လက်ရှိအချိန်မှာ Multiplayer ဂိမ်းတွေထဲမှာ Fortnite က အအောင်မြင်ဆုံးသော ဂိမ်းတစ်ခုလို့ပြောလို့ရပါတယ်။ Fortnite ဟာ လောလောဆယ်မှာ PC Version အပြင် Apple iOS မှာပါ ဆော့ကစားနိုင်နေပြီပဲဖြစ်ပါတယ်။

အခုလိုမျိုး Apple iOS အတွက် Fortnite ဂိမ်းထွက်ရှိနေတဲ့အချိန် ရက် ၉၀ ပြည့်သွားတဲ့အချိန်မှာတော့ Fortnite က လက်ရှိ အခြားသော ဂိမ်းတွေကို ကျော်တက်သွားပြီဖြစ်ပါတယ်။

Fortnite က iOS မှာ ထွက်ရှိပြီး ရက် ၉၀ အတွင်းမှာတင် ဒေါ်လာ သန်း ၁၀၀ ရှာနိုင်ခဲ့ပြီးတော့ လက်ရှိ ရက် ၉၀ အတွင်းမှာ ဒုတိယမြောက် ဝင်ငွေအကောင်းဆုံး ဂိမ်းတစ်ခုဖြစ်လာပါတယ်။ ပထမနေရာမှာကတော့ Clash Royale ဂိမ်းက ဒေါ်လာ ၁၅၄ သန်းနဲ့ နံပါတ် ၁ နေရာကို ရရှိထားတုန်းပဲဖြစ်ပါတယ်။

Fortnite ဟာ လက်ရှိအချိန်မှာ အအောင်မြင်ဆုံး ဂိမ်းတစ်ခုဖြစ်နေပြီးတော့ ဒါက Android မှာတောင် မထွက်သေးတဲ့အချိန်မှာတောင် ဒီလောက်ထိအောင်မြင်နေတာပဲဖြစ်ပါတယ်။