်ကိုတော့ မတွေ့ရသေးဘဲ Render ပုံရိပ်တွေနဲ့သာ ကျေနပ်နေရတာပါ။ Lei Jun တင်ထားတဲ့ ပုံတွေအရ Redmi 7 ဟာ ကြိုတင်သတင်းထွက်ထားသလိုပဲ အရောင်သုံးမျိုးနဲ့ ထွက်လာမှာဖြစ်ပြီး အပြာရောင်၊ အနီနဲ့ ခရမ်း အရောင်ပြေး၊ အနက်ရောင်တို့ ဖြစ်ပါတယ်။

ဓါတ်ပုံတွေနဲ့အတူ Lei Jun က ဒီစမတ်ဖုန်းအသစ်မှာ 2.5D Glass တွေကို ကိုယ်ထည်ရဲ့နှစ်ဖက်စလုံးမှာ အသုံးပြုလာမယ်လို့ပါ အတည်ပြုပေးခဲ့တယ်။

Redmi 7 ကိုတရားဝင်မိတ်ဆက်ဖို့ ရက်ပိုင်းသာလိုတော့တဲ့အချိန်မှာ စမတ်ဖုန်းပရိသတ်တွေလည်း 48MP ကင်မရာအသစ်က ဘယ်လိုစွမ်းဆောင်ရည်တွေ ဖော်ပြလာမလဲ ဆိုတာကို စိတ်ဝင်စားနေမှာပါ။ ရှေ့ဆယ်ဖီ ကင်မရာကလည်း 20MP ပါဝင်လာမှာဖြစ်တဲ့ Redmi 7 ဟာ မန်မိုရီပိုင်းမှာ Flagship မော်ဒယ်တွေကို လိုက်မီဖို့ မကြိုးစားဘဲ 64 GB Storage မှာ 4GB / 6GB RAM သို့မဟုတ် 32GB / 3GB မော်ဒယ်ဆိုပြီး ထွက်လာမှာ ဖြစ်ပါတယ်။

Ref – GSM Arena