စမတ္လက္ပတ္နာရီေတြအတြက္ ထုတ္လုပ္ထားတဲ့ Wear OS အေပၚမွာ ထိပ္တန္း စမတ္ဖုန္း ထုတ္လုပ္ေရး ကုမၸဏီၾကီးေတြ အာရုံသိပ္မက်ၾကေပမယ့္ လက္ပတ္နာရီထုတ္လုပ္သူ Fossil ကေတာ့ Wear OS ကို မ်ဳိးစုံစမ္းသပ္ျပီး ထုတ္လုပ္ေနပါတယ္။ Fossil ရဲ႕ေနာက္ဆုံးေပၚ စမတ္လက္ပတ္နာရီ Fossil Sport ဟာ မၾကာခင္ထြက္လာေတာ့မွာ ျဖစ္ျပီး Qualcomm ရဲ႕ Snapdragon 3100 Chipset အသစ္ကို သုံးစြဲလာမွာပါ။

အခုႏွစ္ထဲမွာ ေစ်းကြက္ထဲေရာက္လာတဲ့ စမတ္နာရီအမ်ားစုမွာေတာင္ Qualcomm ရဲ႕ မိတ္ဆက္လာတာ ႏွစ္ႏွစ္ရွိျပီျဖစ္တဲ့ Snapdragon Wear 2100 ကုိပဲ သုံးစြဲထားျပီး Fossil ရဲ႕ အမွတ္တံဆိပ္ခြဲေတြမွာေတာင္ 2100 ကိုသာ အသုံးျပဳေနဆဲ ျဖစ္ပါတယ္။ ဒါေပမယ့္ Sport နာရီအသစ္ေတြမွာေတာ့ 3100 ခ်စ္ပ္အသစ္ကို အသုံးျပဳထားလုိ႔ ဘကၳရီသက္တမ္းနဲ႔ စြမ္းေဆာင္ရည္ပုိင္းမွာ သိသိသာသာ တုိးတက္လာမွာ ျဖစ္ပါတယ္။

ဒီနာရီအသစ္ရဲ႕ 350 mAh ဘကၳရီအားက တစ္ခါအားသြင္းျပီးရင္ ၂၄ နာရီ ဆက္တုိက္ အသုံးျပဳႏုိင္တယ္ လို႔ Fossil ကဆုိပါတယ္။ ဒါ့အျပင္ အသစ္ပါလာတဲ့ Battery Saver Mode နဲ႔သုံးမယ္ဆုိရင္ ေနာက္ထပ္ႏွစ္ရက္ ထပ္ၾကာၾကာခံမွာပါ။

သူ႕ရဲ႕ 1.2” လက္မအရြယ္ AMOLED Display ရဲ႕ေအာက္မွာေတာ့ Built-in ႏွလုံးခုန္ႏႈန္းတုိင္းဆင္ဆာ၊ GPS နဲ႔ NFC စနစ္တုိ႔ ပါဝင္တယ္။ မ်က္ႏွာျပင္အရြယ္နဲ႔ 390×390 Resolution ကေတာ့ Fossil စမတ္နာရီေတြ အတြက္ ပုံမွန္စံပါပဲ။

ႏုိဝင္ဘာ ၁၂ ရက္ေန႔မွာ စတင္ျဖန္႔ခ်ိေရာင္းခ်မယ့္ Fossil Sport စမတ္နာရီေတြကို စိတ္ဝင္စားတဲ့သူ ေတြဟာ Fossil ဝက္ဘ္ဆုိက္မွာ ေဒၚလာ ၂၅၅ နဲ႔ၾကိဳတင္မွာယူႏုိင္မွာျဖစ္ပါတယ္။ လက္ပတ္ေတြကို မတူညီတဲ့ အေရာင္ေျခာက္မ်ဳိး ၾကိဳက္ရာေရြးခ်ယ္ႏုိင္တယ္။

Ref – Android Authority

Unicode

စမတ်လက်ပတ်နာရီတွေအတွက် ထုတ်လုပ်ထားတဲ့ Wear OS အပေါ်မှာ ထိပ်တန်း စမတ်ဖုန်း ထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေ အာရုံသိပ်မကျကြပေမယ့် လက်ပတ်နာရီထုတ်လုပ်သူ Fossil ကတော့ Wear OS ကို မျိုးစုံစမ်းသပ်ပြီး ထုတ်လုပ်နေပါတယ်။ Fossil ရဲ့နောက်ဆုံးပေါ် စမတ်လက်ပတ်နာရီ Fossil Sport ဟာ မကြာခင်ထွက်လာတော့မှာ ဖြစ်ပြီး Qualcomm ရဲ့ Snapdragon 3100 Chipset အသစ်ကို သုံးစွဲလာမှာပါ။

အခုနှစ်ထဲမှာ ဈေးကွက်ထဲရောက်လာတဲ့ စမတ်နာရီအများစုမှာတောင် Qualcomm ရဲ့ မိတ်ဆက်လာတာ နှစ်နှစ်ရှိပြီဖြစ်တဲ့ Snapdragon Wear 2100 ကိုပဲ သုံးစွဲထားပြီး Fossil ရဲ့ အမှတ်တံဆိပ်ခွဲတွေမှာတောင် 2100 ကိုသာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် Sport နာရီအသစ်တွေမှာတော့ 3100 ချစ်ပ်အသစ်ကို အသုံးပြုထားလို့ ဘက္ထရီသက်တမ်းနဲ့ စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာ တိုးတက်လာမှာ ဖြစ်ပါတယ်။

ဒီနာရီအသစ်ရဲ့ 350 mAh ဘက္ထရီအားက တစ်ခါအားသွင်းပြီးရင် ၂၄ နာရီ ဆက်တိုက် အသုံးပြုနိုင်တယ် လို့ Fossil ကဆိုပါတယ်။ ဒါ့အပြင် အသစ်ပါလာတဲ့ Battery Saver Mode နဲ့သုံးမယ်ဆိုရင် နောက်ထပ်နှစ်ရက် ထပ်ကြာကြာခံမှာပါ။

သူ့ရဲ့ 1.2” လက်မအရွယ် AMOLED Display ရဲ့အောက်မှာတော့ Built-in နှလုံးခုန်နှုန်းတိုင်းဆင်ဆာ၊ GPS နဲ့ NFC စနစ်တို့ ပါဝင်တယ်။ မျက်နှာပြင်အရွယ်နဲ့ 390×390 Resolution ကတော့ Fossil စမတ်နာရီတွေ အတွက် ပုံမှန်စံပါပဲ။

နိုဝင်ဘာ ၁၂ ရက်နေ့မှာ စတင်ဖြန့်ချိရောင်းချမယ့် Fossil Sport စမတ်နာရီတွေကို စိတ်ဝင်စားတဲ့သူ တွေဟာ Fossil ဝက်ဘ်ဆိုက်မှာ ဒေါ်လာ ၂၅၅ နဲ့ကြိုတင်မှာယူနိုင်မှာဖြစ်ပါတယ်။ လက်ပတ်တွေကို မတူညီတဲ့ အရောင်ခြောက်မျိုး ကြိုက်ရာရွေးချယ်နိုင်တယ်။

Ref – Android Authority