Zawgyi Font Version
Ref: Gizchina
Unicode Version
အိန္ဒိယ Smartphone ဈေးကွက်ဟာ ကမ္ဘာပေါ်မှာ ဒုတိယ အကြီးဆုံး Smartphone ဈေးကွက်ဖြစ်ပြီး အကျိုးအမြတ်အရမ်းရကာ ပြိုင်ဆိုုင်မှုအရမ်းများတဲ့ ဈေးကွက်တစ်ခုဖြစ်ပါတယ်။ Xiaomi, Oppo, Vivo အစရှိတဲ့ တရုတ် Smartphone ထုတ်လုပ်သူတွေအဓိက အာရုံစိုက်နေတဲ့ ဈေးကွက်တစ်ခုဖြစ်ပါတယ်။ အဲ့ဒီ အချက်ကြောင့်ပဲ ကမ္ဘာ့ထိပ်တန်း Smartphone ထုတ်လုပ်သူဖြစ်တဲ့ Samsung အတွက် အဆိုပါ အိန္ဒိယ Smartphone ဈေးကွက်မှာ တော်တော်ကို ရုန်းကန်နေရပါတယ်။
Galaxy A8 Star, Galaxy J6+ နဲ့ J4+ လို Mid Range, Budget Smartphone တွေကို စတင်မိတ်ဆက်ရောင်းချလို့အပြီးမှာတော့ အိန္ဒိယ Smartphone ဈေးကွက်ကို Galaxy A7 (2018) ဆိုတဲ့ Higher Mid Range Smartphone တစ်လုံးကို မနက်ဖန် Flipkart Online Store မှာ စတင်ရောင်းချတော့မှာပါ။ Teaser တွေနဲ့ တစ်ခြား သတင်းအချက်အလက်တွေအရ Galaxy A7 (2018) ကို 2.2GHz အမြန်နှုန်းရှိတဲ့ Exynos 7 Octa-core Processor ကို RAM 4GB/6 GB နဲ့ အသီးသီး အားဖြည့်ထားပါတယ်။ 1080 x 2220p Resolution ရှိတဲ့ ခြောက်လက်မအရွယ် Super AMOLED Display ကိုအသုံးပြုပေးထားပြီး မျက်နှာပြင်အချိုးအစားကတော့ Samsung ရဲ့ နာမည်ကြီး Infinity Display အချိုးအစားနဲ့ဖြစ်ပါတယ်။
Camera ပိုင်းမှာတော့ Triple Cameras Set up လို့ခေါ်တဲ့ Camera သုံးလုံးကိုထည့်သွင်းပေးထားပါတယ်။ 24MP ရှိတဲ့ RGB Sensor ရယ်၊ 8MP ရှိတဲ့ Ultra Wide Lens နဲ့ 5MP Depth Sensor တို့ပါဝင်လို့ Camera ပိုင်းတော်တော်ကောင်းမယ့် ဖုန်းတစ်လုံးလို့ယူဆနိုင်ပါတယ်။ အရှေ့ဘက် Selfie Camera ကလည်း 24MP ရှိပြီး Face Unlock စနစ်ကိုထောက်ပံ့ပေးမှာပါ။
Operating System အနေနဲ့ကတော့ Android 8.0 Oreo ကိုပြုပြင်ထားတဲ့ Samsung Experience 9.0 ကိုအသုံးပြုထားပါတယ်။ Battery ပမာဏ 3,300mAh ပါဝင်ပြီး Samsung ရဲ့ ကိုယ်ပိုင် Adaptive Fast Charging စနစ်အထောက်အပံ့ပါပြီး USB Type B ကိုပဲအသုံးပြုပေးထားပါတယ်။
Ref: Gizchina