Cameras

မိန်းကလေးတွေ အကြိုက်တွေ့မယ့် Fujifilm Instax Mini 9

July 30, 2017

မိန်းကလေးတွေ အကြိုက်တွေ့မယ့် Fujifilm Instax Mini 9


Share this on:

Instant Camera လေးတွေက ဓာတ်ပုံတွေကို ခုရိုက်ခုယူ ချက်ချင်းထုတ်ပေးနိုင်ပါတယ်။

မိန်းကလေးတွေ အကြိုက်တွေ့မယ့် Fujifilm Instax Mini 9

ချစ်စရာကောင်းတဲ့အသွင်အပြင်လေးတွေနဲ့မို့

ကလေးတွေအတွက်နဲ့ မိန်းကလေးလူငယ်များ ကြားမှာပါ ခေတ်စားလျက်ရှိပါတယ်။

အသစ်ထွက်ရှိထားတဲ့ Fujifilm ရဲ့ Instax Mini 9 လေးကတော့ ချစ်စရာလေးပါ။ အရောင်ကလည်း ရွေးချယ်စရာ များပါတယ်။ အများအားဖြင့် အရောင်ဖျော့လေးတွေနဲ့ လှပစွာ တွေ့ရပါမယ်။ Selfie Mirror ကလည်း ပါသေးတော့ selfie လည်း ဆွဲနိုင်ပါပြီ။

ဈေးလည်း သင့်တော်တယ်လို့ ဆိုရပါမယ်။

Instax Mini 9 ကင်မရာတစ်လုံးကို US$ 93.58 တန်ဖိုးရှိပြီး Matching Strap, Batteries အပိုတစ်စုံ, အနီးကပ်ဖမ်းယူရိုက်ကူးနိုင်တဲ့ Lens ပါ တွဲလျက်ပါမှာဖြစ်ပါတယ်။ တခြား ကင်မရာတွေနဲ့မတူတာက Selfie Lens လည်း ထည့်ပေးထားပါတယ်။

ကိုယ်ထည်တစ်ခုလုံးကို Plastic နဲ့လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တိကျသေသပ်တဲ့ ထုတ်ပိုးမှုလက်ရာကြောင့် ပလတ်စတစ်နဲ့ လုပ်ထားတယ်လို့တောင် ထင်ရမှာ မဟုတ်ပါဘူး။

Film Sheet ကတော့ 62×46cm ရှိတဲ့ ဓာတ်ပုံတွေ ထုတ်ပေးမှာပါ။ Shutter Button နှိပ်ပြီး သိပ်မကြာခင်မှာပဲ လှပတဲ့ပုံလေးတွေ ထွက်လာပါလိမ့်မယ်။ ဒါပေမယ့် လုံးဝပြီးပြည့်စုံတဲ့ ပုံရဖို့ကတော့ နှစ်မိနစ်ခန့် စောင့်ရပါမယ်။ တခြား Polaroids တွေလိုပဲ ဓာတ်ပုံပေါ်မှာ မိမိနှစ်သက်တဲ့ Frame ကို စာတွေပုံတွေနဲ့ အလှဆင်နိုင်ပါသေးတယ်။

Shutter Speed က ၁စက္ကန့်ရဲ့ ခြောက်ဆယ်ပုံ တစ်ပုံနှုန်း အမြန်ရိုက်နိုင်ပါတယ်။ Aperture က f/12.7 ကနေ f/32 ထိ ညှိလို့ရပါတယ်။ အလင်းရောင် ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ Flash ထည့်ပေးပါတယ်။

Close up ပုံတွေအတွက် အသင့်တော်ဆုံး ကင်မရာဖြစ်ပြီး နည်းနည်းဝေးတဲ့ ပုံတွေအတွက်ကတော့ Resolution သိပ်မကောင်းပါဘူး။

သူ့ရဲ့အားသာချက်တွေကတော့ သေသပ်လှပတဲ့ တည်ဆောက်မှုရှိပြီး သုံးရတာ အလွန်လွယ်ကူပါတယ်။ ဓာတ်ပုံတွေကို အချိန်တိုတွင်းမှာ ထုတ်ပေးနိုင်ပါတယ်။

Selfie Lens ပါလို့ အလှပုံလေးတွေ ကိုယ်တိုင်ရိုက်ကူးနိုင်ပါတယ်။

ဒါပေမယ့် ဓာတ်ပုံတစ်ပုံချင်း ပြန်တွက်ကြည့်ရင် သိပ်တော့ တွက်ခြေမကိုက်လှပါဘူး။

တချို့ပုံတွေအတွက်က သိပ်ကြည်လင်ပြတ်သားမှု မရှိပါဘူး။

Exposure တိကျမှုအားနည်းပါတယ်။

User တွေဆီက စစ်တမ်းကောက်ချက် Rating ကတော့

Design – 4 stars

Image quality – 3 Stars

Performance – 3 Stars

Value for Money – 3 Stars

Overall – 3 Stars ပေးထားပါတယ်။

Review

User Rating

2.7 (3 Votes)
error: Alert: Copyright © 2018. MyTech Myanmar