[Zawgyi]

တ႐ုတ္စမတ္ဖုန္း ကုမၸဏီေတြျဖစ္တဲ့ Oppo နဲ႔ Vivo တို႔ဟာ Pop-up Camera ပါတဲ့ စမတ္ဖုန္းေတြကိုပဲ ပိုမိုထုတ္လုပ္သြားမယ္ဆိုတဲ့ အေၾကာင္းကို စက္႐ုံအတြင္းရွိ အတြင္းလူမ်ားက ထုတ္ေဖာ္ေျပာၾကားခဲ့ဖူးပါတယ္။ အဆိုပါ စမတ္ဖုန္းေတြဟာ Vivo X25 နဲ႔ Oppo R19 တို႔ျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုမႈမ်ားရွိေနခဲ့ေပမယ့္ Vivo NEX လိုမ်ိဴး Periscope Selfie Shooter တပ္ဆင္ထားတဲ့ Vivo V15 Pro ရဲ႕ တရားဝင္ Teaser ဓာတ္ပုံကေတာ့ မၾကာေသးခင္က ေပါက္ၾကားထြက္ေပၚခဲ့ၿပီး ျဖစ္ပါတယ္။

အခုထပ္ျမင္ေတြ႕လာရတာကေတာ့ OPPO F11 Pro ဖုန္းရဲ႕ တရားဝင္လို႔ထင္ရတဲ့ Render ပုံရိပ္ပါပဲ။ ၿပီးခဲ့တဲ့အပတ္က Leak ျဖစ္ခဲ့တဲ့ ဒီဇုိင္းကို သက္ေသခံလိုက္သလို ျဖစ္ေနတဲ့ Render မွာေတာ့ Pop-up ဆယ္ဖီ ကင္မရာကို အလယ္တည့္တည့္မွာ ေနရာခ်ထားတာကို ေတြ႕ရပါတယ္။

ပုိစတာထဲမွာ 48MP လုိ႔ပါဝင္ၿပီး “Brilliant portrait in low light” လို႔လည္း ေဖာ္ျပထားတာေၾကာင့္ OPPO F11 Pro မွာ Samsung ISOCELL GM1 မဟုတ္ရင္ Sony IMX586 Sensor တစ္ခုခု ထည့္လာမယ္လို႔ ယူဆရတယ္။ ေနာက္ထပ္ရင္းျမစ္တစ္ခုကေတာ့ 48MP ကင္မရာဟာ ေနာက္ဘက္မွာ အဓိက ကင္မရာအျဖစ္ ပါဝင္လာမွာျဖစ္ၿပီး ဆယ္ဖီကင္မရာကေတာ့ (Vivo V15 Pro လိုပဲ) 32MP ျဖစ္မယ္လို႔ ဆုိလာပါတယ္။

Render ပုံထဲမွာ ေနာက္ဘက္က Dual-Camera အတြဲကို ျမင္ရမွာျဖစ္ၿပီး ပုံမွန္ Fingerprint တစ္ခုကိုလဲ ေတြ႕ရမွာပါ။ ကာလာကို ေဒါင္လုိက္အေရာင္ေျပးပုံစံ မဟုတ္ဘဲ OPPO R17 ရဲ႕အေရာင္တစ္ခုလိုမ်ဳိး ဖုန္းရဲ႕တစ္ဖက္မွာ အျပာေရာင္ျဖစ္ေနၿပီး ေနာက္တစ္ဖက္မွာ အနီေရာင္ျဖစ္ေနတဲ့ ထူးထူးျခားျခား Gradient ကို ျမင္ေတြ႕ရမွာပါ။

Ref – GSM Arena

[Unicode]

တရုတ်စမတ်ဖုန်း ကုမ္ပဏီတွေဖြစ်တဲ့ Oppo နဲ့ Vivo တို့ဟာ Pop-up Camera ပါတဲ့ စမတ်ဖုန်းတွေကိုပဲ ပိုမိုထုတ်လုပ်သွားမယ်ဆိုတဲ့ အကြောင်းကို စက်ရုံအတွင်းရှိ အတွင်းလူများက ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ အဆိုပါ စမတ်ဖုန်းတွေဟာ Vivo X25 နဲ့ Oppo R19 တို့ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများရှိနေခဲ့ပေမယ့် Vivo NEX လိုမျိူး Periscope Selfie Shooter တပ်ဆင်ထားတဲ့ Vivo V15 Pro ရဲ့ တရားဝင် Teaser ဓာတ်ပုံကတော့ မကြာသေးခင်က ပေါက်ကြားထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။

အခုထပ်မြင်တွေ့လာရတာကတော့ OPPO F11 Pro ဖုန်းရဲ့ တရားဝင်လို့ထင်ရတဲ့ Render ပုံရိပ်ပါပဲ။ ပြီးခဲ့တဲ့အပတ်က Leak ဖြစ်ခဲ့တဲ့ ဒီဇိုင်းကို သက်သေခံလိုက်သလို ဖြစ်နေတဲ့ Render မှာတော့ Pop-up ဆယ်ဖီ ကင်မရာကို အလယ်တည့်တည့်မှာ နေရာချထားတာကို တွေ့ရပါတယ်။

ပိုစတာထဲမှာ 48MP လို့ပါဝင်ပြီး “Brilliant portrait in low light” လို့လည်း ဖော်ပြထားတာကြောင့် OPPO F11 Pro မှာ Samsung ISOCELL GM1 မဟုတ်ရင် Sony IMX586 Sensor တစ်ခုခု ထည့်လာမယ်လို့ ယူဆရတယ်။ နောက်ထပ်ရင်းမြစ်တစ်ခုကတော့ 48MP ကင်မရာဟာ နောက်ဘက်မှာ အဓိက ကင်မရာအဖြစ် ပါဝင်လာမှာဖြစ်ပြီး ဆယ်ဖီကင်မရာကတော့ (Vivo V15 Pro လိုပဲ) 32MP ဖြစ်မယ်လို့ ဆိုလာပါတယ်။

Render ပုံထဲမှာ နောက်ဘက်က Dual-Camera အတွဲကို မြင်ရမှာဖြစ်ပြီး ပုံမှန် Fingerprint တစ်ခုကိုလဲ တွေ့ရမှာပါ။ ကာလာကို ဒေါင်လိုက်အရောင်ပြေးပုံစံ မဟုတ်ဘဲ OPPO R17 ရဲ့အရောင်တစ်ခုလိုမျိုး ဖုန်းရဲ့တစ်ဖက်မှာ အပြာရောင်ဖြစ်နေပြီး နောက်တစ်ဖက်မှာ အနီရောင်ဖြစ်နေတဲ့ ထူးထူးခြားခြား Gradient ကို မြင်တွေ့ရမှာပါ။

Ref – GSM Arena