[Zawgyi]

တရုတ္အေျခစိုက္ စက္ရုံလုပ္ငန္းတစ္ခုျဖစ္တဲ့ Foxconn ဟာ ေအာက္တုိဘာလကေနစၿပီး စုစုေပါင္း အလုပ္သမားဦးေရ ငါးေသာင္းထိ ေလွ်ာ့ခ်ခဲ့ၿပီး ျဖစ္ပါတယ္။ မႏွစ္က ေလွ်ာ့ခ်ခဲ့တဲ့ ပမာဏနဲ႔ အရမ္းမကြာေပမယ့္ ဒီတစ္ခါမွာေတာ့ ခါတုိင္းထက္ အမ်ားႀကီးေစာၿပီး လူေလွ်ာ့ခဲ့ရတာပါ။

အဓိကေလွ်ာ့ခ်ခဲ့တဲ့ အလုပ္သမားအင္အားစုဟာ တရုတ္ႏုိင္ငံရဲ႕ ဟီနန္စီရင္စုအတြင္းက က်န္က်ဳိးမွာရွိတဲ့ စက္ရုံက လုပ္သားေတြျဖစ္ၿပီး အုိင္ဖုန္းထုတ္လုပ္တပ္ဆင္မႈ ျပဳလုပ္တဲ့ အစိတ္အပိုင္းျဖစ္တယ္လို႔ ဆုိပါတယ္။ ဒါဟာ အုိင္ဖုန္းထုတ္လုပ္မႈေတြကို Apple ကေလွ်ာ့ခ်ခဲ့ရတဲ့အတြက္ ျဖစ္လာတဲ့ အက်ဳိးဆက္လုိ႔ ယူဆရမွာပါ။ ပုံမွန္အားျဖင့္ အလုပ္သမားေတြရဲ႕ စာခ်ဳပ္ကို ၾသဂုတ္ကေန ဇန္နဝါရီထိ ခ်ဳပ္ဆုိေလ့ရွိေပမယ့္ ဒီတစ္ခါမွာ Foxconn စက္ရုံက ေသာင္းနဲ႔ခ်ီတဲ့ အလုပ္သမားေတြကို ႏွစ္မကုန္ခင္ ေလွ်ာ့ခ်ခဲ့တာပါ။

Apple ရဲ႕ဒုတိယအႀကီးဆုံး ထုတ္လုပ္တပ္ဆင္ေရး လုပ္ငန္းျဖစ္တဲ့ Pegatron ဟာလည္း အေစာပုိင္းမွာ လုပ္သားအင္အားထပ္မံေလွ်ာ့ခ်ခဲ့ပါေသးတယ္။ Pegatron မွာေတာ့ မူလက အလုပ္သမားအင္အား ႏွစ္သိန္းခန္႔ ရွိခဲ့ရာကေန တစ္သိန္းသာ က်န္ေတာ့တဲ့ထိ တစ္တိတိနဲ႔ ေလွ်ာ့ခ်လာခဲ့တာပါ။

Ref – Nikkei

[Unicode]

တရုတ်အခြေစိုက် စက်ရုံလုပ်ငန်းတစ်ခုဖြစ်တဲ့ Foxconn ဟာ အောက်တိုဘာလကနေစပြီး စုစုပေါင်း အလုပ်သမားဦးရေ ငါးသောင်းထိ လျှော့ချခဲ့ပြီး ဖြစ်ပါတယ်။ မနှစ်က လျှော့ချခဲ့တဲ့ ပမာဏနဲ့ အရမ်းမကွာပေမယ့် ဒီတစ်ခါမှာတော့ ခါတိုင်းထက် အများကြီးစောပြီး လူလျှော့ခဲ့ရတာပါ။

အဓိကလျှော့ချခဲ့တဲ့ အလုပ်သမားအင်အားစုဟာ တရုတ်နိုင်ငံရဲ့ ဟီနန်စီရင်စုအတွင်းက ကျန်ကျိုးမှာရှိတဲ့ စက်ရုံက လုပ်သားတွေဖြစ်ပြီး အိုင်ဖုန်းထုတ်လုပ်တပ်ဆင်မှု ပြုလုပ်တဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ အိုင်ဖုန်းထုတ်လုပ်မှုတွေကို Apple ကလျှော့ချခဲ့ရတဲ့အတွက် ဖြစ်လာတဲ့ အကျိုးဆက်လို့ ယူဆရမှာပါ။ ပုံမှန်အားဖြင့် အလုပ်သမားတွေရဲ့ စာချုပ်ကို သြဂုတ်ကနေ ဇန်နဝါရီထိ ချုပ်ဆိုလေ့ရှိပေမယ့် ဒီတစ်ခါမှာ Foxconn စက်ရုံက သောင်းနဲ့ချီတဲ့ အလုပ်သမားတွေကို နှစ်မကုန်ခင် လျှော့ချခဲ့တာပါ။

Apple ရဲ့ဒုတိယအကြီးဆုံး ထုတ်လုပ်တပ်ဆင်ရေး လုပ်ငန်းဖြစ်တဲ့ Pegatron ဟာလည်း အစောပိုင်းမှာ လုပ်သားအင်အားထပ်မံလျှော့ချခဲ့ပါသေးတယ်။ Pegatron မှာတော့ မူလက အလုပ်သမားအင်အား နှစ်သိန်းခန့် ရှိခဲ့ရာကနေ တစ်သိန်းသာ ကျန်တော့တဲ့ထိ တစ်တိတိနဲ့ လျှော့ချလာခဲ့တာပါ။

Ref – Nikkei