ဖုန်းနဲ့ ဗီဒီယိုရိုက်ကူးတယ်ဆိုတာက ပျော်စရာကောင်းပြီးတော့ ဘယ်လိုအဖြစ်အပျက်ကိုပဲဖြစ်ဖြစ် မှတ်တမ်းတင်ထားနိုင်တဲ့ အကောင်းဆုံး Feature တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တခါတလေ အဲ့ဒီမှတ်တမ်းဗီဒီယိုတွေကို Slow Motion အနေနဲ့ ပြန်ကြည့်ရတာကလည်း တမျိုးဆန်းနေမှာပါ။

အခုအချိန်မှာ အချို့သော နည်းပညာမြင့်ဖုန်းတွေက Slow Motion ဗီဒီယိုတွေကို နဂို ကင်မရာ App မှာပဲ ရိုက်ကူးနိုင်လာပေမယ့် တကယ်လို့ ကိုယ့်ဖုန်းက Slow Motion ရိုက်လို့မရခဲ့ရင်၊ ဒါမှမဟုတ် ရိုက်ပြီးသား ဗီဒီယိုကို Slow Motion ပြန်ပြောင်းချင်ရင် အခုပြောပြသွားမယ့် App ၅ ခုက ကူညီပေးနိုင်မှာပါ။

1. VivaVideo: Free Video Editor

VivaVideo ကိုတော့ ဖုန်းအသုံးပြုသူတွေအကုန်လုံးနီးပါး သိကြမှာပါ။ VivaVideo မှာဆိုရင် Slow Motion Effect အပြင် တခြားသော သုံးရလွယ်ကူတဲ့ Features တွေနဲ့ Functions တွေအများကြီးပါသလို အကုန်လုံးကလည်း နားလည်လွယ်ပြီး Edit လုပ်ရတာကို ပိုပြီးလွယ်ကူစေမှာဖြစ်ပါတယ်။

2. Slow Motion FX

ဒီ Application ကတော့ ဗီဒီယိုတွေကို Slow Motion Effect ထည့်သွင်းဖို့အတွက် သီးသန့် App တစ်ခုဖြစ်ပြီး Slow Motion လုပ်ချင်တဲ့ အရှိန်နှုန်းကို စိတ်ကြိုက်သတ်မှတ်နိုင်သလို လိုသလောက်လည်း ဖြတ်တောက်နိုင်တဲ့အတွက် Slow Motion ဗီဒီယို ပြုလုပ်ချင်တဲ့သူတွေ ဆောင်ထားသင့်တဲ့ App တစ်ခုပဲဖြစ်ပါတယ်။

3. Action Director

အခု App ကတော့ VivaVideo လိုပဲ Features တွေ စုံလင်တဲ့ Video Editor App တစ်ခုဖြစ်ပြီး Action လို့ခေါင်းစဉ်တပ်ထားတဲ့အောက်မှာ Slow Motion Effect ကို ကြိုက်သလောက်ပြင်ဆင်နိုင်သလို ဗီဒီယိုမှာပါဝင်တဲ့ အသံကိုလည်း စိတ်ကြိုက်ပြင်ဆင်နိုင်တာဖြစ်ပါတယ်။

4. Videoshop Video Editor

Videoshop Video Editor ရဲ့ အားသာချက်ကတော့ ကိုယ်ရိုက်ထားတဲ့ဗီဒီယိုတွေတင်မကပဲ ဓါတ်ပုံတွေကိုပါ ဆက်ပေးပြီး Slow Motion Video အနေနဲ့ ပြင်ဆင်ပေးတာဖြစ်ပါတယ်။ အခြားသော Features တွေလည်း အစုံပါတဲ့အတွက် ဆောင်ထားသင့်တဲ့ App တစ်ခုဖြစ်မှာပါ။

5. Slow Motion Frame Video Player

အခု Application ကတော့ ကိုယ်ရိုက်ထားတဲ့ Video တွေကို Edit လုပ်ပစ်တာမျိုးမဟုတ်ပဲ Video Player အနေနဲ့ပဲ Slow Motion အနေနဲ့ ပြသသွားမှာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ရိုက်ထားတဲ့ ဗီဒီယိုကို မပျက်စီးချင်ဘူးဆိုရင် ဒီ App ကလည်း ရွေးချယ်စရာတစ်ခုဖြစ်မှာပါ။