[Zawgyi]

Vivo ကေန စလိုက္တဲ့ In-Display Fingerprint Scanner က ခုခ်ိန္ဆို Flagship ဖုနး္ေတြတင္မကဘဲ Mid-Range ဖုန္းေတြမွာပါ သံုးႏုိင္ဖို႔ တျဖည္းျဖည္း ၾကိဳးစားလာၾကပါျပီ။ OnePlus 6T, Mi 8 EE, Mate 20 Pro တို႔လို Flagship Level ေတြတင္မကဘဲ Vivo V11 တို႔လို Mid-Range Level ဖုန္းေတြမွာပါ ေတြ႔လာရပါျပီ။

အစက Samsung ကေတာ့ In-Display Fingerprint Scanner ကို မသံုးေလာက္ဘူးလို႔ ထင္ထားခဲ့ေပမယ့္ Slash Gear Source က ရတဲ့ သတင္းအတုိင္းဆုိ Samsung ရဲ႕ A Series ထဲမွာ အသစ္ထြက္လာမယ့္ Galaxy A10 ဖုန္းမွာ Under-Display Fingerprint Scanner (UDFS) သံုးေတာ့မယ္လို႔ သိရပါတယ္။

စမတ္ဖုန္းေစ်းကြက္မွာ ထိပ္ဆံုးမွာ ရိွေနတဲ့ Apple ကို အမီလိုက္ႏုိင္ဖို႔နဲ႔ ေနာက္ကလုိက္လာတဲ့ Huawei ထက္လည္း ေနာက္ေကာက္မက်န္ခဲ့ရေအာင္ ဆန္းသစ္မႈ တစ္ခုခုေတာ့ လုပ္ရမယ္လို႔ ေတြးလိုက္ပံုရပါတယ္။ In-Display Fingerprint Scanner ဆုိတာ ခုမွ အသစ္အဆန္းေတာ့ မဟုတ္ေပမယ့္ Samsung အတြက္ေတာ့ ခုမွ ပထမဆံုးစသံုးမွာပါ။

သတိထားၾကည့္မိမယ္ဆိုရင္ Samsung က သူ႔ရဲ႕ A Series ေတြမွာ ရိွသမွ်ဖုန္းေတြနဲ႔ မတူကြဲထြက္ေအာင္ တစ္ခုခုလုပ္ေနက်ပါ။ Galaxy A8s တုန္းကလည္း ထိပ္ဖက္ ကင္မရာအေပါက္ေလးနဲ႔ ထြက္ခဲ့ျပီး A9 တုန္းကလည္း ဘယ္သူမွ မသံုးဖူးတဲ့ ေနာက္ေက်ာဘက္ ကင္မရာ ၄လံုးကို ပထမဆံုး စသံုးလိုက္တာပါ။

ဒါေပမယ့္ In-Display Fingerprint နည္းပညာက အသစ္အဆန္းမဟုတ္ေတာ့တဲ့အခ်ိန္မွာ Samsung အေနနဲ႔ သူမ်ားနဲ႔မတူတဲ့ နည္းပညာကို A10 မွာ ထုတ္သံုးဦးမွာပါ။ အခုလည္း လာမယ့္ CES 2019 ပြဲမွာ သူ႔ရဲ႕ Screen နည္းပညာသစ္ျဖစ္တဲ့ Sound on Display (SoD) နည္းပညာကို မိတ္ဆက္လာဦးမွာျဖစ္ပါတယ္။

ခုတစ္ခါတည္း Sound On Display (SoD) နည္းပညာအေၾကာင္းကို ေျပာျပလိုက္ခ်င္ပါတယ္။ စမတ္ဖုနး္ေတြက တျဖည္းျဖည္း Bezel ေတြေပ်ာက္ေအာင္ လုပ္လာၾကခ်ိန္မွာ နည္းပညာအသစ္အသစ္ေတြ ေပၚလာပါတယ္။ ဒီ SoD နည္းပညာကလည္း ဖုန္းမွာ Speaker ရဲ႕ ေနရာကို ဖယ္ထုတ္လို႔ရေအာင္ အစားထိုးလို႔ရမယ့္ နညး္ပညာပါ။ Speaker အစား ဖုန္းရဲ႕ Screen ကေန အသံထြက္လာေအာင္ လုပ္ထားတဲ့နည္းပညာျဖစ္ေပမယ့္ သူလည္း ခုမွ အသစ္အဆန္းေတာ့ မဟုတ္ပါဘူး။

လြန္ခဲ့တဲ့ ၃ႏွစ္ေလာက္ကလည္း Bezel ေတြကို တတ္ႏုိင္သေလာက္ ေလွ်ာ့ခ်ဖို႔ MiMix ေတြရဲ႕ Earpiece Speaker မွာ Piezoelectrice  Vibrator ေတြု သံုးျပီး တုန္ခါျခင္းအားျဖင့္ အသံထုတ္ေပးႏုိင္တဲ့ နည္းပညာကို သံုးခဲ့ဖူးျပီးသားပါ။

ခု SoD ကလည္း အဲဒီနည္းပညာနဲ႔ ခပ္ဆင္ဆင္ပါပဲ။ ဒီနည္းပညာနဲ႔သာဆို ေနာင္လာမယ့္ ႏွစ္ေတြအတြင္းမွာ ေဘးေဘာင္လံုးဝမရိွတဲ့ ဖုန္းမ်ိဳး ျမင္ရေကာင္းျမင္ရႏုိင္ပါတယ္။ Samsung အေနနဲ႔ S Series ဖုန္းအသစ္ေတြမွာ စမိတ္ဆက္လာႏုိင္ေခ် ရိွေပမယ့္လည္း Galaxy A Series မွာ စမ္းျပီးစသံုးလုိက္မယ္ဆိုရင္ေတာ့ လာမယ့္ Galaxy A10 ေတြမွာ ထူးထူးျခားျခား နည္းပညာအေျပာင္းအလဲေလးေတြကို ျမင္ေတြ႔ရဦးမွာပါ။

Ref: Dignited, TechRadar

[Unicode]

Vivo ကနေ စလိုက်တဲ့ In-Display Fingerprint Scanner က ခုချိန်ဆို Flagship ဖုန်းတွေတင်မကဘဲ Mid-Range ဖုန်းတွေမှာပါ သုံးနိုင်ဖို့ တဖြည်းဖြည်း ကြိုးစားလာကြပါပြီ။ OnePlus 6T, Mi 8 EE, Mate 20 Pro တို့လို Flagship Level တွေတင်မကဘဲ Vivo V11 တို့လို Mid-Range Level ဖုန်းတွေမှာပါ တွေ့လာရပါပြီ။

အစက Samsung ကတော့ In-Display Fingerprint Scanner ကို မသုံးလောက်ဘူးလို့ ထင်ထားခဲ့ပေမယ့် Slash Gear Source က ရတဲ့ သတင်းအတိုင်းဆို Samsung ရဲ့ A Series ထဲမှာ အသစ်ထွက်လာမယ့် Galaxy A10 ဖုန်းမှာ Under-Display Fingerprint Scanner (UDFS) သုံးတော့မယ်လို့ သိရပါတယ်။

စမတ်ဖုန်းဈေးကွက်မှာ ထိပ်ဆုံးမှာ ရှိနေတဲ့ Apple ကို အမီလိုက်နိုင်ဖို့နဲ့ နောက်ကလိုက်လာတဲ့ Huawei ထက်လည်း နောက်ကောက်မကျန်ခဲ့ရအောင် ဆန်းသစ်မှု တစ်ခုခုတော့ လုပ်ရမယ်လို့ တွေးလိုက်ပုံရပါတယ်။ In-Display Fingerprint Scanner ဆိုတာ ခုမှ အသစ်အဆန်းတော့ မဟုတ်ပေမယ့် Samsung အတွက်တော့ ခုမှ ပထမဆုံးစသုံးမှာပါ။

သတိထားကြည့်မိမယ်ဆိုရင် Samsung က သူ့ရဲ့ A Series တွေမှာ ရှိသမျှဖုန်းတွေနဲ့ မတူကွဲထွက်အောင် တစ်ခုခုလုပ်နေကျပါ။ Galaxy A8s တုန်းကလည်း ထိပ်ဖက် ကင်မရာအပေါက်လေးနဲ့ ထွက်ခဲ့ပြီး A9 တုန်းကလည်း ဘယ်သူမှ မသုံးဖူးတဲ့ နောက်ကျောဘက် ကင်မရာ ၄လုံးကို ပထမဆုံး စသုံးလိုက်တာပါ။

ဒါပေမယ့် In-Display Fingerprint နည်းပညာက အသစ်အဆန်းမဟုတ်တော့တဲ့အချိန်မှာ Samsung အနေနဲ့ သူများနဲ့မတူတဲ့ နည်းပညာကို A10 မှာ ထုတ်သုံးဦးမှာပါ။ အခုလည်း လာမယ့် CES 2019 ပွဲမှာ သူ့ရဲ့ Screen နည်းပညာသစ်ဖြစ်တဲ့ Sound on Display (SoD) နည်းပညာကို မိတ်ဆက်လာဦးမှာဖြစ်ပါတယ်။

ခုတစ်ခါတည်း Sound On Display (SoD) နည်းပညာအကြောင်းကို ပြောပြလိုက်ချင်ပါတယ်။ စမတ်ဖုန်းတွေက တဖြည်းဖြည်း Bezel တွေပျောက်အောင် လုပ်လာကြချိန်မှာ နည်းပညာအသစ်အသစ်တွေ ပေါ်လာပါတယ်။ ဒီ SoD နည်းပညာကလည်း ဖုန်းမှာ Speaker ရဲ့ နေရာကို ဖယ်ထုတ်လို့ရအောင် အစားထိုးလို့ရမယ့် နည်းပညာပါ။ Speaker အစား ဖုန်းရဲ့ Screen ကနေ အသံထွက်လာအောင် လုပ်ထားတဲ့နည်းပညာဖြစ်ပေမယ့် သူလည်း ခုမှ အသစ်အဆန်းတော့ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ ၃နှစ်လောက်ကလည်း Bezel တွေကို တတ်နိုင်သလောက် လျှော့ချဖို့ MiMix တွေရဲ့ Earpiece Speaker မှာ Piezoelectrice  Vibrator တွေု သုံးပြီး တုန်ခါခြင်းအားဖြင့် အသံထုတ်ပေးနိုင်တဲ့ နည်းပညာကို သုံးခဲ့ဖူးပြီးသားပါ။

ခု SoD ကလည်း အဲဒီနည်းပညာနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒီနည်းပညာနဲ့သာဆို နောင်လာမယ့် နှစ်တွေအတွင်းမှာ ဘေးဘောင်လုံးဝမရှိတဲ့ ဖုန်းမျိုး မြင်ရကောင်းမြင်ရနိုင်ပါတယ်။ Samsung အနေနဲ့ S Series ဖုန်းအသစ်တွေမှာ စမိတ်ဆက်လာနိုင်ချေ ရှိပေမယ့်လည်း Galaxy A Series မှာ စမ်းပြီးစသုံးလိုက်မယ်ဆိုရင်တော့ လာမယ့် Galaxy A10 တွေမှာ ထူးထူးခြားခြား နည်းပညာအပြောင်းအလဲလေးတွေကို မြင်တွေ့ရဦးမှာပါ။

Ref: Dignited, TechRadar