Fujifilm ရဲ့ Instax Camera တွေက အခုရိုက်လိုက်တာနဲ့ အခုချက်ချင်း ဓါတ်ပုံထွက်လာတဲ့ ချစ်စရာကင်မရာလေးတွေပါ။ ဒါပေမယ့် Fuji ကနေ လက်ရှိအချိန်အထိ ထုတ်လုပ်နေတဲ့ Instax Camera တွေထဲမှာမှ ပထမဆုံး Square Format Instax Camera တစ်ခုဖြစ်တဲ့ Instax Square SQ6 ကို အခု စတင်ရောင်းချနေပြီပဲဖြစ်ပါတယ်။

အခု Fujifilm Instax Square SQ6 ရဲ့ ထူးခြားချက်ကတော့ သာမန် 3:2 ဓါတ်ပုံတွေအခြား ၂.၄ လက်မပတ်လည် 1:1 စတုရန်း ဓါတ်ပုံတွေကို ရိုက်ပြီး ချက်ချင်းထုတ်ပေးနိုင်တာပဲဖြစ်ပါတယ်။ Analog Camera အမျိုးအစားဖြစ်ပေမယ့် အလင်းအရောင်တွေကို အလိုအလျောက် ချိန်ညှိနိုင်တဲ့ Auto-exposure Control လည်း ပါဝင်ဦးမှာပါ။

ဒါတင်မကသေးပဲ Orange ၊ Purple နဲ့ Green စတဲ့ Filter ၃ ခုပါဝင်သလို ကိုယ့်ပုံကို Selfie ရိုက်ချင်တဲ့သူတွေအတွက်လည်း Selfie Mode ပါဝင်ဦးမှာပါ။ ဒါ့အပြင် Landscape Mode ၊ Macro Mode တွေလည်း ပါဝင်တဲ့အတွက် ဒီ Instax Camera လေးက သေးငယ်ပေမယ့် စွမ်းဆောင်ရည်မြင့်တယ်လို့ ပြောလို့ရပါတယ်။

Fujifilm Instax Square SQ6 ကင်မရာကို အဖြူရောင်၊ ရွှေရောင် နဲ့ မီးခိုးရောင်ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၃၀ သာရှိတဲ့အတွက် ကိုယ်ချစ်တဲ့သူတွေကို လက်ဆောင်ပေးလို့ အကောင်းဆုံးကင်မရာလေးဖြစ်လာမှာပါ။