[Zawgyi]

Motorola ကုမၸဏီဟာ သူတုိ႔ရဲ႕ G စီးရီး စမတ္ဖုန္းေတြကို Moto G7, G7 Plus, G7 Power နဲ႔ G7 Play စမတ္ဖုန္းသစ္မ်ားျဖင့္ ျပန္လည္စတင္မယ္ ဆုိတာကို ၾကားသိၾကၿပီးသား ျဖစ္မွာပါ။ G စီးရီးအျပင္ Motorola ဟာ သူတုိ႔ရဲ႕ Z စီးရီးကိုလည္း ျပန္အသက္သြင္းဖို႔ ႀကိဳးစားလာပါတယ္။ ယေန႔မွာ Moto Z4 Play စမတ္ဖုန္းသစ္ရဲ႕ Render ပုံေတြကို ပထမဆုံးအႀကိမ္အျဖစ္ စတင္ေတြ႕ရွိလာခဲ့ရပါၿပီ။

အထက္ပါ ပုံမွာေတြ႕ရတဲ့အတုိင္း Moto Z4 Play ဖုန္းမွာ Waterdrop Notch တစ္ခုကို ထည့္လာခဲ့ၿပီး ပါးလႊာတဲ့ Bezel ေဘာင္ေတြကိုပါ ျမင္ရပါတယ္။ Volume နဲ႔ ပါဝါခလုတ္ေတြကေတာ့ ညာဘက္မွာပါ။ ေနာက္ဘက္မွာ LED ဖလက္ရွ္ပါဝင္တဲ့ ကင္မရာတစ္လုံးကို Motorola ရဲ႕ ပုံမွန္ဒီဇိုင္းအတုိင္း ျမင္ေတြ႕ရတယ္။

ေနာက္ဘက္မွာပဲ 5G ခ်ိတ္ဆက္မႈအတြက္ ျဖစ္ႏုိင္တဲ့ Moto Mod ကို Motorola ရဲ႕အမွတ္တံဆိပ္နဲ႔အတူ ျမင္ရတာေၾကာင့္ Moto Z4 Play ပိုင္ရွင္ေတြဟာ 5G ျမန္ႏႈန္းကို ခံစားႏုိင္မွာပါ။ ေအာက္ေျခမွာေတာ့ 3.5mm Audio Jack တစ္ခု၊ USB-C Port နဲ႔အတူ မုိက္ကရုိဖုန္း Pinhole ေလးရွိတယ္။ သူ႕စပီကာကိုေတာ့ ထူးထူးျခားျခား အေပၚဖရိန္မွာ ေတြ႕ရပါတယ္။ ဒါေပမယ့္ Fingerprint ဖတ္စက္ကိုေတာ့ ေဘးမွာေရာ ေနာက္ေက်ာမွာပါ မေတြ႕ရတဲ့အတြက္ Display ရဲ႕ေအာက္မွာ ထည့္လာမွာလားလို႔ သံသယရွိစရာပါပဲ။

ေလာေလာဆယ္ ထြက္ေပၚထားတဲ့ သတင္းအခ်က္အလက္ေတြအရ Moto Z4 Play ဖုန္းရဲ႕အခ်ဳိးဟာ 158 x 75 x 7.25 ရွိၿပီး Display အရြယ္စားက 6.2” လက္မလို႔ သိရပါတယ္။ ေရွ႕၊ ေနာက္ကင္မရာေတြဟာ တစ္လုံးစီပဲ ပါဝင္လာမွာပါ။

Ref – GSM Arena

[Unicode]

Motorola ကုမ္ပဏီဟာ သူတို့ရဲ့ G စီးရီး စမတ်ဖုန်းတွေကို Moto G7, G7 Plus, G7 Power နဲ့ G7 Play စမတ်ဖုန်းသစ်များဖြင့် ပြန်လည်စတင်မယ် ဆိုတာကို ကြားသိကြပြီးသား ဖြစ်မှာပါ။ G စီးရီးအပြင် Motorola ဟာ သူတို့ရဲ့ Z စီးရီးကိုလည်း ပြန်အသက်သွင်းဖို့ ကြိုးစားလာပါတယ်။ ယနေ့မှာ Moto Z4 Play စမတ်ဖုန်းသစ်ရဲ့ Render ပုံတွေကို ပထမဆုံးအကြိမ်အဖြစ် စတင်တွေ့ရှိလာခဲ့ရပါပြီ။

အထက်ပါ ပုံမှာတွေ့ရတဲ့အတိုင်း Moto Z4 Play ဖုန်းမှာ Waterdrop Notch တစ်ခုကို ထည့်လာခဲ့ပြီး ပါးလွှာတဲ့ Bezel ဘောင်တွေကိုပါ မြင်ရပါတယ်။ Volume နဲ့ ပါဝါခလုတ်တွေကတော့ ညာဘက်မှာပါ။ နောက်ဘက်မှာ LED ဖလက်ရှ်ပါဝင်တဲ့ ကင်မရာတစ်လုံးကို Motorola ရဲ့ ပုံမှန်ဒီဇိုင်းအတိုင်း မြင်တွေ့ရတယ်။

နောက်ဘက်မှာပဲ 5G ချိတ်ဆက်မှုအတွက် ဖြစ်နိုင်တဲ့ Moto Mod ကို Motorola ရဲ့အမှတ်တံဆိပ်နဲ့အတူ မြင်ရတာကြောင့် Moto Z4 Play ပိုင်ရှင်တွေဟာ 5G မြန်နှုန်းကို ခံစားနိုင်မှာပါ။ အောက်ခြေမှာတော့ 3.5mm Audio Jack တစ်ခု၊ USB-C Port နဲ့အတူ မိုက်ကရိုဖုန်း Pinhole လေးရှိတယ်။ သူ့စပီကာကိုတော့ ထူးထူးခြားခြား အပေါ်ဖရိန်မှာ တွေ့ရပါတယ်။ ဒါပေမယ့် Fingerprint ဖတ်စက်ကိုတော့ ဘေးမှာရော နောက်ကျောမှာပါ မတွေ့ရတဲ့အတွက် Display ရဲ့အောက်မှာ ထည့်လာမှာလားလို့ သံသယရှိစရာပါပဲ။

လောလောဆယ် ထွက်ပေါ်ထားတဲ့ သတင်းအချက်အလက်တွေအရ Moto Z4 Play ဖုန်းရဲ့အချိုးဟာ 158 x 75 x 7.25 ရှိပြီး Display အရွယ်စားက 6.2” လက်မလို့ သိရပါတယ်။ ရှေ့၊ နောက်ကင်မရာတွေဟာ တစ်လုံးစီပဲ ပါဝင်လာမှာပါ။

Ref – GSM Arena