Zawgyi

SpaceX ရဲ႕ CEO ျဖစ္သူ Elon Musk ဟာ လကမာၻကို သြားမယ့္ Big Falcon Rocket (BFR) ဒုံးပ်ံႀကီးကို ပထမဦးဆုံး စီးနင္းခြင့္ရမယ့္ ခရီးသည္ဟာ Yusaku Maezawa ျဖစ္ေၾကာင္း မေန႔ ညေနတုန္းက ထုတ္ျပန္ေၾကျငာခဲ့တာ ျဖစ္ပါတယ္။ Yusaku Maezawa ဟာ ဂ်ပန္ႏိုင္ငံသား ဘီလ်ံနာ သူေဌးတစ္ဦး ျဖစ္သလို အဝတ္အထည္ေတြကို Online ကေနတစ္ဆင့္ လက္လီ၊ လက္ကား ျဖန္႔ခ်ီေရာင္းခ်တဲ့ ဂ်ပန္ႏိုင္ငံရဲ႕ အႀကီးဆုံး Zozotown အထည္ဆိုင္ႀကီးရဲ႕ ပိုင္ရွင္လို႔ ေျပာမယ္ဆိုရင္လည္း မမွားပါဘူး။

Elon Musk (SpaceX)

အသက္ ၄၂ ႏွစ္ရွိၿပီ ျဖစ္တဲ့ Maezawa ဟာ လက္ရွိအခ်ိန္မွာ ပိုင္ဆိုင္မႈ စုစုေပါင္း ကန္ေဒၚလာ ၂.၉ ဘီလီယံ အထိရွိေၾကာင္း Forbes သတင္းဌာနရဲ႕ ေဖာ္ျပခ်က္မ်ားအရ သိရပါတယ္။ SpaceX ရဲ႕ လကမာၻ ခရီးစဥ္ဟာ လာမယ့္ ၂၀၂၃ခုႏွစ္ အေစာပိုင္းမွာ စတင္ပ်ံသန္း ထြက္ခြာမွာ ျဖစ္ၿပီး Maezawa ကေတာ့ အျခားေသာ ပန္းခ်ီ၊ ပန္းပု အႏုပညာရွင္ေတြကိုလည္း သူနဲ႔အတူလိုက္ပါဖို႔ ဖိတ္ေခၚခ်င္ပါတယ္လို႔ ေျပာၾကားထားပါတယ္။

Yusaku Maezawa

“လကမာၻ ခရီးစဥ္မွာ ကြၽန္ေတာ္နဲ႔အတူ ပ်ံသန္းလိုက္ပါဖို႔အတြက္ ကမာၻအႏွံ႔အျပားက ကြၽမ္းက်င္ အႏုပညာရွင္ ၈ေလာက္ကို ေခၚသြားခ်င္ပါတယ္။ ဘယ္အႏုပညာရွင္ရယ္လို႔ ေသေသခ်ာခ်ာ မစဥ္းစားရေသးေပမယ့္ နယ္ပယ္ အသီးသီးက အႏုပညာရွင္ေတြကို ေခၚသြားျဖစ္မွာပါ။ ဥပမာဗ်ာ…ပန္းခ်ီဆရာ၊ ဂီတပညာရွင္၊ ဗီဒီယို ဒါ႐ိုက္တာနဲ႔ Fashion ဒီဇိုင္နာ စတဲ့ အႏုပညာနယ္ပယ္ အသီးသီးက ကြၽမ္းက်င္ပညာရွင္ေတြကို ကြၽန္ေတာ္နဲ႔အတူ လိုက္ခဲ့ဖို႔ ဖိတ္ၾကားခ်င္ပါတယ္” လို႔ Maezawa က ေျပာၾကားခဲ့ပါတယ္။

Maezawa က အခုလိုမ်ိဴး လမာၻခရီးစဥ္ကို ပထမဦးဆုံး သြားေရာက္လည္ပတ္ႏိုင္ဖို႔အတြက္ အခေၾကးေငြ ဘယ္ေလာက္ေပးခဲ့ရလဲ ဆိုတာကိုေတာ့ ေျပာၾကားသြားျခင္း မရွိပါဘူး။ ဒါေပမယ့္လည္း သူနဲ႔အတူ လိုက္ပါမယ့္ အႏုပညာရွင္ေတြကိုေတာ့ အလကား ေခၚသြားမွာပါလို႔ ေျပာၾကားခဲ့ပါတယ္။

Ref: theverge

Unicode

လကမ္ဘာသို့ ပထမဦးဆုံး ခရီးသွားသူ ဖြစ်လာမယ့် ဂျပန်နိုင်ငံသား Yusaku Maezawa

SpaceX ရဲ့ CEO ဖြစ်သူ Elon Musk ဟာ လကမ္ဘာကို သွားမယ့် Big Falcon Rocket (BFR) ဒုံးပျံကြီးကို ပထမဦးဆုံး စီးနင်းခွင့်ရမယ့် ခရီးသည်ဟာ Yusaku Maezawa ဖြစ်ကြောင်း မနေ့ ညနေတုန်းက ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပါတယ်။ Yusaku Maezawa ဟာ ဂျပန်နိုင်ငံသား ဘီလျံနာ သူဌေးတစ်ဦး ဖြစ်သလို အဝတ်အထည်တွေကို Online ကနေတစ်ဆင့် လက်လီ၊ လက်ကား ဖြန့်ချီရောင်းချတဲ့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး Zozotown အထည်ဆိုင်ကြီးရဲ့ ပိုင်ရှင်လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။

အသက် ၄၂ နှစ်ရှိပြီ ဖြစ်တဲ့ Maezawa ဟာ လက်ရှိအချိန်မှာ ပိုင်ဆိုင်မှု စုစုပေါင်း ကန်ဒေါ်လာ ၂.၉ ဘီလီယံ အထိရှိကြောင်း Forbes သတင်းဌာနရဲ့ ဖော်ပြချက်များအရ သိရပါတယ်။ SpaceX ရဲ့ လကမ္ဘာ ခရီးစဥ်ဟာ လာမယ့် ၂၀၂၃ခုနှစ် အစောပိုင်းမှာ စတင်ပျံသန်း ထွက်ခွာမှာ ဖြစ်ပြီး Maezawa ကတော့ အခြားသော ပန်းချီ၊ ပန်းပု အနုပညာရှင်တွေကိုလည်း သူနဲ့အတူလိုက်ပါဖို့ ဖိတ်ခေါ်ချင်ပါတယ်လို့ ပြောကြားထားပါတယ်။

Yusaku Maezawa

“လကမ္ဘာ ခရီးစဥ်မှာ ကျွန်တော်နဲ့အတူ ပျံသန်းလိုက်ပါဖို့အတွက် ကမ္ဘာအနှံ့အပြားက ကျွမ်းကျင် အနုပညာရှင် ၈လောက်ကို ခေါ်သွားချင်ပါတယ်။ ဘယ်အနုပညာရှင်ရယ်လို့ သေသေချာချာ မစဥ်းစားရသေးပေမယ့် နယ်ပယ် အသီးသီးက အနုပညာရှင်တွေကို ခေါ်သွားဖြစ်မှာပါ။ ဥပမာဗျာ…ပန်းချီဆရာ၊ ဂီတပညာရှင်၊ ဗီဒီယို ဒါရိုက်တာနဲ့ Fashion ဒီဇိုင်နာ စတဲ့ အနုပညာနယ်ပယ် အသီးသီးက ကျွမ်းကျင်ပညာရှင်တွေကို ကျွန်တော်နဲ့အတူ လိုက်ခဲ့ဖို့ ဖိတ်ကြားချင်ပါတယ်” လို့ Maezawa က ပြောကြားခဲ့ပါတယ်။

Maezawa က အခုလိုမျိူး လမ္ဘာခရီးစဥ်ကို ပထမဦးဆုံး သွားရောက်လည်ပတ်နိုင်ဖို့အတွက် အခကြေးငွေ ဘယ်လောက်ပေးခဲ့ရလဲ ဆိုတာကိုတော့ ပြောကြားသွားခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း သူနဲ့အတူ လိုက်ပါမယ့် အနုပညာရှင်တွေကိုတော့ အလကား ခေါ်သွားမှာပါလို့ ပြောကြားခဲ့ပါတယ်။

Ref: theverge