Nokia စမတ်ဖုန်းတွေက လက်ရှိအချိန်မှာ Software Update တွေအမြန်ဆုံးသော စမတ်ဖုန်းတွေလို့တောင်ပြောလို့ရပါတယ်။ အခုလိုမျိုး Software Update ပိုင်းမှာ မြန်ဆန်သလိုမျိုးပဲ Nokia ဖုန်းတွေမှာ Hardware ပိုင်းကလည်း အားသာချက်တွေအပြည့်နဲ့ပါ။

အခုအချိန်မှာတော့ Nokia ကနေ လက်ရှိ Nokia ဖုန်းတွေထဲက စမတ်ဖုန်း ၄ မျိုးကို Face Unlock စနစ်ရရှိအောင် ဆောင်ရွက်ပေးသွားတော့မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးပဲ Android P ကိုလည်း လက်ရှိ Nokia စမတ်ဖုန်းတွေရရှိအောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့သေးတာပဲဖြစ်ပါတယ်။

Face Unlock စနစ်ကို ရရှိလာမယ့် Nokia ဖုန်းတွေကတော့ Nokia 8 Sirocco ၊ Nokia 7 Plus ၊ Nokia 8 နဲ့ Nokia 6.1 တို့ပါဝင်မှာဖြစ်ပြီးတော့ လာမယ့် လပိုင်းအတွင်းမှာတင် OTA Update ကနေ ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Nokia ကတော့ လက်ရှိ Android ဖုန်းတွေထဲမှာ Software Update အမြန်ဆုံး စမတ်ဖုန်းတွေဆိုရင်လည်း မမှားပါဘူး။