Fortnite Mobile ကို ထုတ်လုပ်ထားတဲ့ Epic Games ဟာဆိုရင် Fortnite Mobile ကို iOS Version နဲ့ ဒီနှစ် အစောပိုင်းက ဖြန့်ချိခဲ့တာ အတော်လေး အောင်မြင်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် Developer တွေက အဲ့လောက်နဲ့ မတင်းတိမ်နိုင်ကြပါဘူး။ Android Version နဲ့ ထုတ်လုပ်ဖြန့်ချီနိုင်အောင် ကြိုးစားနေပြီး လာမယ့်နွေရာသီမှာ Launch လုပ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

Source: PlayStation.com

Epic Games ကတော့ Android Version ကို Player တွေအတွက် Voice Chat နဲ့ Install Sizes နည်းသွားဖို့ ရှိပါတယ်လို့ ပြောထားပါတယ်။ Voice Chat က Teammates တွေ အချင်းချင်း ပြောလို့ရပြီး Installation Size ကြီးနေတဲ့ ပြဿနာကိုတော့ ပူစရာမလိုတော့ပါဘူး။ ဒါ့အပြင် Battery – Saver Mode ပါလာမှာ ဖြစ်ပြီး Performance အတွက်ကတော့ Graphic Quality ကို ရွေးပြီး ဆော့လို့ရမှာပါ။

Source: EpicGames.com

Battle Royale Game တွေကြိုက်တဲ့ လူတွေကတော့ Fortnite Mobile ကိုကြိုက်ကြမှာပါ။ အခုတော့ Android Version ထွက်ဖို့စောင့်ရင်းနဲ့ တခြားဂိမ်းတွေ ဆော့ထားကြတာပေါ့။ ဆော့ဖြစ်တဲ့ Game လေးတွေအကြောင်း သိချင်တာတွေ ရှိရင်လည်း ဝင်ပြီးမေးရင်းနဲ့ ဆွေးနွေးသွားကြပါဦး။