[Zawgyi]

HMD Global ဟာ လာမယ့္ ဒီဇင္ဘာလ ၅ ရက္ေနမွာ ဒူဘိုင္းမွာ Event တစ္ခုကို ျပဳလုပ္မွာ ျဖစ္ပါတယ္။ ဒီ Event မွာေတာ့ Nokia New Model ၃ မ်ိဳးကိုလည္း မိတ္ဆက္ေပးသြားမယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။ အထူးသျဖင့္ Notched Nokia 8.1, ကမာၻ႔ေဈးကြက္အတြက္ Nokia 7.1 Plus နဲ႔ Nokia 2.1 တို႔ပဲ ျဖစ္ပါတယ္။

နာမည္ႀကီးေနတဲ့ထဲမွာ ေက်ာဘက္ကင္မရာ ၅ လုံးနဲ႔ Nokia 9 PureView မပါဝင္ေပမယ့္ ဒီစမတ္ဖုန္းအတြက္ အျပင္ကာဗာခြံ CAD ပုံရိပ္ကေတာ့ ေပၚထြက္လာခဲ့ပါတယ္။ ဒါေၾကာင့္ Nokia 9 PureView ကလည္း ဒူဘိုင္း Event မွာ တစ္ပါတည္း ထြက္ေပၚလာဖို႔ ပိုၿပီးေမွ်ာ္လင့္ခ်င္စရာ ျဖစ္ေနပါေတာ့တယ္။

ထြက္ေပၚလာတဲ့ 3D ပုံရိပ္ေတြဟာ အမွန္တကယ္ ထြက္ေပၚလာမယ့္ ဖုန္းရဲ႕အ႐ြယ္အစား၊ ပုံစံအတိုင္းလို႔ ဆိုႏိုင္ပါတယ္။ ဒီလဆန္းပိုင္းေလာက္က ေပၚထြက္လာတဲ့ Nokia 9 PureView ရဲ႕ CAD render ေတြအေပၚ အေျခခံထားတယ္လို႔လည္း ယူဆရပါတယ္။

ကာဗာခြံဟာ Nokia 9 PuerView ရဲ႕ ေက်ာဘက္ကင္မရာ ၅ လုံးအျပင္ USB ေပါက္၊ Power Key, Volume Rocker စတာေတြအားလုံးအတြက္ ေနရာတက် ျပင္ဆင္ထားတာကို ေတြ႕ရပါတယ္။ ဒီေတာ့ Nokia 9 PureView ကို သိပ္မၾကာခင္အခ်ိန္အေတာအတြင္း တရားဝင္ထုတ္ေဖာ္ျပသေတာ့မယ္လို႔ ယူဆရပါတယ္။

Ref: GSMarena

 

[Unicode]

HMD Global ဟာ လာမယ့် ဒီဇင်ဘာလ ၅ ရက်နေမှာ ဒူဘိုင်းမှာ Event တစ်ခုကို ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီ Event မှာတော့ Nokia New model ၃ မျိုးကိုလည်း မိတ်ဆက်ပေးသွားမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် Notched Nokia 8.1, ကမ္ဘာ့ဈေးကွက်အတွက် Nokia 7.1 Plus နဲ့ Nokia 2.1 တို့ပဲ ဖြစ်ပါတယ်။

နာမည်ကြီးနေတဲ့ထဲမှာ ကျောဘက်ကင်မရာ ၅ လုံးနဲ့ Nokia 9 PureView မပါဝင်ပေမယ့် ဒီစမတ်ဖုန်းအတွက် အပြင်ကာဗာခွံ CAD ပုံရိပ်ကတော့ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါကြောင့် Nokia 9 PureView ကလည်း ဒူဘိုင်း Event မှာ တစ်ပါတည်း ထွက်ပေါ်လာဖို့ ပိုပြီးမျှော်လင့်ချင်စရာ ဖြစ်နေပါတော့တယ်။

ထွက်ပေါ်လာတဲ့ 3D ပုံရိပ်တွေဟာ အမှန်တကယ် ထွက်ပေါ်လာမယ့် ဖုန်းရဲ့အရွယ်အစား၊ ပုံစံအတိုင်းလို့ ဆိုနိုင်ပါတယ်။ ဒီလဆန်းပိုင်းလောက်က ပေါ်ထွက်လာတဲ့ Nokia 9 PureView ရဲ့ CAD render တွေအပေါ် အခြေခံထားတယ်လို့လည်း ယူဆရပါတယ်။

ကာဗာခွံဟာ Nokia 9 PuerView ရဲ့ ကျောဘက်ကင်မရာ ၅ လုံးအပြင် USB ပေါက်၊ Power Key, Volume rocker စတာတွေအားလုံးအတွက် နေရာတကျ ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ ဒီတော့ Nokia 9 PureView ကို သိပ်မကြာခင်အချိန်အတောအတွင်း တရားဝင်ထုတ်ဖော်ပြသတော့မယ်လို့ ယူဆရပါတယ်။

Ref: GSMarena